6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

သြဂုတ် ၁၇ ၊ ၂၀၁၄
M-Media

President Nicolas Maduro

ဗင်နီဇွဲလား သမ္မတ နီကိုလက်စ် မာဒူရို

– ဂါဇာအား အစ္စရေး၏ ကျူးကျော် တိုက်ခိုက်မှုကြောင့် မိဘမဲ့ဖြစ်သွားခဲ့ရသည့် ပါလက်စတိုင်း ကလေးငယ်များကို မိမိတို့နိုင်ငံ အတွင်းကိုခေါ်ယူကာ နေရာ ချထားပေးမည်ဟု ဗင်နီဇွဲလားနိုင်ငံက ကြေညာလိုက်သည်။

ဗင်နီဇွဲလား သမ္မတ နီကိုလက်စ် မာဒူရိုနှင့် ပါလက်စတိုင်း နိုင်ငံခြားရေး ၀န်ကြီး ရီယဒ် အလ်-မာလီကီတို့ ကြာသာပတေးနေ့က တွေ့ဆုံစဉ်အတွင်း မာဒူရိုက ထိုကဲ့သို့ ကတိပေးခဲ့ခြင်းဖြစ်ပြီး ကလေးငယ် မည်မျှခေါ်ယူမည်ဆိုသည့် ပမာဏ အတိအကျကို ပြောကြားခဲ့ခြင်း မရှိပေ။ သို့သော်လည်း ဒေသတွင်း မီဒီယာများကမူ ပါလက်စတိုင်း လူငယ် ရာပေါင်း များစွာမှာ ဗင်နီဇွဲလားနိုင်ငံ အတွင်းသို့ ရောက်ရှိနေကြသည်ဟု ဖော်ပြခဲ့သည်။

ယခုလအစောပိုင်းတွင် ဗင်နီဇွဲလား နိုင်ငံခြားရေး ၀န်ကြီး အီလီယက်စ်ဂျာအွာမှာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ ကိုယ်စားလှယ်များနှင့် ကိုင်ရိုမြို့တွင် တွေ့ဆုံခဲ့ပြီး၊ ဗင်နီဇွဲလားနိုင်ငံအနေဖြင့် ပါလက်စတိုင်းကလေးငယ်များအား ကြိုဆိုရန် အတွက် အရာအားလုံး အဆင်သင့်ဖြစ်နေကြောင်း ပါလက်စတိုင်း အာဏာပိုင်များအား အသိပေးခဲ့သည်ဟု ပြောကြားခဲ့သည်။

ပါလက်စတိုင်းကလေးငယ်များအား နေရာချထားပေးရန်အတွက် ယခင်သမ္မတဟောင်း ဟူဂိုချားဗက်ဇ်၏ အမည်ဖြင့် အိမ်ရာတစ်ခု စီစဉ်ပေးရန်ရှိသည်ဟု မာဒူရိုက ယခင်က ပြောကြားထားဖူးသည်။

ဂါဇာကမ်းမြှောင်ကို အစ္စရေးက ကျူးကျော် တိုက်ခိုက်မှုများကြောင့် ဘရာဇီးလ် အပါအ၀င် တောင်အမေရိကနိုင်ငံအချို့မှာ အစ္စရေးနှင့် သံတမန် အဆက်အသွယ် ဖြတ်တောက်မှုများ ဗီဇာ ကင်းလွတ်ခွင့် ပယ်ဖျက်မှုများကို ပြုလုပ်ခဲ့ကြသည်။ ဗင်နီဇွဲလားနိုင်ငံမှာ ဂါဇာအား အစ္စရေးက ၂၀၀၉ ခုနှစ်တွင် ကျူးကျော် တိုက်ခိုက်စဉ်ကတည်းက အစ္စရေးနှင့် သံတမန် အဆက်အသွယ် ဖြတ်တောက်ခဲ့သည်။ ထို့ပြင် ဗင်နီဇွဲလားမှာ အီဂျစ်မှ တစ်ဆင့် ဂါဇာဒေသသို့ အကူအညီများကိုလည်း ပေးပို့လျက် ရှိနေသည်။

မာဒူရိုကမူ အစ္စရေးအနေဖြင့် ပါလက်စတိုင်းပြည်သူများကို လူမျိုးတုန်းသတ်ဖြတ်နေသည်ဟု စွပ်စွဲခဲ့ပြီး၊ ပါလက်စတိုင်းပြည်သူများနှင့် အတူတကွရှိနေကြရန် နိုင်ငံတကာ လူ့အဖွဲ့အစည်းအား တိုက်တွန်းခဲ့သည်။

ref_Middle East Monitor

Leave a Reply