6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

သြဂုတ် ၆ ၊ ၂၀၁၄
M-Media
434989_heroa
– ခရိုင်းမီးယားဒေသမှ ထိပ်သီးကလပ်သုံးသင်းအား ရုရှာလိဂ်ပြိုင်ပွဲများသို့ ထည့်သွင်းရေး ကြိုးပမ်းမှုကို ယူအီးအက်ဖ်အေနှင့် ဖီဖာတို့က မည်သည့် တုံ့ပြန်မှုမှ မလုပ်သောကြောင့် ရုရှားဘောလုံးအဖွဲ့ချုပ် RFU မှာ အခက်တွေ့နေရသည်ဟု သိရသည်။

RFU မှ ဇူလိုင်လအတွင်းက ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် ဆီဗက်စ်စတိုပိုလ် ဘောလုံးအဖွဲ့ချုပ်နှင့် ခရိုင်းမီးယားဘောလုံးအဖွဲ့ချုပ်တို့အား RFU ၏ ထီးရပ်အောက်သို့ လာမည့် ညီလာခံတွင် ထည့်သွင်းရန် အဆို တင်သွင်းသည်ဟု ဖော်ပြခဲ့သည်။

သို့သော်လည်း ယူကရိန်းလိဂ်တွင် ပါဝင်နေသည့် ခရိုင်းမီးယားအခြေစိုက် TSK Simferopol၊ SKChF Sevastopol နှင့် Zhemchuzhina Yalta ဘောလုံးအသင်းတို့အား ရုရှားလိဂ်သို့ ၀င်ရောက်ယှဉ်ပြိုင်ရေးကို ဥရောပဘောလုံးအဖွဲ့ချုပ် ယူအီးအက်ဖ်အေနှင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာတို့က ခွင့်ပြုခြင်းမပြုသေးပေ။

ဖီဖာကမူ ၎င်းတို့ထံ တရားဝင်အကြောင်းကြားမှု မရှိသေးဟု ပြောကြားထားပြီး ယူအီးအက်ဖ်အေကမူ မိမိတို့အနေဖြင့် အခြေအနေများကို စောင့်ကြည့်နေကြောင်း ထိုကိစ္စအား ဆွေးနွေးရန်အတွက် နှစ်နိုင်ငံဘောလုံးအဖွဲ့ချုပ်များနှင့် ဆက်သွယ်ထားကြောင်း ပြောကြားခဲ့သည်။

Tags:

Leave a Reply