6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇူလိုင် ၃၀ ၊ ၂၀၁၄
M-Media

Obama’s Statement on Eid-al-Fitr

ဇူလိုင် ၂၈ ရက်နေ့နှင့် ၂၉ ရက်နေ့များမှာ ကျရောက်တဲ့ အစ္စလာမ်ဘာသာဝင်များရဲ့ ရမသွာန်ဥပုသ်အကုန်   အီဒွလ် ဖိသီရ် ၀ါကျွတ် အီးဒ်နေ့အတွက် အတွက် အမေရိကန်သမ္မတ အိုဘားမားမှ ဆုမွန်ကောင်းတောင်းတဲ့ ကြေညာချက်တစောင်ကို သမ္မတ အိမ်ဖြူတော်မှ ထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါ ကြေညာချက်ကို M-Media မှ ဆီလျော်အောင် ဘာသာပြန်ဆို ဖော်ပြလိုက်ပါတယ်။

– အမေရိကန်နဲ့ ကမ္ဘာ တစ်ဝှမ်းက မွတ်စလင်တွေ  အီဒွလ် ဖိသီရ်ပွဲတော်ကို ကျင်းပနေကြတဲ့ ဒီလိုအချိန်မှာ သူတို့နဲ့ သူတို့ရဲ့ မိသားစုဝင်တွေအတွက် နွေးထွေးတဲ့ ဆုမွန်ကောင်းကို ကျွန်တော်နဲ့ မစ်ချဲလ်တို့က တောင်းဆုချွေလိုက်ပါတယ်။ ပြီးခဲ့တဲ့လဟာ ဥပုသ်သီလဆောက်တည်ရတဲ့လ၊ တွေးတောစဉ်းစားရတဲ့လ၊ စိတ်ပိုင်းဆိုင်ရာ အားသစ်လောင်းတဲ့လ၊ ချို့တဲ့သူတွေကို ကူညီတဲ့လပါ။ အီးဒ်ဆိုတာ ရမ်ဇာန်ဥပုသ်လကို အဆုံးသတ်တဲ့ အထိမ်းအမှတ်နဲ့ ပြုလုပ်ကြတာဖြစ်ပြီး လူသားတွေကို ပေါင်းစည်းစေတဲ့ တူညီတဲ့ တန်ဖိုး၊ ဘာသာတရား အာလုံးက ယုံကြည်သူတွေ တစ်ဦးချင်းစီအကြားမှာရှိတဲ တာဝန်ဝတ္တရားတွေကို ဖြည့်ဆည်းမှု အထူးသဖြင့် ဆင်းရဲမွဲတေမှု၊ ပဋိပက္ခနဲ့၊ ရောဂါဘယ ခံစားနေရတဲ့သူတွေကို ဖြည့်ဆည်းကူညီမှုတွေ အတွက် ကျင်းပကြတာလည်းဖြစ်ပါတယ်။

ကျွန်တော်တို့တိုင်းပြည်ကို တည်ဆောက်ရာမှာ၊ ကျွန်တော်တို့တိုင်းပြည်ရဲ့ ဒီမိုကရေစီအနှစ်သာရကို ခိုင်မာတောင့်တင်းစေတဲ့နေရာမှာ အမေရိကန်မွတ်စလင်တွေရဲ့ ကူညီမှုတွေနဲ့ သူတို့ရဲ့ အောင်မြင်မှုတွေကို ဒီ အီးဒ်နေ့က အမှတ်ရစေပါတယ်။ ဒါ့ကြောင့်ပဲ ကျွန်တော်တို့တိုင်းပြည်နဲ့ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ ဘာသာ အယူဝါဒပေါင်းစုံက လူတွေရဲ့ အခွင့်အရေးကို ကာကွယ်ဖို့၊ ကြီးပွားတိုးတက်စေဖို့ ကျွန်တော်တို့ စုပေါင်းရပ်တည်ကြတာပါ။ ပြီးတော့ လူ့အဖွဲ့အစည်းတွေအတွက် သူတို့ရဲ့ ပေးဆပ်မှုတွေကို ကျွန်တော်တို့ ကြိုဆိုပါတယ်။

အမေရိကန်အစိုးရရဲ့ကိုယ်စား အမေရိကန်နဲ့ ကမ္ဘာတစ်ဝှမ်းလုံမှာရှိတဲ့ မွတ်စလင်တွေအတွက် ကောင်းချီးမင်္ဂလာတွေ ရွာသွန်းဖြိုးပြီး ပျော်ရွှင်တဲ့ ပွဲတော်ဖြစ်ပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။ အီးဒ် မုဘာရက်ပါ။ (ပျော်ရွှင်စရာအီးဒ်နေ့ဖြစ်ပါစေ)

Leave a Reply