6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇူလိုင် ၁၀ ၊ ၂၀၁၄
M-Media

image_11– နိုင်ငံတကာ ကုရ်အာန်ကျမ်းတော်မြတ် ရွတ်ဖတ် သရဇ္ဈာယ်မှုပြိုင်ပွဲ အတွက်ုရှားကိုယ်စားပြု ပထမအဆင့် လူရွေးချယ်ပွဲကို ရုရှားနိုင်ငံ မော်စကိုမြို့တွင် ကျင်းပပြုလုပ် ခဲ့ပြီးဖြစ်သည်ဟု သိရသည်။

“ရမ်ဇာန် အရိပ်” အဖွဲ့မှ စီစဉ်အသည့် အဆိုပါ ပြိုင်ပွဲကို Poklonnaya တောင်ကုန်းရှိ “အောက်မေ့ဖွယ်” ဗလီဝတ်ကျောင်းတော်တွင် ကျင်းပပြုလုပ် ခဲ့ခြင်းဖြစ်သည်။ ထိုပြိုင်ပွဲအား လွန်ခဲ့သည့် ၁၅ နှစ်ကတည်းက နှစ်စဉ် ကျင်းပလာခဲ့ခြင်းဖြစ်သည်။

လူရွေးချယ်ပွဲ ပထမ အဆင့်ပြိုင်ပွဲတွင် ကဏ္ဍနှစ်ခု ထည့်သွင်းထားပြီး ရုရှားနိုင်ငံတစ်ဝှမ်းမှ ပြိုင်ပွဲဝင် ၁၈ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ထိုကဏ္ဍနှစ်ခုမှာ “Tilawah” (ကုန်အာန် ကျမ်းတော်မြတ်အား ဌာန်ကရိုင်း ကျကျ သာယာနာပျော်ဖွယ် ဖတ်ရွတ်ခြင်း) နှင့် “Hifz”  (ကုရ်အာန် ကျမ်းတော်မြတ်အား အာဂုံဆောင်နိုင်မှု) တို့ဖြစ်ကြသည်။

ထိုပြိုင်ပွဲတွင် ဒိုင်လူကြီးများအဖြစ် ပန်ဇာဒေသ အစ္စလာမ့်ရေးရာ စီမံခန့်ခွဲရေးအဖွဲ့ ဥက္ကဌ အစ္စလာမ် ဒက်ရှင်၊ RIU ကုန်အာန်ကျမ်းတော်မြတ် အာဂုံဆောင်နိုင်မှုစင်တာမှ ဒါရိုက်တာ အီဗရာဟင်မ် ဆာဘီရော့ဗ်နှင့် အီဂျစ်နိုင်ငံမှ ဧည့်သည်တော် ရှိခ်အလီတို့က တာဝန်ယူ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ကဏ္ဍနှစ်ခုမှ ပထမ၊ ဒုတိယ၊ တတိယ ရရှိသူ သုံးဦးအား ရွေးချယ်ခဲ့ပြီး ၎င်းတို့မှာ ရုရှားနိုင်ငံအား ကိုယ်စားပြုကာ လာမည့် စက်တင်ဘာ ၂၀ ရက်နေ့ မော်စကိုတွင် ကျင်းပပြုလုပ်မည့် “၁၅ ကြိမ်မြောက် နိုင်ငံတကာ ကုရ်အာန်ကျမ်းတော်မြတ် ရွတ်တ်သရဇ္ဈာယ်မှုပြိုင်ပွဲတွင် ပါဝင်ခွင့်ရမည်ဖြစ်သည်။

ယခု ပထမအဆင့်လူရွေးချယ်ပွဲတွင် ပါဝင်ရှင်ပြိုင်ခဲ့ကြသူများအား အသိအမှတ်ပြု လက်မှတ်နှင့် လက်ဆောင်ပစ္စည်းများကို ပေးအပ်ခဲ့ကြသည်။

Islam.ru

Leave a Reply