6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ယနေ့ ဇွန်လ ၃ ရက်နေ့ နေ့လည်ပိုင်းက သံတွဲမြို့ကနေ ရန်ကုန်ကို ထွက်ခွာလာသော ရိုးမသစ္စာအဝေးပြေးကားသည် တောင်ကုတ်မြို့သို့အရောက်တွင် လူ(၃၀၀) ခန့်ရှိသော တောင်ကုတ်မြို့သူမြို့သားများက တားဆီးကာ ကားပေါ်တွင်ပါလာသော ခရီးသည်များမှ အစ္စလာမ်ဘာသာဝင် မြန်မာမွတ်စလင်မ် (၁၀) ဦးအား ရက်စက်စွာ အကြမ်းဖက် သတ်ဖြတ်ခဲ့ကြကြောင်း သတင်းရရှိပါတယ်။

သံတွဲသစ္စာ ဗလီကနေ ရက်ပြည့်လို့ ရန်ကုန်ပြန်တဲ့ (၈)ဦးပါ ဂျမာအသ် (ဂျမာအသ်ဆိုတာ အစ္စလာမ် ဘာသာဝင်တွေ နေရာအချို့ကိုသွားရောက်ပြီး တရားထိုင်ကာ ဘာသာရေးတရားရေအေး တိုင်ပင်ဆွေးနွေးကြခြင်း) ဖြစ်ပါတယ်။
အကြမ်းဖက် သတ်ဖြတ်ခြင်းခံရသူများတွင်  တောင်တွင်းကြီးမြို့မှ မြန်မာမွတ်စလင်မ် (၆) ဦး၊ မြောင်းမြမြို့မှ မြန်မာမွတ်စလင်မ် ၂ ဦး၊ သံတွဲမြို့နေ မြန်မာမွတ်စလင်မ် (၂) ဦးဖြစ်တယ်လို့ သိရပါတယ်။ သံတွဲမြို့မှ တစ်ဦးမှာ နာမည်ကြီးရှေ့နေ ဦးကျော်ဆင့်ဖြစ်ကြောင်း သတင်းရရှိပါသည်။ (ထပ်မံအတည်ပြုချက်များအရ ရှေ့နေဦးကျော်ဆင့်မှာ အခင်းဖြစ်ပွါးသောနေ့တွင် တောင်ကုတ်မြို့သို့ရောက်ရှိနေသော်လည်း အသက်ဘေးမှလွတ်ကင်းခဲ့ပါသည်။ ၎င်းအား စစ်တပ်မှတောင်ကုတ်မြို့မှ သံတွဲမြို့သို့ တာဝန်ယူပို့ဆောင်ပေးထားကြောင်းသတင်းရရှိ)

ရက်စက်စွာ အကြမ်းဖက် သတ်ဖြတ်ခြင်းခံရသူများတွင် စုံစမ်းသိရှိရသလောက်၊

၁။ ဦးနီဖေ   ၈/တတက(နိုင်) ၀၉၅၅၄၈ အသက် ၅၈ နှစ်
၂။ ဦးမောင်နီ  ၈/တတက (နိုင်) ၀၉၅၅၃၀ အသက် -၆၅ နှစ်၊
၃။ ဦးအေးလွင် ၈/တတက(နိုင်) ၀၉၃၅၇၃ အသက်-၅၂ နှစ်၊
၎။ ဦးလှမောင် ၈/တတက(နိုင်) ၀၉၄၅၅၇ အသက် ၅၀ နှစ်၊
၅၊။တေဇာမြင့် ၈/တတက(နိုင်) ၁၈၉၈၁၅ အသက် ၂၈ နှစ်၊
၆။ ကိုတင်မောင်ထွေး ၈/တတက(နိုင်) ၂၃၁၀၈၄ အသက် ၂၁ နှစ်၊
၇၊ ကိုအောင်ဘိုဘိုကျော် ၁၄/မလန(နိုင်) ၂၃၁၀၈၄ အသက် ၂၆ နှစ်၊
၈။ ကိုဇော်ညီညီထွဋ် ၁၄/မလန(နိုင်) ၁၄၈၁၃၃ အသက် ၃၃ နှစ်၊ ( ထပ်မံရရှိပါက ဆက်လက်ဖြည့်ပေးပါမည်)

ရက်စက်စွာ အကြမ်းဖက် အသတ်ခံရသူများ (၁၀) ယောက်တွင် ယာဉ်နောက်လိုက် တစ်ဦးနဲ့ ကားတာဝန်ခံ တစ်ယောက်လဲ ပါဝင်ကြောင်းသိရတယ်။
ကား တာဝန်ခံ ကတော့ မိန်းကလေးလို့ သိရပါတယ်။ (သတင်းထပ်မံရရှိမှုမှာ အမျိုးသမီးမှာလွတ်မြောက်သွားပြီး မုစ်လင်မ်ဟုယူဆခြင်းခံရသော ဗုဒ္ဓဘာသာဝင်တစ်ဦးလည်း သတ်ဖြတ်ခံရမှုတွင်ပါဝင်ကြောင်း။ ထပ်မံရရှိမှုအပေါ်အခြေခံပြီး ဖြည့်စွက်ပြင်ဆင်ပေးပါမည်။ အခြေအနေမှာ အသတ်ခံရသူ ၁၁ဦးအထိရှိလာနိုင်ကြောင်း သိရှိရပါသည်။)

ဖြစ်စဉ်ကို ဖုန်းဆက်ပြီး စုံစမ်းရာ

” တောင်ကုတ်မြို့ လမ်းခွ လ.၀.က ဂိတ်မှာ ကားကို တားတယ်။ လူ ၃၀၀ခန့်စုဝေးပြီး ဆိုင်ကယ်များဖြင့် ကားကိုတားဆီးကာ ကုလားတွေပါရင် ဆင်းခဲ့ အကုန်သတ်ပစ်မယ်လို့ အော်ဟစ်ပြီး တုတ်ဓားလက်နက်တွေနဲ့ အော်ဟစ်နေပါတယ်။ ကားတာဝန်ခံမိန်းကလေးက ကားတံခါးပိတ်ထားပြီး စပယ်ယာက ကားပေါ်ကဆင်းပြီး တောင်းပန်တယ်။ ဒါကို မရတော့ဘဲ ကားပေါ် အတင်းတွန်းတက်သွားပြီး ကားပေါ်တွင် ပါလာသော မြန်မာမွတ်စလင်မ်များကို  တွေ့တော့ အောက်ကို လှမ်းအော်တယ်။ “ဒီမှာ ကုလားတွေ ပါတယ်၊ ဒီမှာ ကုလားတွေဟေ့”လို့ အော်ဟစ်လိုက်တော့ နောက်ထပ်လူတွေ ပြေးတက်လာပြီး ကားပေါ်မှာတင် ရိုက်ရင်း ကားအောက်ကို ဆွဲခေါ်သွားတယ်။

တံခါးပေါက်က ဆင်းဆင်းခြင်းမှာတင် အောက်က လူအုပ်ကြီးက အသေအလဲ ၀ိုင်းရိုက်ရင်း (၈)ယောက်စလုံး သေဆုံးသွားတယ်။ သူတို့ မလှုပ်ရှားတော့တဲ့အချိန်မှာ အားလုံး မှင်သက်ပြီး ကြောင်ကြည့်နေတုန်း စပယ်ယာကို ဟယောင် မင်းလဲ ကုလားပဲမဟုတ်လားလို့ မေးလိုက်တော့ နောက်က လူအုပ်ကြီးက ၀ိုင်းလာပြီး ပြောဆိုချိန်မရတော့ဘဲ အကြမ်းဖက်သမားများ၏ ရက်စက်စွာ သတ်ဖြတ်မှုကြောင့် သေဆုံးသွားခဲ့ရသည်။

ရိုးမသစ္စာကားတွေရဲ့ပိုင်ရှင်ဟာ မွတ်စလင်မ်ဖြစ်လို့ ကုလားပိုင်ကားဆိုပြီး ကားကိုလဲ ထုထောင်းထားတာ ရစရာမရှိအောင် ပျက်ဆီးကုန်ပြီး အခု အခင်းဖြစ်ပွားတဲ့မှာတင် ရပ်ထားကြောင်းသိရတယ်။

အဆိုပါကားမှာ သံတွဲမြို့မှ ညနေသုံးနာရီထွက်တဲ့ တောင်ကုတ်မှာဖြစ်တာက ၅-နာရီဝန်းကျင်ဖြစ်ကြောင်းသိရှိပါတယ်။

အကြမ်းဖက် သတ်ဖြတ်ခြင်းခံရသော မြန်မာမွတ်စလင်မ်(၁၀) ဦးရဲ့  အလောင်းများကို တောင်ကုတ်မြို့ ညဈေးရှေ့တွင် စုပုံထားပြီး အကြမ်းဖက်သူများမှ အရက်သောက်ရင်း အလောင်းတွေပေါ်သို့ အရက်ပုလင်းတွေကို လှမ်းပစ်တာတွေ၊ ကျင်ငယ်နဲ့ပန်းတာတွေ၊ အန်ချတာတွေ လုပ်ခဲ့ကြတယ်လို့ သိရှိရပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး သက်ဆိုင်ရာများထံမှရော ဒေသခံများထံမှပါ ဖြစ်ရပ်မှန်သတင်းကို ထပ်မံစုံစမ်းပြီး အတည်ပြုချက်ရယူကာ ပြင်ဆင်တင်ဆက်သွားမည်။

တာဝန်သိဒေသခံအချို့နှင့် စစ်တပ်၏ပူးပေါင်းဆောင်ရွက်မှုကြောင့် ၃ရက် ဂျွန်လ ၂၀၁၂နေ့ ညတွင် သံတွဲမြို့မှ ဒေသခံမုစ်လင်မ်များနှင့် သံတွဲမြို့ (ခလရ-၅၅)မှ တာဝန်ရှိသူများက တောင်ကုတ်မြို့သို့သွားရောက်ပြီး ပျက်ဆီးနေသော ကြွင်းကျန်ရစ်သည့်ရုပ်ကလပ်များကိုပြန်လည်တောင်းယူနိုင်ခဲ့ကြောင်းသိရှိရပါသည်။ အဆိုပါ ကွယ်လွန်သူများကို ၄ရက် ဂျွန်လ ၂၀၁၂နေ့လယ်ခင်း အစ္စလာမ်ဘာသာဝင်များဝတ်တက်အပြီးတွင် သံတွဲမြို့တွင် အစ္စလာမ်ဘာသာရေးထုံးစံအတိုင်း မြှုပ်နှံသင်္ဂြိုမည်ဖြစ်ပါသည်။

ဒေသတွင်းအခြေအနေရှုပ်ထွေးမှုကြောင့် သတင်းထောက်ဝင်ရောက်ရန်အခက်အခဲများရှိနေသေးသောကြောင့် ဒေသခံများနှင့် သက်ဆိုင်ရာကို ဖုန်းဖြင့်ဆက်သွယ်အတည်ပြုပြီး ထပ်မံ၍ဖြည့်စွက်ပြင်ဆင်တင်ပြပေးပါမည်။

သတင်းအတည်ပြုချက်ရယူရန်-

(၁) ဦးညွှန့်မောင်ရှိန် – ဥက္ကဌ- အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ဖုန်း- 00959420064586
(၂) ကိုငပိ- သံတွဲမြို့ခံ ဖုန်း- 0095973033286
(၃) ကိုမျိုးသီဟကျော် – သံတွဲမြို့ခံ ဖုန်း 00959851639

Leave a Reply