6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇူလိုင် ၂၂ ၊ ၂၀၁၄
M-Media

MOSQUE-in-BRUSSELS-BELGIUM-7

မြို့တော် ဘရက်ဆလ်မှ ဗလီဝတ်ကျောင်းတော် တလုံး

– ရှိရင်းစွဲမွတ်စလင်များနှင့် သစ်လွင် မွတ်စလင်များအကြား ရင်းနှီးမှုရရှိစေရန် ရည်ရွယ်၍ စုပေါင်းဝါဖြေပွဲတစ်ခုကို ဘယ်လ်ဂျီယံသစ်လွင် မွတ်စလင်အသင်းက ဘရပ်ဆဲလ်မြို့ရှိ အစ္စလာမ့် ယဉ်ကျေးမှု စင်တာတွင် ပြုလုပ်ခဲ့သည်ဟု သိရသည်။

“သင်ဟာ အစ္စလာမ်ကိုလေ့လာလိုက်ရင် ဒါဟာ သတ်ဖြတ်မှုတွေ၊ အကြမ်းဖက်မှုတွေ မဟုတ်ဘူးဆိုတာ သိလာမှာပါ။ အစ္စလာမ်ဆိုတာ လူတွေကို စောင့်ရှောက်ခြင်း၊ ကူညီခြင်းဖြစ်ပြီး ငြိမ်းချမ်းရေးသတင်းစကားပါပဲ” ဟု 4 News Moslims အဖွဲ့၏ မန်နေဂျာဖြစ်သူ မာရီယို ကူးလ်စ်က KUNA သတင်းအေဂျင်စီသို့ ဇွန်လ ၂၀ ရက်နေ့က ပြောကြားခဲ့သည်။

ဘယ်လ်ဂျီယံနိုင်ငံမြောက်ပိုင်း ဒက်ခ်ျစကားပြောဒေသတွင် နေထိုင်သည့် ကူးလ်စ်မှာ လွန်ခဲ့သည့် ၇နှစ်က အစ္စလာမ်သို့ ပြောင်းလဲ သက်ဝင်ခဲ့ခြင်းဖြစ်ပြီး ဇနီး၊ သား၊သမီးတို့နှင့်အတူ 4 News Moslims အဖွဲ့ကို ထူထောင်ခဲ့ခြင်းဖြစ်သည်။

၎င်း၏ အိမ်ကိုလည်း အစ္စလာမ့်စင်တာအဖြစ် ပြောင်းလဲခဲ့ပြီး လူပေါင်း ၁၀၀၀ ကျော်ကို အစ္စလာမ်သို့ ဖိတ်ခေါ်နိုင်ခဲ့သည်။ ငြိမ်ချမ်းမှု၊ သဟဇာတဖြစ်မှု၊ အပြန်အလှန်လေးစားမှု၊ ရည်မွန်၍ အလယ်အလတ်ကျမှု စသည့် အစ္စလာမ်သာသနာ၏ သတင်းစကားများကို မျှဝေရန် ရည်ရွယ်ကာ 4 News Moslims အဖွဲ့ကို လွန်ခဲ့သည့် တစ်နှစ်က တည်ထောင်ခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။

4 News Moslims အဖွဲ့ကဲ့သို့ပင် Al Minara အဖွဲ့တစ်ခုလည်း ထိုဒေသတွင်ရှိပြီး သစ်လွင်မွတ်စလင်များမှာ ထိုအဖွဲ့များမှတစ်ဆင့် အစ္စလာမ်သာသနာနှင့် ပတ်သက်သည့် အကြံဥာဏ်များကို ရယူနိုင်မည်ဖြစ်သည်။

Al Minara အဖွဲ့မှာ အထူသဖြင့် သစ်လွင်မွတ်စလင်အမျိုးသမီးများကို အစ္စလာမ့်တန်ဖိုးများအား မျှဝေရန်နှင့် အစ္စလာမ်၏ ရေသောက်မြစ်ကို နားလည်စေရန် ရည်ရွယ်ဖွဲ့စည်းထားခြင်းဖြစ်သည်။

“သူတို့(သစ်လွင်မွတ်စလင်တွေ)ဟာ ဒီနိုင်ငံရဲ့ နိုင်ငံသား၊ ဥရောပသားတွေဖြစ်ပြီး လူ့အဖွဲ့အစည်းမှာ သီးသီးသန့်သန့် မဟုတ်ဘဲ ပေါင်းစည်းပါဝင်ကြဖို့ ကျွန်တော် သူတို့ကို ပြောပါတယ်။ သူတို့ဟာ ဘယ်လ်ဂျီယံနိုင်ငံသားဆိုတဲ့ အားသာချက်ရှိပေမယ့် အစ္စလာမ်ရဲ့ စစ်မှန်တဲ့ သတင်းစကားကိုရဖို့ အရေးကြီးပါတယ်” ဟု Ghent မြို့ အစ္စလာမ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် သုတေသနအကယ်ဒမီမှ ဒါရိုက်တာ အီဗရာဟင် လီတို့ရှ်က စနေနေ့တွင် ပြုလုပ်ခဲ့သည့် အဆိုပါ စုပေါင်းဝါဖြေပွဲတွင် ပြောကြားခဲ့သည်။

ဘယ်လ်ဂျီယံ၏ ၁၀ သန်းသော လူဦးရေတွင် အစ္စလာမ်ဘာသာဝင်ဦးမှာ ၅ သိန်းနီးပါးရှိပြီး မြို့တော် ဘရပ်ဆဲလ်တွင်ပင် အစ္စလာမ်ဘာသာဝင် ၂၀ ရာခိုင်နှုန်းရှိသည်။ ဘရပ်ဆဲလ်တွင် ဗလီဝတ်ကျောင်းတော်နှင့် ၀တ်ပြုဆောင်ပေါင်း ၇၇ ခုရှိပြီး ဘယ်လ်ဂျီယံ နိုင်ငံတစ်ဝှမ်း ဗလီဝတ်ကျောင်းတော် ၃၀၀ ကျော်ရှိသည်။

Ref: OnIslam & News Agencies

Leave a Reply