6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

သန့်စင်ဖြိုး

တရားဥပဒေဆိုတာ… အရေးယူမှုဆိုတာ လူထုရဲ့နောက်မှာပါ… လူထုဆိုတာ ဒီမိုကရေစီစံနစ်မှာသာမက ဘယ်လိုအခြေအနေမှာမဆို အခြေခံအကျဆုံးဖြစ်ပါတယ်… ဒါ့ကြောင့် လူထုရဲ့တွေးတောစဉ်းစားပုံကို အစဉ်တစိုက်အဆင့်မြှင့်တင်ပြီး လူသားပီသစေဖို့ဆိုတာ အမြဲတစေကြိုးစားအားထုတ်သင့်သောအရာတစ်ခုဖြစ်ပါတယ်…

ရက်ပိုင်းကပဲ ရခိုင်ပြည်နယ် ရမ်းဗြဲကျွန်းမှာဖြစ်ပွါးခဲ့တဲ ရာဇဝတ်မှုကို သတင်းတွေမှာဖော်ပြရာမှာ နည်းမှန်လမ်းမှန်မရှိတာကြောင့် မလိုလားအပ်တဲ့ နောက်ဆက်တွဲတွေဖြစ်လာနိုင်တာကို ရည်မျှော်ပြီး ကျနော်တို့တတ်နိုင်တဲ့နည်းလမ်းနဲ့ စာပေရေးသားဖြန့်ဝေပြီး လူထုကြားကိုရောက်အောင်လုပ်ခဲ့ပေမဲ့ ဝမ်းနည်းစရာကောင်းတဲ့ကိစ္စတွေကတော့ ဆိုက်ဆိုက်မြိုက်မြိုက်ကိုရောက်ရှိလို့လာပါတော့တယ်…

လူမျိုးရေး/ဘာသာရေး အဓိကရုန်းဆိုတာ ဖြစ်လို့ကောင်းတဲ့အရာမဟုတ်တာသိတာကြောင့် ဒီလိုမျိုး အုံကြွမှုတွေ၊ အချင်းချင်းအမုန်းတရားတွေတိုးပွါးစေမှုတွေ၊ လိုတာထက်ပိုပြီးဝါဒဖြန့်ချိမှုကြောင့် လူထုအတွင်းလမ်းလွဲသွားမှာတွေကို မဖြစ်စေချင်လွန်းလို့ အွန်လိုင်းသုံးနေကြတဲ့ မြန်မာနိုင်ငံသားတွေထဲက (လူမျိုးမရွေး၊ ဘာသာမရွေး) လူအချို့ကကြိုးပမ်းခဲ့ကြပေမဲ့ လူအများစုပါမလာတာကြောင့် အခုဆိုရင် ရခိုင်ဒေသတွင်းမှာ ပိုမိုကျပ်တည်းတဲ့အခြေအနေဖြစ်သွားတာပါ… ဒါ့အပြင် လူအများစုအနေနဲ့ ဒီလိုပိုမိုဆိုးရွားတဲ့အနေအထားဖြစ်လာဖို့ အတွက် လှုံ့ဆော်ရေးသားတာတွေ၊ ထောက်ခံရေးသားတာတွေလုပ်ခဲ့တဲ့အတွက်ကြောင့် ဒီအခြေအနေဖြစ် ပေါ်လာတယ်ဆိုတာ တွေးကြည့်ရုံနဲ့တင်အဖြေပေါ်နေပါတယ်…

ဒါ့ကြောင့် ဒီနေ့ဖြစ်ပေါ်လာတဲ့ အပြစ်မဲ့တဲ့လူ ၈ဦး(သို့မဟုတ်)၁၀ဦးကို သတ်ဖြတ်မှု၊ တောင်ကုတ်၊ သံတွဲ၊  စစ်တွေ နဲ့ သံတွဲ-တောင်ကုတ်ကားလမ်းတစ်လျှောက် လူအချင်းချင်းတုတ်တပြက် ဒါးတပြက်နဲ့ လူမျိုးရေး/ဘာသာရေးကို အကြောင်းခံပြီးဖြစ်နေကြတာတွေဟာ သတင်းတစ်ခုကို လိုအပ်တာထက်ပိုပြီး အရေးအခင်းတစ်ခု အဓိကရုန်းတစ်ခုအနေအထားရောက်အောင် ဖြန်ချိရေးသားတဲ့သတင်းဌာန၊ အဆိုပါသတင်းကို ရေရှည်အကျိုးအပြစ်မမျှော်ကိုးပဲ ဖြန့်ချိခဲ့ကြသူတွေ၊ အဆိုပါသတင်းအောက်မှာ လူမျိုးရေး/ဘာသာရေးသွေးထိုးလှုံ့ဆော်ဆဲဆိုရေးသားသူတွေ ရဲ့ စနက်မကင်းဘူးလို့ပြောပါရစေ…

လူမျိုးမရွေး၊ ဘာသာမရွေး လက်တစ်ဆုပ်စာ လူတစ်စုက ဖြစ်သင့်ဖြစ်ထိုက်တာကို တင်ပြပြောဆိုပြန်တော့လည်း အပျော့နည်း အမာနည်းပေါင်းစုံနဲ့ အားပျော့ပျက်ပြယ်အောင်ပြောဆိုသူတွေအနေနဲ့လည်း အခုလိုမျိုး မလိုလားအပ်တဲ့အဓိကရုန်းပုံစံဖြစ်လာချိန်မှာ မိမိတို့တတ်နိုင်တဲ့ဘက်နေပြီး မဖြစ်သင့်တာမဖြစ်ဖို့ ထိန်းသိမ်းပေးပါလို့တောင်းဆိုချင်ပါတယ်…

နောက်ဆုံးအနေနဲ့ တိုင်းပြည်မှာ သင့်တင့်လျှောက်ပတ်တဲ့ ဩဇာအာဏာရှိတဲ့ ဘာသာရေး၊ နိုင်ငံရေး စတဲ့နယ်ပယ်ကပုဂ္ဂိုလ်များအနေနဲ့လည်း အခုလိုမျိုးဖြစ်ရပ်တွေကို ကြီးရာမှသေးအောင်၊ သေးရာမှပပျောက်အောင် မိမိတို့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ဆောင်ရွက်ပေးပါလို့ တောင်းဆိုချင်ပါတယ်…

လူအချင်းချင်း လူလိုမြင်ကာ လေးစားတတ်ပြီး လူအချင်းချင်း ရန်ညှိုးဖွဲ့အမုန်းဇာတ်များ ကင်းဝေးကြပါစေ…

Leave a Reply