6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

အာရဘ်နိုင်ငံများတင်သွင်းသော  ဥပဒေမူကြမ်း ဖြစ်သည့် အစ္စရေးနိုင်ငံအား နိုင်ငံတကာ နျူကလီးယားလက်နက်မပြန်ပွားရေးစာချုပ် (NPT) တွင် ပါဝင် လက်မှတ်ထိုးရန်တောင်ဆိုချက်ကို နိုင်ငံတကာ အနူမြူ စွမ်းအင် အေဂျင် စီ ညီလာခံတွင် ထောက်ခံမဲ ၄၆မဲ၊ကန့်ကွက်မဲ ၅၁မဲ၊ကြားနေမဲ ၂၃မဲဖြင့် ပယ်ချလိုက်ပါသည်။ အာရဘ်နိုင်ငံများဦးဆောင်တင်သွင်းသော အဆိုပါ ဥပဒေကြမ်းက အနာဂတ် အရှေ့အလယ်ပိုင်း လုံခြုံရေး ဆိုင်ရာတွင်အစ္စရေးနိုင်ငံ၏  ပူးပေါင်း ဆောင်ရွက်မှုကို အခက်တွေ့ စေနိုင်ကြောင်း ညီလာခံတွင်ခြိမ်းခြောက် ခဲ့သည်။ ဒါကို အတည်ပြုမယ်ဆိုရင် အရှေ့ အလယ်ပိုင်း တည်ငြိမ်ရေးကို ပြန်သုံးသပ် ရပါမယ် ” ဟု အစ္စရေး ကိုယ်စားလှယ် က မဲမခွဲခင် သတိပေးပြော ဆိုခဲ့ပါသည်။

နိုင်ငံတကာက မျက်ကွယ် ပြုထားနေသော အစ္စရေး နျူးကလီးယား လက်နက်တိုက်က အရှေ့အလယ်ပိုင်းတည်ငြိမ်ရေးနှင့် လုံခြုံရေး ကိုခြိမ်းခြောက် နေကာ၊ဒေသတွင်း နျူးကလီးယား လက်နက်ပြိုင်ပွဲကိုဦးတည် စေနိုင်ကြောင်း ၊ ယင်းသို့ ဥပဒေကြမ်း ပယ်ခံ လိုက်ရသဖြင့် လက်ရှိ စတင်ထားသော  ပါလက်စတိုင်း- အစ္စရေး ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အကျပ်တွေ့ စေခဲ့ကြောင်း အာရဘ် ကိုယ်စားလှယ်များက တုန့်ပြန်တင်ပြခဲ့သည်။ အမေရိကန် ပြည်ထောင်စု ကလည်း ၎င်းဆုံးဖြတ်ချက် မူကြမ်းကို ရုပ်သိမ်းပေးရန် အစောပိုင်းတွင် တိုက်တွန်းထားခဲ့သည်။ “ဒီဆုံးဖြတ် ချက်ကြောင့် အခက်အခဲ တွေကြားက စတင်ခဲ့တဲ့ ကျင်းပနေတဲ့ ပါလက်စတိုင်း အစ္စရေး ငြိမ်းချမ်းရေး ဆွေးနွေး ပွဲကို ကျပ်တည်း စေခဲ့တာပဲ” ဟု အမေရိကန် သံအမတ် Glyn Davies ကဝေဖန်ခဲ့ပါသည်။ အစ္စရေးအနေဖြင့် နျုးကလီးယားလက်နက်မပြန့်ပွားရေးစာချုပ် တွင်လက်မှတ်ထိုး ပါက  သူပိုင်ဆိုင်ထား သော နျုးကလီး ယား လက်နက်တိုက်ကို ကမ္ဘာသိရှိမည် ကို ကိုစိုးရိမ်သောကြာင့် လက်မှတ် ရေးထိုးရေးကို ရှောင်လွဲနိုင်ရန် အမေရိကန်အရိပ်ခို နေပုံရကြောင်း အကဲခတ် များက သုံးသပ်နေကြသည်။ အမေရိကန်နှင့် အစ္စရေးတို့ က အီ၇န် သည် အရှေ့အလယ် ပိုင်းလုံခြုံရေးကို ခြိမ်းခြောက် နေသူဖြစ်ကြောင်းစွပ်စွဲနေသော်လည်း အီရန်မှာ NPT တွင်လက်မှတ်ရေးထိုးထားပြီးသူ၏ နျူးကလီးယား ဓါတ်ပေါင်းဖိုကို IAEA ၏ စစ်ဆေးခြင်းကို ခံယူထားသည်။ alarabiya

Tags:

Leave a Reply