6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

သြဂုတ် ၅၊ ၂၀၁၄
M-Media
လမင်း

DSC03766

 

ရန်ကုန် ။       ။     ပြည်ထောင်စုလွှတ်တော်တွင် PR စနစ်တင်သွင်းမှုအပေါ် ကန့်ကွက်ကြသည့် အနေဖြင့် ပြည်သူ့လှုပ်ရှားမြှုမှင့်တင်ရေး ကွန်ရက်မှ ဦးဆောင်ပြီး တက်ကြွ လှုပ်ရှားသော ပြည်သူများက ယနေ့ သြဂုတ်လ ၅ ရက်နေ့ နေ့လည် ၁ နာရီတွင် ရန်ကုန်မြို့ မြို့တော် ခန်းမရှေ့တွင် ကန့်ကွက်ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေသည် အသွင်ကူးပြောင်းရေးနှင့် နိုင်ငံရေးအလှည့်အပြောင်း ဦးတည်နေသည့် ဒီမိုကရေစီကူးပြောင်းရေး ကာလဖြစ်ရာ ယခုကဲ့သို့ PR စနစ်တင်သွင်းခြင်းကို ပြင်းပြင်းထန်ထန် ရှုတ်ချပြီး ပြတ်ပြတ်သားသားကန့်ကွက်ကြောင်း ပြည်သူ့ ဆန္ဒလှုပ်ရှားမှု မြှင့်တင်ရေးကွန်ရက်မှ ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။

“လွှတ်တော်ရဲ့အရှေ့မှာတပ်ထားတဲ့ ပြည်သူ့ဆန္ဒလွှတ်တော်ဆန္ဒ ဆိုတဲ့စကားကသာ အမှန်ဆိုရင် ကျွန်တော်တို့တွေရဲ့ဆန္ဒတွေကို လိုက်လျောပေးပါ။ ကျွန်တော်တို့ပြည်သူတွေကတော့ ဒါကို မပြုမပြင်ခြင်းတောင်းဆိုနေမှာပါ” ဟုတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သူ ကိုမြတ်ကျော်က သုံးသပ်ပြောကြားခဲ့သည်။

PR ကန့်ကွက်ဆန္ဒပြသူများသည် ဆူးလေဘုရားအနီး မြို့တော်ခန်းမရှေ့မှစတင်ကာ မြို့တော်ခန်းမ တစ်ပတ်ပတ်ပြီး မိုးသည်းထန်စွာ ရွာသွန်းနေသည့်ကြားမှ ကြွေးကြော်သံများနှ င့်အတူ လမ်းလျောက်ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ဆန္ဒပြရာတွင် ပါဝင်သူ တစ်ဦးဖြစ်သူကလည်း “ဒီလောက်မိုးတွေရွာနေတဲ့ကြားက တာဝန်သိတဲ့ပြည်သူတစ်ယောက်အနေနဲ့ အခုလိုပါဝင်ရတာပါ။ ဒီ PR စနစ်ဆိုတာက ဘယ်လိုမှပြည်သူတွေ လက်ခံလို့မရတဲ့အရာပါ” ဟု ဆိုခဲ့သည်။

အဆိုပါဆန္ဒပြပွဲသည် ရန်ကုန်မြို့ ဟစ်တိုင်တွင်သာ ခွင့်ပြုမိန့်ရခဲ့သော်လည်း ဆန္ဒဖော်ထုတ်သူများသည် ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့တွင် ခွင့်ပြုချက်မရပဲ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

Facebook တွင် ဓါတ်ပုံ ကြည့်ရန်  Click Here

 

Tags: ,

Leave a Reply