6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

စက်တင်ဘာ ၂၇ ၊ ၂၀၁၄
M-Media
201491961950832734_20
– ကမ္ဘာ့အကျော်ကြားဆုံး အလှကုန် ပစ္စည်းများတွင် သုံးစွဲသည့် အဓိကပါဝင် ပစ္စည်းတစ်ခုကို ရရှိရန်အတွက် ကလေးငယ်များမှာ အိန္ဒိယ မိုင်းတွင်းများတွင် တရားမ၀င် အလုပ်များကို ပင်ပန်းဆင်းရဲစွာ လုပ်ကိုင်နေကြရလေသည်။

DanWatch ဆို့သည့် အန်ဂျီအို အဖွဲ့မှ ထုတ်ပြန်သော အစီရင်ခံစာအရ အနည်းဆုံး နိုင်ငံတကာ ကုမ္ပဏီ ၁၂ ခုမှ ထုတ်လုပ်သည့် မိတ်ကပ်များ၌ ပါဝင်ပစ္စည်းဖြစ်သော မိုက်ကာ (အဖြိုက်) သတ္ထု တစ်မျိုးကို တူးဖော်ရန် အတွက် အိန္ဒိယနိုင်ငံ ဂျာခ့်ဟန်းနှင့် ဘီဟာပြည်နယ်များရှိ မိုက်ကာ မိုင်းတွင်းများတွင် ကလေး အလုပ်သမားများကို အသုံးပြုနေကာ အနည်းဆုံး ကလေးအလုပ်သမား ၅၀၀၀ ခန့်ရှိသည်ဟု ဖော်ပြထား၏။

အလှကုန်ပစ္စည်များတွင် အရောင်လက်သော အမှုန်လေးများ ပါဝင်စေရန်အတွက် “မိုက်ကာ”ကို အသုံးပြုခြင်းဖြစ်ပြီး၊ ထိုမိုက်ကာကို ကြားခံ ပွဲစားများက မိုင်းတွင်းများမှ ၀ယ်ယူကာ L’Oreal နှင့် Estee Lauder တို့ကဲ့သို့ ကမ္ဘာကျော် အလှကုန် လုပ်ငန်းများသို့ တစ်ဆင့် ပြန်လည်ရောင်းချကြလေသည်။

“ကျွန်တော်တို့ရဲ့ သုတေသနပြုမှုမှာ တရားမ၀င် မိုက်ကာ မိုင်းတွင်းတွေနဲ့ ကလေးအ လုပ်သမားတွေကို တွေ့ရှိခဲ့ပါတယ်။ ဒါဟာ အိန္ဒိယရဲ့ အရေးကြီးတဲ့ ပြဿနာတစ်ခုပါပဲ။ ပြီးတော့ ကုမ္ပဏီအများစုဟာ ကုန်ကြမ်ပစ္စည်း ဘယ်လိုရတဲ့ဆိုတာ စားသုံးသူတွေကို ရှင်းရှင်းလင်းလင်းမပြောကြပါဘူး”  ဟု DanWatch အဖွဲ့မှ လူစီ ဗိုလာကဆိုသည်။

ဆိုးရွားသည့်အလုပ်များ

ဂျာ့ခ်ဟန်းပြည်နယ် ကိုဒါမာမြို့ရှိ စွန့်ပစ်မိုက်ကာမိုင်းတွင်းတစ်ခုဖြစ်သော ချာကီမိုင်းတွင်းမှာပူးပြင်းလှသည့် နေရောင်အောက်တွင် တစ်ဖိတ်ဖိတ်တောက်လျက် ရှိနေသည်။  အိပ်ချင်မူးတူးဖြစ်နေသော ကလေးတစ်သိုက်က ကိရိယာ တန်ဆာပလာများကို ယူဆောင်ကာ ထိုမိုင်းတွင်းသို့ နွမ်းလျစွာ ချီတက်နေကြ၏။

အသက် ၅ နှစ်အရွယ် အဂျေး ဒက်စ်က မိုက်ကာတွင်း တစ်တွင်းထဲသို့ ခုန်ချကာ တစ်နေ့တာ အလုပ်ကို စတင်လေတော့သည်။ သေးငယ်သော လက်ကလေးများက တူကို ဟန်ချက်မပြတ်အောင် ထိန်းထားရသည်။ သို့သော် မိုက်ကာ ပွင့်များဖြင့် တောက်ပနေသည့် တွင်းနံရံကိုတော့ တိကျစွာ ထုနှက်နေလေသည်။

အန္တရာယ်များသည့် ထိုအခြေအနေတွင် အဂျေးမှာ တစ်နေ့လျှင် ၇ နာရီမှ ၈ နာရီအထိ တစ်ပတ် ၆ ရက်အလုပ်လုပ်ရသည်။ သို့ရာတွင် တစ်နေ့လုပ်ခ ရူပီ ၂၀ (ကန်ဒေါ်လာ ၃၃ ပြား) သာ ရရှိလေသည်။ ထိုပမာဏက ဆာလောင် ငတ်မွတ်သည့် သူ၏၀မ်းကို ဖြည့်နိုင်ရုံသာ ရှိလေ၏။

“ဒီမိုင်းတွင်းတွေကို လွန်ခဲ့တဲ့ နှစ် ၂၀ လောက်ကတည်းက ပိတ်ပစ်ခဲ့တာပါ။ အဲဒီအချိန်ကတည်းက စပြီး ဒီပတ်ဝန်းကျင်က ဆင်းရဲသားတွေဟာ ဒီထဲက အပိုင်းအစတွေကို လာလာ တူးကြပါတယ်”

ချာကီမိုင်းတွင်းနားတွင် အလုပ်လုပ်သည့် ကျောင်းဆရာတစ်ဦးဖြစ်သူ ရမ်လာခန် ပတ်စ်ဝမ်ကဆိုသည်။

“ဒီလိုလာတူးတာကြောင့် မကြာခဏ ပြဿနာတွေဖြစ်ပါတယ်။ မိဘတွေနဲ့အတူ လာတူးကြတဲ့ ကလေးတွေလည်းရှိပြီး မိုင်းတွင်းအမိုးပြိုကျလို့ ပိတ်မိပြီး သေသွားတာတွေလည်း မနည်းပါဘူး” ၎င်းက ဖြည့်စွက်ခဲ့သည်။

အသက် ၂၅ နှစ်အရွယ် မိုင်း လုပ်သား ကာရူဒက်စ်ကတော့ လွန်ခဲ့သည့် ငါးနှစ်က ချာကီ မိုင်းတွင်း မတော်တဆဖြစ်မှုတွင် ဇနီးသည်အား ဆုံးရှုံးခဲ့ရဖူးသည်။

“မိုကာအပိုင်းအစတွေကို စုဆောင်းဖို့လုပ်နေရင်း မိုင်းတွင်းထဲမှာ ပိတ်မိခဲ့တာပါ။ ကျွန်တော်တို့ သူ့ကို တူးပြီး ထုတ်လာတဲ့အခါမှာတော့ သေနေပါပြီ” ဟု ကာရူဒက်စ် က သူ၏ ကိုယ်တွေ့ဇာတ်လမ်းကို ဖွင့်ဟခဲ့သည်။

သို့သော်လည်း အခြားမည်သည့်နေရာကမှ ၀င်ငွေမရနိုင်သည့်အတွက် ကာရူကိုယ်တိုင်နှင့် ၎င်း၏ ကလေးများမှာ ထိုအန္တရာယ်တွင်းထဲသို့ပင် သက်ဆင်ခဲ့ရပြန်သည်။

“တရားဝင်ဝင် မ၀င်ဝင်၊ ဒါက ကျွန်တော်တို့ရဲ့ ထမင်း ၂ နှစ်နပ်အတွက် အာမခံချက်ပေးတယ်လေ” ဟု ၎င်းက ဆိုခဲ့၏။

ဝယ်လိုအား မြင့်တက်လာခြင်း

ဓာတုဗေဒ ပစ္စည်းများဖြင့် ပြုလုပ်ထားသည့် အလှကုန်များက ကင်ဆာ အပါအ၀င် ကျန်းမာရေး အတွက် ထိခိုက်မှုကို ဖြစ်စေသည့် အတွက်ကြောင့် သဘာဝပစ္စည်းများကို အသုံးပြု ထုတ်လုပ်သည့် တို့ပတ်၊ မက်စကာရာ၊ မျက်ခုံးဆွဲတံ၊ နှုတ်ခမ်းနီနှင့် လက်သည်းအလှဆင်ပစ္စည်းများ၏ ၀ယ်လိုအားမှာ တဟုန်ထိုး တိုးတက်လာသည်။ ထိုအကြောင်းအရင်းက အလှကုန်များတွင် အဓိက ပါဝင်ပစ္စည်းဖြစ်သည့် မိုက်ကာကို အကြီးအကျယ်ထုတ်လုပ်မှုသို့ ဦးတည်စေခဲ့သည်။

အိန္ဒိယမိုင်းတွင်းများဗျူရို၏ အဆိုအရ အိန္ဒိယမှာ တစ်နှစ်လျှင် မိုက်ကာ သတ္တုရိုင်းနှင့် အပိုင်းအစ တန်ချိန် ၁၅၀၀၀ ထုတ်လုပ်ပေးသည်ဟု သိရသည်။ ထိုပမာဏမှ တရားဝင် စာရင်းဖြစ်သည်။ သို့သော်လည်း ၂၀၁၁-၁၂ ခုနှစ်တွင် အိန္ဒိယမှာ မိုက်ကာသတ္တု ၁၃၀၀၀၀ ကျော် တင်ပို့ခဲ့၏။ တရားဝင်ပမာဏ၏ ၈ ဆခန့် ပိုများနေလေသည်။

အိန္ဒိယ၏ မိုက်ကာထုတ်လုပ်မှု ထက်ဝက်ခန့်က တရုတ်ပြည်သို့သွားသည်။ ထိုမှတစ်ဆင့် ဥရောပနှင့် အမေရိကန်တို့မှ အလှကုန် လုပ်ငန်းကြီးများသို့ ရောက် ရှိလေသည်။

သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စများကြောင့် အိန္ဒိယရှိ မိုက်ကာမိုင်းများကို လွန်ခဲ့သည့် နှစ် ၂၀ ကပင် ပိတ်ပစ်ခဲ့သည်။ ထိုပိတ်ပစ်မှုက တရားမ၀င် မိုင်းတွင်း လုပ်ကိုင်မှုနှင့် အန္တရာယ်များသော ထိုလုပ်ငန်းသို့ ကလေးများအား မိုင်းလုပ်သားအဖြစ် တွန်းပို့လိုက်သကဲ့သို့ ဖြစ်ခဲ့လေ၏။

DanWatch ၏ လေ့လာမှု အရ အိန္ဒိယမှ ပြည်ပသို့ တင်ပို့သည့် အရည်အသွေး အပြည့်ဝဆုံးသော မိုက်ကာပြားအများစုမှာ အဂျေးကဲ့သို့ ကလေးငယ်များ လုပ်ကိုင်နေသည့် တရားမ၀င် မိုင်းတွင်းများမှ ဖြစ်သည်ဟု ဆိုလေသည်။

တရားမ၀င်မိုင်းတွင်းများကြောင့် ၂၀၁၂-၂၀၁၃ ခုနှစ်တွင် ဂျာခ့်ဟန်းပြည်နယ်က ဘဏ္ဍာငွေ ကန်ဒေါ်လာ ၄ ဘီလီယံ ဆုံးရှုံးခဲ့သည်ဟု မကြာသေးမီက ထုတ်ပြန်ခဲ့သော အိန္ဒိယအစိုးရ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

၅၀၀၀ သော ကလေးများ

ကိုဒါမာမြို့အခြေစိုက် Jain Brothers မိုက်ကာမိုင်းတွင်းပိုင်ရှင် ဆူရက်ရှ် ကူးမားရ် ဂျိန်းက

201491973433189734_3“မိုက်ကာတူးဖော်ရေးလုပ်ငန်းမှာ ၁၉၉၃ ခုနှစ်လောက် အထိ အလုပ်သမား ၂ သောင်းလောက် အလုပ်လုပ်ကြပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ တရားဝင်လုပ်သား ၁၀၀၀ လောက်သာ ရှိပါတော့တယ်။ ကလေးလုပ်သား ၅၀၀၀ လောက်က တရားမ၀င် လုပ်နေကြပါတယ်။ အစိုးရအနေနဲ့ ဆင်းရဲတဲ့ ရွာသားတွေကို ဒီအလုပ် လုပ်ခွင့်ပြုပြီး၊ လိုအပ်တဲ့ ကြိုတင် ကာကွယ်မှုတွေလုပ်ကာ အန္တရာယ်ကင်းအောင် ဆောင်ရွက်ပေးသင့်ပါတယ်” ဟု မိုက်ကာ မိုင်းတွင်း လုပ်ငန်းကြောင်းကို ပြောကြားခဲ့သည်။

အလှကုန်လုပ်ငန်းတွင် ကလေးအလုပ်သမားများ အသုံးပြုမှုအတွက် ခေါင်းပုံဖျက်ခံရသည့် အလုပ်သမားများအရေး ဆောင်ရွက်ပေးနေသည့် DanWatch က ထုတ်ပြန်သည့်  အစီရင်ခံစာတွင် အလှကုန်ပစ္စည်း ၂၀ ကျော်ကို ထုတ်လုပ်ပေးနေသည့် ကုမ္ပဏီ ၁၆ ခုအား ဆန်းစစ်ခဲ့သည်ဟု ဖော်ပြထားသည်။ ထို ၁၆ ခုအနက် ၁၂ ခုမှာ ၎င်းတို့ အသုံးပြုနေသည့် မိုက်ကာမှာ မည်သည့် ရင်းမြစ်ကလာသည်ကို မသိကြ။

L’Oreal ကဲ့သို့ ကမ္ဘာတစ်ဝှမ်း အလှကုန်ပစ္စည်းများထုတ်လုပ်သော ကုမ္ပဏီများသို့ မိုက်ကာများ ထောက်ပံ့နေသည့် ဂျာမနီကုမ္ပဏီ Merck KGaA ကုမ္ပဏီကမူ ၎င်းတို့ မိုက်ကာကုန်ကြမ်းရယူသည့် ကြားခံပွဲစားများမှာ ကလေးအလုပ်သမားများ လုပ်ကိုင်သော မိုင်းတွင်းများမှ ၀ယ်ယူသည်ဟု ၀န်ခံခဲ့သည်။

သို့သော်လည်း ပွဲစားများက ၎င်းတို့၏ ဖောက်သည်များကို မပြောပြခဲ့ကြ။

“ကျွန်တော့် ဖောက်သည်တွေရဲ့ အမည်ကို မပြောနိုင်ပါဘူး။ ဒါဟာ စီးပွာရေး လျှို့ဝှက်ချက်ပါ။ ကုန်ကြမ်းတွေကို ကျွန်တော် တို့ ပြုပြင်ပြီး နိုင်ငံခြားက ဖောက်သည်တွေ ဆီ ပေးပို့တယ် ဆိုတာက ကျွန်တော်တို့ပြောနိုင်တာ အကုန်ပါပဲ” ဟု မိုက်ကာ ပွဲစားတစ်ဦးဖြစ်သူ မိုဟန် မိုဒီကပြောကြားခဲ့သည်။ သို့သော် ၎င်းလုပ်ကိုင်နေသည့် ကုမ္ပဏီအမည်ကိုတော့ ပြောပြခဲ့ခြင်းမရှိ။

အလ်ဂျာဇီးရားသို့ ပေးပို့သော အီးမေးလ်တွင် Merck ကုမ္ပဏီမှ မီဒီယာ ဆက်ဆံရေး မန်နေဂျာ ဂါးဟာဒ် လက်ခ်ျက

“Merck ရဲ့ လူမှုရေးဆိုင်ရာ စည်းကမ်းချက်မှာ ကလေးအလုပ်သမားတွေ အသုံးပြုတာကို ပိတ်ပင်ထားပါတယ်။ ကုန်ကြမ်ပေးပို့သူတွေအနေနဲ့ ကျွန်တော်တို့ ချုပ်ဆိုထားတဲ့ ကန်ထရိုက်မှာ ပါဝင်တဲ့ “ကလေးအလုပ်သမားများကို ခန့်ထားခြင်းမပြုရ” ဆိုတဲ့ စည်းကမ်းချက်အတိုင်း ဆောင်ရွက်ပေးဖို့ တောင်းဆိုပါတယ်။ စည်းကမ်းချက်နဲ့ ညီတဲ့ ကုန်ကြမ်ပေးပို့သူတွေဖြစ်လာဖို့နဲ့ အရောင်ထည့်တဲ့လုပ်ငန်းမှာ ကလေးအလုပ်သမားတွေ မပါဝင်ဖို့ လိုအပ်တဲ့ ဆောင်ရွက်ချက်အားလုံးကို Merck အနေနဲ့ အကောင်အထည်ဖော် ဆောင်ရွက်ပြီးပါပြီ” ဟု ရေးသားထားလေသည်။

ထို့ပြင် Merck အနေဖြင့် အိန္ဒိယမှ ထုတ်လုပ်သော မိုက်ကာများ အသုံးပြုခြင်းကို လျှော့ချမည်ဟု ဆိုသော်လည်း ဂျာ့ခ်ဟန်းပြည်နယ် မိုင်းတွင်းများမှထွက်သော မိုက်ကာများကို ဆက်လက်အသုံးပြုနေမည်ဖြစ်လေသည်။

မိုင်းတွင်းများတွင် ကလေးအလုပ်သမားများ အသုံးပြုမှုကို တွန်းလှန်ရေးအတွက် ကုမ္ပဏီများအနေဖြင့် မိုက်ကာများရရှိသည့် လမ်းကြောင်းများကို ဂျာခ့်ဟန်းအစိုးရနှင့် တိုက်ရိုက်ဆက်သွယ်ထားသော ခြေရာခံသည့် စနစ်တစ်ခု ထားရှိရမည်ဟု လက်ခ်ျက အကြံပြုခဲ့သည်။

အစိုးရက လစ်လျူရှုထားခြင်း

အသက် ၁၄ နှစ်အောက်ကလေးငယ်များ မိုင်းတွင်းများတွင် အလုပ်လုပ်ခြင်းကို တရားမ၀င်ဟု ကုလသမဂ္ဂ၏ သဘောတူညီချက်များတွင် ဖော်ပြထားသည်။ ထိုကဲ့သို့ အလုပ်ခိုင်းခြင်းက ကလေးငယ်များ အပေါ် အဆိုးဝါးဆုံး ခေါင်းပုံဖြတ်ခြင်းဖြစ်သည်ဟု နိုင်ငံတကာ အလုပ်သမားများအဖွဲ့ကလ်း သတ်မှတ်ထားလေသည်။

သို့သော်လည်း အိန္ဒိယရှိ မိုက်ကာမိုင်းတွင်းများတွင် ကလေးငယ်များ အလုပ်လုပ်နေရသည့် ကိစ္စမှာ နိုင်ငံတစ်ဝှမ်း အုတ်အော်သော201491973840768580_3င်းနင်း ဖြစ်နေသော်လည်း ထိုပြဿနာကို အိန္ဒိယအစိုးရ လစ်လျူရှုထား၏။

အလ်ဂျာဇီးရာက အိန္ဒိယသတ္ထုတွင်းဌာန အတွင်းရေးမှူး အနပ် ကေ ပူဂျာရီကို ဂျာခ့်ဟန်းရှိ တရားမ၀င် မိုင်းတွင်းများနှင့် ပတ်သက်၍ မေးမြန်းခဲ့ရာ

“ကျွန်တော်ဘာပြောရမှာလဲ။ အစိုးရအနေနဲ့ အဲဒီဒေသမှာ တရားမ၀င်လုပ်ငန်းတွေ လုပ်နေတယ်ဆိုတာ သိရှိခြင်း မရှိပါဘူး” ဟုသာ ပြန်လည်ဖြေကြားခဲ့လေ၏။

အလှကုန်လုပ်ငန်းများတွင် အသုံးပြုသော မိုက်ကာထုတ်လုပ်မှုနှင့် ကလေးအလုပ်သမားများ ဆက်စပ်မှုမှာ ယခင်ကလည်း ရှိခဲ့သည်။ Merck KGaA ကုမ္ပဏီမှာ အိန္ဒိယရှိ မိုက်ကာ မိုင်းတွင်းများတွင် ကလးအလုပ်သမားများကို အသုံးပြုနေသည်ဟု စွပ်စွဲချက်မျိုး ၂၀၀၉ ခုနှစ်တွင် ပေါ်ထွက်ခဲ့ဖူးသည်။

သိက္ခာဆယ်သည့်အနေဖြင် Merck က အန်ဂျီအိုအဖွဲ့ Bachpan Bachao Andolan (BBA) နှင့် ပူးပေါင်းကာ ဂျာခ့်ဟန်းတွင် ကလေးများ ရွာတစ်ရွာကို ဖန်တီးဆောက်လုပ်ပေးခဲ့သည်။ ထိုရွာမှ ကလေးများမှ အလုပ်မလုပ်ရပေ။ ထိုရွာတွင် စာသင်ကျောင်းများ၊ ဆေးရုံများနှင့် အခြားသော အဆောက်အဦးများလည်း ပါဝင်သည်။

သို့သော်လည်း BBA ကို တည်ထောင်သူ ကိုင်လာ့ရှ် ဆတ်ယာသီကမူ Merck ၏ ထိုလုပ်ရပ်မှာ အမြင်ကောင်းအောင် ဆောင်ရွက်ခြင်းသာဖြစ်သည်ဟု ဝေဖန်ခဲ့၏။

“သူတို့မှာ ရေရှည်လုပ်မယ့် အစီအစဉ်မျိုး မရှိပါဘူး။ စာသင်ကျောင်းကို သူတို့ ပျော်ပွဲရွှင်ပွဲ အများကြီးနဲ့ စတင်ခဲ့ပါတယ်။ ဒါပမေယ့် အခုအချိန်မှာ အဲဒီကျောင်းနဲ့ သူတို့လုပ်ခဲ့တဲ့ ကျန်းမာရေးစင်တာတွေဟာ ကောင်းကောင်းအလုပ်မလုပ်တော့ပါဘူး။ အစိုးရကလည်း တရားမ၀င်မိုင်းတွင်းတွေကို မရပ်တန့်ချင်ပါဘူး။ ပြီးတော့ ကလေးတွေရဲ့ ကောင်းကျိုးဆိုးကျိုးကိုလည်း ဂရုမစိုက်ပါဘူး”

အနာဂတ်ပျောက်နေသည့် ဂျာခ့်ဟန်းမှ ကလေးငယ်များအကြောင်းကို ဆတ်ယာသီက ဖွင့်ဟခဲ့ခြင်းပင်။

Al Jazeera သတင်းဌာနရဲ့  ” Ugly truth behind global beauty industry” ဆောင်းပါးကို လေးမောင် မြန်မာမှုပြု သည်။

Tags:

Leave a Reply