6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

Youtube ဗွီဒီယို ၀က်ဆိုက်တွင် ကျမ်းမြတ်ကုရ်အာန် စာ နှစ် အုပ်အားမီးရှိုခဲ့ပုံ အား ၉-၁၁ နှစ်ပတ်လည်နေ့တွင် လွင့်တင် ခဲ့သော ဗြိတိန်လူငယ် ၆ဦး အမှုရင်ဆိုင်နေရကြောင်းသိရသည်။ ယင်းဗီဒိယိုပြကွက်တွင် လက်ကိုင်ပ၀ါလည်ပင်း တွင်ပတ်ဆင်ထားလူများက ကုရ်အာန်ကျမ်းစာကိုမီးရှိုကာ …ဒါက အာဖဂန်နစ္စတန် ကျဆုံးသွားတဲ့ ဗြိတိန်စစ်သားတွေ အတွက် ၊ ၉-၁၁မှာသေဆုံးသွား တဲ့သူတွေအတွက် ….ဟု သူတို့ ရည်ရွယ်ချက် ကို အော်ဟစ် ကြွေးကြော် ကြခဲ့သည်။ Youtube တွင်ယင်း ဗီဒိယို ထွက်ပေါ် လာပြီး ၆ရက် အကြာတွင် ၄င်းတို့အားဆက်တိုက် ဖမ်းဆီးရမိခဲ့ခြင်းဖြစသည်။ ရဲတပ်ဖွဲ၏ ပြောဆိုချက်အရ ၄င်းတို့ သည် ကုရ်အာန် ကျမ်းစာအား မီးရှို့ခဲ့သည်ဟု ၀န်ခံသော် လည်း Youtube တွင်ထုတ်လွင့်ခဲ့ခြင်းမရှိဟု ငြင်းဆိုထားကြောင်း မွတ်စလင် များနှင့် လူဖြူ အင်္ဂလိပ်များကို သာမန် စိတ် အနှောက်ယှက်ဖြစ် စေအောင် သာရည်ရွယ် ကြောင်းသည်ဟု သိရသည်။ ကုရ်အာန် မီးရှိုခဲ့ သူများကို စက်တင်ဘာ ၁၅ရက် နေ့တွင်နှစ်ဦးနှင့် စက်တင်ဘာ ၂၂ ရက်နေ့တွင် ၄ဦးဖမ်းဆီး မိခဲ့ကြောင်း ယင်း လူငယ်များမှာ အင်္ဂလန်မြောက်ပိုင်း Gateshead တွင် အမှုရင်ဆိုင်ရမှာဖြစ်ကြောင်း ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၇နှစ် ကျခံရမည်ဖြစ် ကြောင်း ရဲတပ်ဖွဲကဆိုပါသည်။ ကမ္ဘာ့ ကုန်သွယ်ရေး အဆောက် အုံအား လေယာဉ်ဖြင့် တိုက်ခိုက်ခံ လိုက်ရသော ၉-၁၁ နှစ်ပတ်လည်နေ့တွင် အမေရိကန် ဖလော်ရီဒါပြည်နယ်ရှိ ချာခ်ျဘုရားကျောင်း တစ်ခုမှ် ကုရ်အာန် မီးရှို့ပွဲကို ပြုလုပ်ရန် စီစဉ်ခဲ့ သော်လည်း နောက်ပိုင်းတွင် ၄င်း အစီစဉ်ကိုပြန် လည် ရုပ်သိမ်းခဲ့ရသည်။ အဆိုပါ ကုရ်အာန်မီးရှို့ပွဲ အစီစဉ်ပျက်ပြားပြီး နောက်ပိုင်း ဗြိတိန်တွင် အစွန်းရောက် အမျိုးသားရေးဝါဒီ တစ်ချို့ ယခုကဲ့သို့ သံယောင်လိုက် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ဖလော်ရီဒါ ချာခ်ျကျောင်း သင်းအုပ် Terry Jones ၏ ကုရ်အာန်မီးရှို့မည့် အစီစဉ်အား နိုင်ငံတကာ၏ ပြစ်တင်ရှုတ်ချမှုများ ပြည်သူ များ၏ ဆန္ဒပြ ကန်ကွက် မှုများ ထွက်ပေါ်ပေါက်ခဲ့ရာ အီရန်နိုင်ငံရှိ ခရစ်ယာန် ဘာသာဝင်များ ကလည်း အစ္စလာမ်ဘာသာ၏ ကျမ်း စာ ကုရ်အာန်ကို မီးရှို့မည်အစီစဉ်ကို ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။ ဆန္ဒပြသူများက ဖလော်ရီဒါ က လုပ်ရပ် သည် ဘာသာ တရား အားလုံး အားစော်ကားခြင်း ဖြစ်ကြောင်း သခင်ယေရှုခရစ်တော် ၏ သင်ကြားချက်များနှင့် ဆန့်ကျင်နေကြောင်း ပြောဆိုခဲ့ကြသည်။ အင်ဒိုနီရှားရှိ ခရစ်ယာန်ဘာသာ ၀င်များကလည်း ကုရ်အာန် မီးရှိုမည့် အစီစဉ်ကို တုန့်ပြန် သော အားဖြင့် ဂျာကာတာ အကျဉ်း ထောင်များရှိ အကျဉ်းသားများသို့ ကုရ်အာန်ကျမ်းစာ အုပ်ရေ ၅၀၀ ပေးလှူဒါန်း ခဲ့ကြသည်။ dailymail, fars, jakatapost

Tags: ,

Leave a Reply