6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇူလိုင် ၂၁ ၊ ၂၀၁၄
M-Media
.ဆောင်းပါးရှင် – မောင်သမာဓိ
Report of Home affair Ministry
စာရှုသူ အနေဖြင့် ပထမဦးစွာ ယနေ့ (၂၀ ဇူလိုင်၂၀၁၄) ထုတ် သတင်းစာများတွင် ဖေါ်ပြ ပါရှိသော ပြည်ထဲရေး ဝန်ကြီးဌာန၏ မန္တလေး ပဋိပက္ခ ဖြစ်စဉ်အမှန်၊ အများ ပြည်သူသို့ သတင်းထုတ်ပြန်ချက်ကို ဦးစွာ ပထမ ဖတ်ရှုပြီးမှ ယခုသုံးသပ်ချက်ကို ဖတ်စေချင်ပါသည်။

ပြည်ထဲရေး ဝန်ကြီးဌာန သတင်းထုတ်ပြန်ချက် ဒီနေရာတွင်ဖတ်ပါ။

(၁) ဘဝတွင် တစ်ခါမျှ မဆုံခဲ့ဘူးသော အမျိုးသားနှင့် အမျိုးသမီး မုဒိမ်းမှုဖြစ်ပွား။

ဆန်းကဖီးတွင် မည်သည့်အခါကမှ အလုပ်လုပ်ကိုင်ခဲ့ဘူးခြင်း မရှိသော မစိုးစိုး (ခ) ဖြူဖြူမင်း (ခ) ကတုံးမ (၃၀) နှစ် ဆိုသူက ဆန်းကဖီး ပိုင်ရှင် ညီအစ်ကို နှစ်ဦးသည် ၎င်းအား အဓမ္မ သားမယားပြုကျင့် ပါ သည်ဟု ပျဉ်းမနား ရဲစခန်းတွင် အောင်မြင်စွာ အမှုဖွင့်နိုင်ခဲ့သည့် ဖြစ်စဉ်သည် ပျဉ်းမနား ရဲဌာနနှင့် စခန်းမှူး အား ပြည်သူလူထုကို ဥပဒေဖြင့် အကာအကွယ် ပေးနိုင်မှု အလွန်အားနည်းကြောင်း ထုတ်ဖေါ်ပြောဆိုသကဲ့သို့ ဖြစ်စေပါသည်။

ဖြူဖြူမင်း (ခ) ကတုံးမ သည် မစိုးစိုး အမည်ခံ၍ ပျဉ်းမနား ရဲစခန်းတွင် အမှုဖွင့်ရာ မှတ်ပုံတင် တောင်း ကြည့်လိုက်ရုံမျှနှင့် မိနိုင်သော လီဆယ်မှုကို ပျဉ်းမနား အမှုစစ် အရာရှိ အငိုက်မိသွားသည်မှာ အလွန် ရှက်စရာ ကောင်းပါသည်။

(၂) ဂေါ့ဖါးသား တစ်ဦးကဲ့သို့ အစွမ်းထက်သော ဟာဂျီထွန်းထွန်း။

ကြက်ခြံအလုပ်သမ မကေသီခိုင် (ခ) ချယ်ရီသိန်းကို သားမယားပြုကျင့်မှုဖြင့် စစ်ကိုင်းမြို့မရဲစခန်း၊ (ပ) ၂၈၁/၂၀၁၄၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၇၆ အရ ၁၇-၅-၂၀၁၄ ရက်နေ့တွင် အရေးယူခံထားရသော ဟာဂျီ ထွန်းထွန်း ဆိုသူသည် မစိုးစိုး (ခ) ဖြူဖြူမင်း (ခ) ကတုံးမမှ ဆန်းကဖီး ညီအစ်ကို နှစ်ဦးကို ပျဉ်းမနား ရဲစခန်း တွင် ၂၉-၆-၂၀၁၄ ရက်နေ့၌ မုဒိမ်းမှု လီဆယ် ဖွင့်နိုင်အောင် ကြားလူများဖြစ်သော ရဲထွဋ်နှင့် နုနုမြတ်တို့ အကူအညီဖြင့် ဆောင်ရွက်နိုင်ခဲ့သည်ဟု ဆိုရာ တကယ်ကျူးလွန်ခဲ့သည့် မုဒိမ်းမှုကြောင့် မည်သို့မျှ အာမခံ မရနိုင်သော (non-bailable)အမှု တရားခံ ဟာဂျီထွန်းထွန်းသည် အချုပ်၊ အနှောင် အတွင်းမှ စီစဉ်ခြင်းဖြစ်ရာ ဂေါ့ဖါးသား တစ်ဦးသဖွယ် ဖြစ်နေသောကြောင့် အချုပ်နှင့် အကျဉ်းထောင်တို့တွင် လုံခြုံရေး အားနည်းနေ ကြောင်း ထုတ်ဖေါ်ပြောရာ ကျသဖြင့် ပြည်ထဲရေး ဝန်ကြီးဌာနကိုသာ သိက္ခာကျဆင်းစေပါသည်။

ဤနေရာတွင် မှိတ်ကွက် တစ်ခုမှာ ဟာဂျီထွန်းထွန်းသည် ရမာန်နှင့် တရားရင်ဆိုင်ဆဲ သို့မဟုတ် တရားရုံးမှ စီရင်ချက်ချပြီး၊ မပြီး ရှင်းလင်းစွာ ဖေါ်ပြမထားဘဲ ပုဒ်မ ၃၇၆ အရ အရေးယူခံရသည်ဟုသာ ဖေါ်ပြထားပါသည်။

ထို အဓိက ဇာတ်ကောင် ဟာဂျီထွန်းထွန်းဆိုသူ အမှန်တစ်ကယ်ရှိ၊ မရှိနှင့် ရှိပါက ဖြစ်ရပ်မှန် ဟုတ်၊ မဟုတ် CJ များမှ တစ်ချိန်ချိန်တွင် ဟာဂျီထွန်းထွန်းကို ရှာဖွေ၊ တွေ့ဆုံမေးမြန်း ဖေါ်ထုတ်နိုင်ပါသည်။

(၃) ဖြူဖြူမင်း (ခ) ကတုံးမကို ပျဉ်းမနား ဆရာဝန်၏ ဆေးစစ်သည့် ရက်စွဲအား ဖျောက်ထားသည်။

ရက်ကြာလျှင် ပြင်ပဒဏ်ရာများ ပျောက်ကွယ် သွားနိုင်သောကြောင့် မုဒိမ်းမှု မှန်သမျှ အမျိုးသမီးကို ပြုကျင့်ခံရသော ပြင်ပ ဒဏ်ရာရှိ၊ မရှိ ဆရာဝန်စစ်ချက်ကို ဖြစ်နိုင်သမျှ နေ့ချင်းပေါက် ရယူလေ့ရှိသည် ။

၂၉-၆-၂၀၁၄ ရက် တနင်္ဂနွေ နေ့တွင် ဖွင့်သော မုဒိမ်းမှုအတွက် နောက်တနေ့ ရုံးဖွင့်ရက်ဖြစ်သော တနင်္လာနေ့ (၃၀-၆-၂၀၁၄) တွင် အဓမ္မ ပြုကျင့် ခံထားရခြင်း မရှိကြောင်း မှုခင်းဆိုင်ရာ ဆေးပညာ စစ်ဆေးချက် ထွက်ရှိနေပါက ၁-၇-၂၀၁၄ ရက်နေ့တွင် မန္တလေး ပဋိပက္ခပေါ်ပေါက်စရာ အကြောင်းမရှိပါ။

ထိုဆေးစာတွင် လက်မှတ်ထိုးထားသော ဆရာဝန်ကို သတင်းထောက် CJ များ အနေဖြင့် အင်တာ ဗျူးပြီး အတည်ပြုချက် ရယူနိုင်ပါသည်။

(၄) သစ်ထူးလွင် အဖွနှင့် တိုက်ဆိုင်စွာ သမ္မတ မိန့်ခွန်း ၂ ရက် နောက်သို့ရွှေ့။

လစဉ် ၁ ရက်နေ့တိုင်းပြောလေ့ရှိသော သမ္မတ မိန့်ခွန်းကို တိုက်ဆိုင်စွာ ရက်ရွှေ့၍ ဇုလိုင်လ အတွက် မိန့်ခွန်းကို ၃ ရက်နေ့မှ ထုတ် လွှင့်ခဲ့ပါသည်။ ထုံးစံ အတိုင်း မျက်ဖြေလင်္ကာ ရေးသွင်းသွားပါသည်။

သစ်ထူးလွင် web site ကလည်း  ရုန်းရင်းဆံခတ် ဖြစ်ပေါ်စေရန်အတွက် ပိုမိုသေချာအောင် ဖြစ်စဉ်တွင် ပါဝင် သူများ၏ လူမျိုးနှင့် ကိုးကွယ်သည့် ဘာသာကို conflict Sensitive media ethics ကိုချိုးဖေါက်ပြီး (မူဆလင်၊ အစ္စလာမ်ဘာသာ) နှင့် (မြန်မာ၊ ဗုဒ္ဒဘာသာ) ဟူ၍ နှစ်ဆင့် ရေးသားဖေါ်ပြခဲ့ပါသည်။

(၅) X2O သင်္ကြန်မဏ္ဍပ် ဗုံးခွဲမှုနှင့် ခပ်ဆင်ဆင်တူသည်။

မန္တလေးပဋိပက္ခ ဖြစ်စဉ်ကို သတင်းထုတ်ပြမှုသည် X2O သင်္ကြန်မဏ္ဍပ် ဗုံးခွဲမှု ဖြစ်စဉ်ကို သတင်း ထုတ်ပြန်မှုနှင့် များစွာ ဆင်တူနေပါသည်။

ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်နှင့် ကျနော်၏ သုံးသပ်ချက်ကို ဖတ်ရှုပြီးနောက် စာဖတ်သူအနေဖြင့် ဤထုတ်ပြန်ချက် မှန်၊ မှန် ဆုံးဖြတ်ရန်နှင့် CJ များမှ အတည်ပြုချက်များ ရရန်အတွက် သတင်းထောက် ရန်သာ ကျန်ပါတော့သည်။

လေးစားစွာဖြင့်
မောင်သမာဓိ
၂၀-၇-၂၀၁၄

Leave a Reply