News @ M-Media

လေယာဉ် ပျက်ကျသည့် ကိစ္စ မလေး နိုင်ငံခြားေ၇း ဝန်ကြီးနှင့် အဖွဲ့ ယူကရိန်းသွားမည်။

ဇူလိုင် ၂၀ ၊ ၂၀၁၄
M-Media
malaysiacrash08_2978618b
– စနေနေ့ နံနက်ပိုင်းက ယူကရိန်းပိုင်နက်အတွင်း ပျက်ကျသွားခဲ့သည့် မလေရှားခရီးသည်တင် လေယာဉ်ကိစ္စနှင့်ပတ်သက်၍ မလေးရှား နိုင်ငံခြားရေးဝန်ကြီး အန်နီဖာ အေမန် ဦးဆောင်သည့် အစိုးရအဖွဲ့မှာ ယူကရိန်းသို့ ယနေ့ညတွင် သွားရောက်မည်ဟု သိရသည်။

အဆိုပါ ဘိုးအင်း ၇၇၇ လေယာဉ်မှာ ယူကရိန်း-ရုရှားနယ်ကြား ကီလိုမီတာ ၅၀ အကွာတွင် မြေပစ်မှ ဝေဟစ်ပစ်ဒုံးကျည်ဖြင့် ပစ်ချခံခဲ့ရသည်ဟု ယုံကြည်ရပြီး လေယာဉ်အမှုထမ်းနှင့် ခရီးသည် စုစုပေါင်း ၂၉၈ ဦးစလုံးမှာ သေဆုံးခဲ့သည်။

အန်နီဖာမှာ ယူကရိန်းသမ္မတ၊ ဒုတိယသမ္မတနှင့် နိုင်ငံခြားရေးဝန်ကြီးတို့နှင့် တွေ့ဆုံကာ လေယာဉ်ပျက်ကျခဲ့ရသည့် အကြောင်းနှင့်ပတ်သက်၍ ဆွေးနွေးသွားမည်ဟု အစိုးရမှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

အဆိုပါ ပျက်ကျမှုအတွက် စုံစမ်းစစ်ဆေးမှုကို နိုင်ငံတကာ အရပ်ဘက်လေကြောင်း အဖွဲ့ ICAO မှ ဦးဆောင်ပြုလုပ်သွားရန် ရုရှားနှင့် အမေရိကန်တို့က စနေနေ့တွင် သဘောတူထားခဲ့ပြီး မလေးရှား ပို့ဆောင်ရေးဝန်ကြီး ဒါတွတ်စရီ လီယို တီယွန်လိုင်းမှာလည်း ယူကရိန်းသို့ စနေနေ့က ထွက်ခွာသွားခဲ့ပြီဖြစ်သည်။

ရုရှားလိုလားသူ ခွဲထွက်ရေးသမားများကမူ ၎င်းတို့မှာ လေယာဉ်ပျက်ကျခဲ့သည့်နေရာမှ အလောင်း ၁၉၆ လောင်းအား သယ်ယူကာ ရထားပေါ်သို့ ရွှေ့ပြောင်းထားပြီး ပျက်ကြသည့် နေရာတွင် မည်သည့်အလောင်းမှမရှိတော့ဟု ပြောကြားခဲ့သည်။

ဆင်ဟွာ

Comments

Leave a Reply