6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

စက်တင်ဘာ ၂၆၊ ၂၀၁၄
M-Media
ronaldo-challenges-rafa-nadal-to-a-duel-on-pokerstars
– တစ်ယောက်ချင်း ပိုကာကစားရန် ဘရာဇီးလ်ဂန္တ၀င်တိုက်စစ်မှူး ရော်နယ်ဒို၏ စိန်ခေါ်မှုကို စပိန် တင်းနစ်အကျော်အမော် ရာဖေးလ်းနာဒယ်က လက်ခံလိုက်သည်ဟု သိရသည်။

ဂရင်းစလင်း ဆုဖလား ၁၄ ကြိမ်ရရှိထားသည့် နာဒယ်နှင့် ရော်နယ်ဒိုတို့မှာ ယမန်နှစ်က ပြုလုပ်ခဲ့သည့်  European Poker Tour Prague Charity Challenge ပြိုင်ပွဲတွင်လည်း တွေ့ဆုံခဲ့ပြီး ထိုစဉ်က နာဒယ်က အနိုင်ရရှိခဲ့သည်။

ထို့ကြောင့် မကျေပွဲအဖြစ် ရော်နယ်ဒိုက ပြန်လန်စိန်ခေါ်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ နှစ်ဦး၏ ပွဲအား လာမည့်နိုဝင်ဘာ ၆ ရက်နေ့တွင် လန်ဒန်၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကာ Pokerstars.com မှ ကမ္ဘာတစ်ဝှမ်းသို့ တိုက်ရိုက်ထုတ်လွှင့်သွားမည်ဖြစ်သည်။

“ပြီးခဲ့တဲ့အခေါက် ကျွန်တော်တို့ ကစားတုန်းက ရာဖာ(နာဒယ်) အနိုင်ရခဲ့ပြီး ပျော်စရာကောင်းခဲ့ပါတယ်။ အခုတစ်ခေါက်တော့ အရင်ကနဲ့ မတူတော့ပါဘူး။ ဘာ့ကြောင့်လည်းဆိုတော့ ကျွန်တော်ရဲ့ ပိုကာအရည်သွေးဟာ တိုးတက်လာပြီး ပြင်ဆင်မှုတွေလည်း ပြုလုပ်ထားမှာမို့လို့ပါ” ဟု ရော်နယ်ဒိုက ပြောကြားခဲ့သည်။

ရော်နယ်ဒို၏ စိန်ခေါ်မှုကို လက်ခံခဲ့သည့် နာဒယ်ကမူ ထိုပွဲမှာ မိမိ၏ဘ၀တွင် ပထမဆုံး တိုက်ရိုက်ထုတ်လွှင့်ခံရမည့် ပိုကာကစားပွဲ ဖြစ်လာမည်ဖြစ်ကြောင်း၊ ရော်နယ်ဒိုနှင့် နောက်ဆုံးယှဉ်ပြိုင်သည်မှာ တစ်နှစ်ကြာခဲ့ပြီးနောက် မိမိ၏ ကျွမ်းကျင်မှုအတွက် ယုံကြည်မှု ပိုလာကြောင်း ပြောကြားခဲ့သည်။

“ပိုကာကစားရတာကို ကျွန်တော့် တကယ့်ကို နှစ်သက်ပါတယ်။ ဒါ့ကြောင့် အဲဒီကစားပွဲအတွက် လေ့ကျင့်ဖို့ ကျွန်တော် မစောင့်နိုင်တော့ပါဘူး” ဟု ၎င်းက ဖွင့်ဟခဲ့သည်။

Daily Mail

Tags:

Leave a Reply