6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

သြဂုတ် ၄၊ ၂၀၁၄
M-Media
4645502-3x2-700x467
– ယမန်နေ့က တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်း ငလျင်ကြောင့် ပိတ်မိနေသူများအား ကယ်ဆယ်ရေးလုပ်ငန်းများတွင် အခက်အခဲများနှင့် ရင်ဆိုင်နေရသည်ဟု သိရသည်။

အင်အား ၆.၁ မဂ္ဂနီကျုရှိသည့် အဆိုပါ ငလျင်ကြောင့် သေဆုံးသူများမှာ ၃၉၈ ဦးရှိလာခဲ့ပြီဖြစ်ပြီး အပျက်အဆီးများအကြားတွင် ပိတ်မိသေဆုံးနေသည့် အလောင်းများလည်း ရှိနေသည်။ အိမ်ခြေ ၈ သောင်းနီးပါးလည်း ပြိုကျပျက်ဆီးခဲ့ကာ ၁၂၄၀၀၀ ကျော်မှာ ဆိုးဆိုးရွားရွား ပျက်ဆီးခဲ့သည်။

အရေးပေါ် ကယ်ဆယ်ရေးလုပ်သား ၁၈၀၀၀၊ ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင် ၁၁၀၀၀၊ စစ်သား ၇၀၀၀ တို့မှာ ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်နေကာ ပြိုကျသော အဆောက်အဦးများဖြင့် လမ်းများပိတ်ဆို့နေသောကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများ နှောင့်နှေးကြန့်ကြာနေရသည်။

အဆိုပါ ဒေသတွင် ၁၉၇၄ ခုနှစ်က လှုပ်ခတ်ခဲ့သော ၆.၈ မဂ္ဂနီကျု ငလျင်ကြောင့် လူပေါင်း ၁၅၀၀ ကျော်သေဆုံးခဲ့ပြီး၊ ၂၀၀၈ ခုနှစ် မေလတွင် ယူနန်ပြည်နယ်တွင် ကပ်လျင်တွင် တည်ရှိသည့် စီချွမ်ပြည်နယ်တွင် ၈.၀ မဂ္ဂနီကျု အင်အားရှိ ငလျင်ကြောင့် လူပေါင်း ၈၀၀၀၀ ကျော် သေဆုံးခဲ့ရသည်။

Leave a Reply