6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

သြဂုတ် ၂၂ ၊ ၂၀၁၄
M-Media
ခေတ်လူ
yasir-qadi
အနောက်ကမ္ဘာမှ နာမည်ကျော်အစ္စလာမ့်ပညာရှင်တစ်ဦးဖြစ်သူ ရှိုက်ခ်ဒေါက်တာယာစီးရ်ကာဒီရ်က အီရတ်နှင့်ဆီးရီးယားရှိ ISIS အကြမ်းဖက်အဖွဲ့မှ အမေရိကန် သတင်းထောက် ဂျိမ်းစ်ဖိုးလေးကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့မှုအပေါ် ပြင်းပြင်းထန်ထန် ရှုံ့ချဝေဖန်လိုက်ပါတယ်။

“သူ၏ သတင်းဆောင်းပါးအချို့နဲ့ သတင်းမှတ်တမ်းအချို့ကို ကြည့်ဖူးပါတယ်။ အချက်အလက်အားလုံးက သူဟာ ထက်မြက်တဲ့ သတင်းထောက်တစ်ဦးဖြစ်ပြီး သူရဲ့ တစ်ခုတည်းသော ရည်ရွယ်ချက်က ဒေသတွင်း အဖြစ်အပျက်တွေကို သတင်းမှတ်တမ်းတင်ဖို့ပဲဆိုတာ ညွှန်ပြနေပါတယ်။ သူ့ရဲ့ မိဘတွေကဆို သူတို့ရဲ့သားဟာ အာဏာရှင်ဆိုး အာဆဒ်ရဲ့ လက်အောက်က ဆီးရီးယားပြည်သူတွေကို စာနသနားနေသူပါလို့ ပြောခဲ့ကြပါတယ်။ “ဟု ရှိုက်ခ်ယာစီးရ်က သူ့ရဲ့ တရားဝင် ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားထားပါတယ်။

သတင်းထောက် ဂျိမ်းစ်ဖိုးလေးဟာ လွန်ခဲ့တဲ့နှစ်အနည်းငယ်က လစ်ဗျားမှာ ကာဒါဖီးကို ထောက်ခံတဲ့ လက်နက်ကိုင်အဖွဲ့ရဲ့ ဖမ်းဆီး ရိုက်နှိက်ခြင်းကို ခံခဲ့ရပြီး နောက်ပိုင်းမှာ လွတ်မြောက်လာခဲ့ပါတယ်။ တဖန် ဆီးရီးယားမှာ လက်နက်ကိုင်တစ်ဖွဲ့ရဲ့ ဖမ်းဆီးခြင်းကို ထပ်မံခံလိုက်ရပြီး ထိုအဖွဲ့က သူ့ကို ISIS ကို လွဲပြောင်းပေးလိုက်ခဲ့တယ်။ နောက်ပိုင်းမှာတော့ ISIS က သူ့ကို ကွက်မြက်လိုက်ပါတယ်။

” ဒီအဖွဲ့ (ISIS) ဟာ အတိတ်က ခါရေဂျီအစွန်းရောက်တွေ ပြန်လည်ပေါ်ပေါက်လာတာပါပဲ။ ကျွန်တော်တို့ရဲ့ တမန်တော်မြတ် (ကိုယ်တော့်အပေါ်သို့ ငြိမ်းချမ်းမှုကျရောက်ပါစေ) မိန့်ကြားခဲ့သလိုပဲ ဒီအုပ်စုတွေဟာ အကောင်းဆုံးစကားတွေကိုပြောကြပေမယ့် အဆိုးဆုံးလုပ်ရပ်တွေကို လုပ်ကြလိမ့်မယ်၊ သူတို့သွားတဲ့နေရာတိုင်းမှာ အကြမ်းဖက်မှုနဲ့ သတ်ဖြတ်မှုတွေကို ဖြစ်စေလိမ့်မယ်၊ ပြီးတော့ သူတို့ကိုယ်သူတို့မှ အကောင်းဆုံး ယုံကြည်သူတွေလို့ ထင်ကြလိမ့်မယ်။” လို့ ရှိုက်ခ်ယာစီးရ်က ဆက်လက် ရေးသားဝေဖန် ရှုံ့ချခဲ့ပါတယ်။

ISIS အကြမ်းဖက်အဖွဲ့ကို စာနာတဲ့သူတွေ ထောက်ခံတဲ့သူတွေ အားလုံး သူရဲ့ fan အဖြစ်မှ ထွက်သွားဖို့နဲ့ အဲ့ဒီလို လူတွေနဲ့ ပတ်သက်စရာအကြောင်းမရှိဘူးဟူ၍ပင် ရှိုက်ခ်မှ ပြတ်ပြတ်သားသား ရေးထားပါတယ်။

ဒါကတော့ ရှိုက်ခ်ယာစီးရ်ရဲ့ မူရင်းရေးသားထားမှုပါ။

“Anyone who supports or sympathizes with ISIS – unsubscribe from my page now….These people have nothing to do with me, and I have nothing to do with them.”

ရှိုက်ခ်ယာစီးရ်ဟာ ပါကစ္စတန်နွယ်ဖွား အမေရိကန်တစ်ဦးဖြစ်ပါတယ်။ ၅နှစ်သားမှာ ဖခင်ရဲ့ အလုပ်ကြောင့် ဆော်ဒီအရေဗီးယားနိုင်ငံသို့ ပြောင်းရွှေ့ခဲ့ပြီး အထက်တန်းပညာရေးပြီးပြီးနောက် အမေရိကန်သို့ ပြန်ကာ ဓာတုဗေဒ အင်ဂျင်နီယာအထူးပြုဘွဲ့ယူခဲ့ပြီး ဆော်ဒီနိုင်ငံသို့ ပြန်ကာ နာမည်ကြီး မဒီနာအစ္စလာမ့်တက္ကသိုလ်တွင် ဟဒီးသ် (တမန်တော်မြတ် သြဝါဒတော်) ပညာရပ်အထူးပြုနဲ့ ဘွဲ့၊ အစ္စလာမ့်ယုံကြည်ချက်ဖြင့် မဟာဘွဲ့တို့ကို ပြီးမြောက်ခဲ့ပြီး အမေရိကန် နာမည်ကျော် ယေးလ်တက္ကသိုလ်တွက် အစ္စလာမ့်ပညာရပ် ပါရဂူဘွဲ့ကို ထပ်မံပြီးမြောက်ခဲ့သူဖြစ်ပါတယ်။ ထို့ပြင်သူသည် အမေရိကန်အစိုးရ၏ စံနှစ်ခွ ကျင့်သုံးတတ်သော နိုင်ငံခြားရေးမူဝါဒကို ပြတ်ပြတ်သားသား လူသိရှင်ကြား ဝေဖန်ရှုံ့ချသူလည်း ဖြစ်ပါတယ်။

ISIL ခေါ် ISIS အဖွဲ့ အင်တိုက်အားတိုက် စတင်လှုပ်ရှားကာစအခါကပင် နိုင်ငံတကာမွတ်စလင်မ်ပညာရှင်များ သမဂ်ဂ (IUMS) တည်ထောင်သူ၊ ဥရောပ အစ္စလာမ့် ဓမ္မသတ်ကောင်စီ ဥက္ကဌနှင့် ကာတာနိုင်ငံ၏ ဓမ္မသတ်မှူးချုပ် ကမ္ဘာကျော် ရှိုက်ခ် ဒေါက်တာ ယူစွဖ်အလ်ကဒွာဝီနှင့် IUMS မှ ဓမ္မသတ်ထုတ်ကာ ထိုအဖွဲ့၏ လုပ်ရပ်များကို ရှုံ့ချဝေဖန်ခဲ့သည်။ OIC မှလည်း အကြမ်းဖက်အဖွဲ့စာရင်းသွင်းခဲ့ကာ နောက်ပိုင်းတွင် မွတ်စလင်မ်လူအဖွဲ့အစည်းအသီးသီးတို့မှာလည်း ဝေဖန်ရှုံ့ချခဲ့ကြသည်။ အနောက်ကမ္ဘာတွင် သြဇာ၇ှိသော အစ္စလာမ့်အတွေးအခေါ်ပညာရှင် သွာရက်ခ်ရမဒွန်မှလည်း ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံမှ သြဇာအရှိဆုံး အစ္စလာမ့်ပညာရှင်များအဖွဲ့ကလည်း ရှုံ့ချသတိပေးခဲ့သည်။ လက်တလောတွင် ဆော်ဒီရှိ ကအ်ဘာဝတ်ကျောင်းတော်ကြီး၏ ရှေ့ဆောင် ရှိုက်ခ်စူဒိုက်စ်မှ ISIS ကို ဝေဖန်ခဲ့ပြီး ဆော်ဒီနိုင်ငံ၏ ဓမ္မသတ်မှူးချုပ်မှလည်း ISISသို့သော်အကြမ်းဖက်အဖွဲ့သည် အစ္စလာမ်နံပါတ် ၁ ရန်သူဖြစ်ကြောင်း ဓမ္မသတ်ပေးထားသည်။

Ref: Official Facebook Page and Youtube Channel of Shaykh Yasir Qadhi
Wikipedia
Official Facebook Page of Dr. Tariq Ramadan
News Agencies

Leave a Reply