6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

စက်တင်ဘာ ၃၀ ၊ ၂၀၁၄
M-Media
Z.ဇက်ဝိုင် ရေးသည်။
yangon-city-bus-circa-1945-yangon-rangoon
ကျနော်နေထိုင်ရာ လှိုင်မြို့နယ်မှ မြို့ထဲသို့သွားရန် ကားဂိတ်ကို ထွက်ခဲ့လိုက်သည်။ လမ်းကြားထဲမှထွက်၍ ကားမှတ်တိုင်သို့ မရောက်မီ အင်းစိန်လမ်းမပေါ်သို့ အရောက်မှာပင် အံ့သြစရာမြင်ကွင်း တစ်ခုကို တွေ့လိုက်ရလေသည်။ ယောင်္ကျား၊ မိန်းမ၊ လူကြီး၊ လူငယ်မရွေး ကိုယ်စီကိုယ်ငှ ထမင်းချိုင့်ဆွဲသူ၊ ယူနီဖောင်းဝတ်သူများ စုံလင်စွာ လမ်းလျှောက်၍ မြို့ထဲဘက်သို့သွားနေကြသော မြင်ကွင်းပင်။ ထို့ထက်ပို၍ အံ့သြစရာကောင်းသည်က ထိုသို့လမ်းလျှောက်နေကြသော လူတစ်ယောက်၊ နှစ်ယောက်တွဲ၊ အုပ်စု လိုက်အစရှိသူတို့၏ဘေးမှ နံပါတ် မျိုးစုံသော ဘတ်စ်ကား၊ အထူးကား၊ အဲယားကွန်းကား အစရှိသည့် အမည်နာမစုံ လိုင်းကားများ၏ စပါယ်ယာ၊ ဒရိုင်ဘာတို့မှ “ဦးဦး၊ ဒေါ်ဒေါ်၊ ကိုကို၊ မမ၊ ညီလေး၊ ညီမလေးများ ခင်ဗျာ ကျေးဇူးပြု၍ ကျွန်တော်တို့ကားကို စီးပေးကြပါခင်ဗျာ” ဟု သနားစဖွယ်အော်ဟစ်ခေါ် ငင်နေသော မြင်ကွင်းပင်ဖြစ်လေသည်။

ထိုသူတို့မှာ ထိုကဲ့သို့ ခေါ်ငင်နေသော်လည်း လမ်းလျှောက်သွားလာနေသော အလုပ်သမား၊ ရုံးဝန်ထမ်း၊ ပွဲစား၊ ကွန်ပျူတာသမား အစရှိသည်ဖြင့် အထွေထွေ တိုင်းပြည်၏ လုပ်သားတို့က ထိုသူတို့အား ဖုတ်လေသည့် ငပိ ရှိလေဟန်ပင် မပြဘဲ ကိုယ့်လမ်းကိုသာ ဆက်လျှောက်လျက်ရှိကြသည်ကို အံ့အားသင့်ဖွယ်ရာ မြင်တွေ့ လိုက်ရသော ကျနော်အဖို့မှာ “ငါတို့ရန်ကုန်မြို့ကြီးသူမြို့ကြီးသားတွေ မည်ကဲ့သို့ဖြစ်ကုန်ပြီလဲ မသိ” ဟုပင်တွေးလိုက် မိလေတော့သည်။

အတွေးပင်မဆုံးသေး လူတစ်ယောက် စကားသံကိုကြားလိုက်ရ၏။ “ဒီမှာ စပယ်ယာ မင်းတို့မောင်းတဲ့ လိုင်းကားကို ငါတို့လိုက်စီးလို့ရော အချိန် ဘယ်လောက်မြန်မြန်စောပြီး အလုပ်ရောက်မှာမို့လို့လဲ။ ကားလမ်းတွေကကြပ်ပြီး လမ်းပိတ်တာကတစ်မျိုး၊ မင်းတို့က ရပ်ချင်တဲ့နေရာ ရပ်ထားပြီး လူစောင့်တင်တာက တစ်မျိုးနဲ့ အခုလို လမ်းလျှောက်သွားလိုက်တာက ငါတို့မှန်းထား၊ သတ်မှတ်ထားတဲ့အချိန် ကွက်တိ အလုပ်ကိုရောက်တယ်ကွ။ စွမ်းအင်ကို ပိုသုံးလိုက်ရလို့ လူပင်ပန်းတာတစ်ခုပဲ။ မင်းတို့တွေ လုပ်ချင်တိုင်းလုပ်လို့ စိတ်ပင်ပန်းတာ ထက်စာရင် သက်သာပါတယ်ကွာ”ဟု စပယ်ယာ အားပြောလိုက်သော လူကြီးကို ကျနော်တလေးတစားနှင့် လှည့်ကြည့်ဖြစ်သည်။ ထိုလူကြီး၏ပုံစံမှာ သပ်ရပ်သားနားစွာ ၀တ်ဆင်ထားပြီး ကုမ္ပဏီတစ်ခု (သို့) ရုံးတစ်ရုံး၏ မန်နေဂျာရာထူးခန့် အနိမ့်ဆုံးရှိမည့်သူဟု ခန့်မှန်းမိလိုက်သည်။

ထိုလူကြီးမှပင် ကျနော့်ကိုဖော်ရွှေစွာ ပြုံးပြရင်း စကားဆိုလာပါသည်။

“ဟုတ်တယ်မလား ညီလေးရယ်။ မင်းပဲစဉ်းစားကြည့်လေ ငါတို့တွေကသူတို့ကိုအမြဲတမ်း ထမင်းကျွေးနေတဲ့ ခရီးသွားပြည်သူတွေလေ သူတို့အနေနဲ့ လေးလေးစားစား ဆက်ဆံရမှာ၊ အခုတော့ကြည့် သူတို့ ကားပေါ်တက်လိုက်တာနဲ့ ဒီမှာ အပေါက်ပိတ်မရပ်နဲ့ ခင်ဗျားတို့လူလိုနားမလည်ဘူးလား၊ ကားခ အကြွေထုတ်ထား အကြွေမပါရင် ပြန်အမ်းတာကြာမယ် စောင့်နိုင်ရင်စောင့်၊ ပိုက်ဆံမပါဘဲ ကားမစီးနဲ့ လမ်းလျှောက်ပြန် ဆိုတဲ့စကားတွေ ထပ်တလဲလဲပြောမယ် ပြီးရင် ဆင်းခါနီးကြတော့လည်း တုန်ချိတုန်ချိနဲ့ ဘယ်လို ဆင်းနေတာလဲ၊ အစောကြီးကတည်းက ဆင်းဖို့ကြို မလုပ်ထားဘူး ဘာညာနဲ့ဟောက်တယ်။ ဒါတင်လားဆိုတော့မဟုတ်ဘူး။ မှတ်တိုင် တစ်တိုင်မှာ အသေရပ်ပြီး နောက်ကားမလာမချင်း လူရရ မရရ စောင့်တယ်။ နောက်ကားလာမှ ဂျိမ်းစ်ဘွန်းရှုံးအောင် ကားမောင်းပြိုင်တယ်။ အဲဒီလိုရပ်တာမြေနီကုန်း၊ မီးပွိုင့် ထိပ်လိုနေရာမျိုးမှာဆို အဆိုးဆုံးပဲ။ ရှေ့ကားက မီးပွိုင့်စိမ်းတာတောင် မထွက်သေးဘဲ လူရပ်တင်နေတော့ နောက်ကကားတွေက တန်းစီပြီး ပိတ်ကုန်ရော။ အဲဒီလို စည်းကမ်းမဲ့မောင်းရင် လိုင်စင် ပိတ်သိမ်းမယ်ဆိုတော့ သူတို့ဘက်ကကား မထွက်ဘဲ ဆန္ဒပြတယ်ဆိုပဲ။ သဘောကတော့ သူတို့မောင်းချင် သလိုမောင်းမယ်။ ခရီးသည်က စီးနိုင်ရင်စီး အဲဒီလို စည်းကမ်း သတ်မှတ်ရင် ကျုပ်တို့ကား မထွက်နိုင်ဘူးဆိုတဲ့ အချိုးမျိုးနဲ့ ကျုပ်တို့လို ခရီးသွားပြည်သူတွေ အပေါ်ကို ဒင်းတို့က ဘယ်လိုသဘောထားတယ်ဆိုတာ အရှင်းကြီးမြင်နေရတယ်။ ဟော အခုတော့ကြည့် ကျုပ်တို့ပြည်သူတွေ အားလုံးက တက်ညီလက်ညီနဲ့ ဒင်းတို့ကားကိုမစီးဘဲ အခုလို လမ်းလျှောက်ပြလိုက်မှ ကျုပ်တို့တန်ဖိုးကိုဒင်းတို့ ကောင်းကောင်း နားလည်တာပေါ့ကွာ မဟုတ်ဘူးလား”

ထိုလူကြီး၏ စကားအဆုံးမှာ ကျနော်နှစ်သက်စွာပင် အားရပါးရပြုံးလိုက်မိသည်။

ဟုတ်တာပေါ့ဗျာ။ ကျနော်တို့မြန်မာနိုင်ငံသားတွေက တကယ့်ကိုစည်းလုံးညီညွတ်သူတွေပါ။ တချို့သော စုန်းပြူးတွေအတွက် အခုလိုစည်းလုံးညီညွတ်ကြမယ်ဆိုရင် …………………………………

“ဟေ့လူ – ထထ … ခင်ဗျားဘာသဘောလဲဗျ။ ဟမ်း … ဒါ သံဃာတော်ခုံဗျ ခင်ဗျား နားမလည်ဘူးလား”

ဟုတ်ကဲ့ – ကျနော် ဘတ်စ်ကားစီးရင်းအတွေးချော်သွားခြင်းဖြစ်သည်။ ကားပေါ်သို့ကြွလာသော ဘုန်းဘုန်းကို လက်အုပ်ချီတောင်းပန်ရင်း သံဃာတော်ဦးစားပေးဟု ဆိုသော ခုံနေရာမှဖယ်ပေးလိုက်ပါသည်။ နောက်ဆုံး တစ်ခုအနေနှင့် စိတ်ကူးထဲမှ လူကြီးကို လှမ်းပြောချင်ပါသည်။ ဘတ်စ် ကားစီးပြီးဆိုလျှင် သံဃာတော်နှင့် သက်ကြီးရွယ်အို ကိုယ်ဝန်ဆောင် အမျိုးသမီး အစရှိသူတို့ကိုလည်း ကျနော်တို့ ခရီးသွားပြည်သူများဘက်မှ အလိုက်တသိဖြင့် ဦးစားပေးကာ မိမိထိုင်နေသော နေရာမှဖယ်ပေးကြရန်လိုပါသည် ဟုသာ …………. ။

Z.ဇက်ဝိုင်

Photo Credit-  TravelPod

Tags:

Leave a Reply