6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

စက်တင်ဘာ ၁ ၊ ၂၀၁၄
M-Media
447720_heroa

– ဦးဆောင်ဂိုးရရှိခဲ့သော်လည်း ရီးရဲလ်ဆိုစီဒက်အား ရှုံးနိမ့်ခဲ့ရသည့်ပွဲအတွက် ဒေါသထွက်ရသည်ဟု ရီးယဲလ်အသင်းနည်းပြ အန်ဆယ်လော့တီက ပြောကြားခဲ့သည်။

ယမန်နေ့က ကစားခဲ့သည့် အဆိုပါပွဲတွင် ပွဲအစ ၁၁ မိနစ်၌ပင် ရီးယဲလ်က ၂ ဂိုးပြတ်ဖြင့် ဦးဆောင်ခဲ့ပြီး နောက်ပိုင်း အခွင့်အရေး အမြောက်အများရခဲ့သော်လည်း ခံစစ်မှာ ဖရိုဖရဲဖြစ်ခဲ့ကာ ဆိုစီဒက်အား ၄ ဂိုး ပြန်ပေးခဲ့ရပြီး ရှုံးနိမ့်ခဲ့ရသည်။

ပွဲအပြီးတွင် အသင်း၏ စိတ်ပျက်စရာ ကောင်းသော ရလဒ်အတွက် ပရိတ်သတ်များအား အန်ဆယ်လော့တီက တောင်းပန်ခဲ့သည်။

“ကျွန်တော်လုံးဝမကြိုက်တဲ့ ရှုံးပွဲပါပဲ။ ဘာ့ကြောင့်လည်းဆိုတော့ တစ်ခါတစ်လေ ကစားပုံ ဆိုးရွားနိုင်ပေမယ့် ၂ ဂိုးပြတ်နဲ့ ဦးဆောင်နေတဲ့အချိန်မှာတော့ ပွဲအတွက် လိုအပ်တဲ့ တုံ့ပြန်မှုမျိုး ပြရပါမယ်။ ဒီအတွက် ကျွန်တော် တာဝန်ယူပါတယ်။ တစ်ခုခု ပြောင်းလဲရမှာပါ။ အသင်းကစားတဲ့ပုံကို ကျွန်တော်မကြိုက်ပါဘူး” ဟု ပွဲအပြီးတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

ယခုပွဲရှုံးနိမ့်မှုကြောင့် ရီးယဲလ်မက်ဒရစ်မှာ ပြိုင်ဘက် ဘာစီလိုနာနှင့် ၃ မှတ်ကွာဟသွားပြီး၊ အက်သလက်တီကိုနှင့် ၁ မှတ်ကွာဟခဲ့သည်။

Tags:

Leave a Reply