News @ M-Media

ဟောင်ကောင် အုပ်ချုပ်ရေးမှူး ယနေ့ည နောက်ဆုံးထား၍ ရာထူးမှ ဆင်းပေးရန် ဆန္ဒပြသူများ ရာဇသံပေး

အောက်တိုဘာ ၂ ၊ ၂၀၁၄
M-Media

Hong Kong protesters

– ဟောင်ကောင်တွင် ဒီမိုကရေစီအရေး ဆန္ဒပြသူများက ဟောင်ကောင်  အုပ်ချုပ်ရေးမှူးအား ယနေ့ည ၁၂ နာရီ နောက်ဆုံးထား၍ ရာထူးမှနှုတ်ထွက်ပေးရန် ရာဇသံပေးလိုက်ပြီဟု သိရသည်။

ဟောင်ကောင်ရှိ အဓိကကျသည့် လမ်းများကို ပိတ်ဆို့၍ ဆန္ဒပြမှု လေးရက်မြောက်လာခဲ့ပြီးနောက် ဆန္ဒပြသူများမှာ ယခုကဲ့သို့ ရာဇသံပေးလိုက်ခြင်းဖြစ်ပြီး မလိုက်နာပါက အစိုးရအဆောက်အဦးများကို သိမ်းပိုက်ခြင်းအပါအ၀င် ဆန့်ကျင်မှုများကို တိုးမြှင့်လုပ်ဆောင်သွားမည်ဟုလည်း သတိပေးခဲ့သည်။

ယနေ့နံနက်တွင် ဆန္ဒပြသူများမှာ ဟောင်ကောင်ရှိ အဓိကလမ်းမများတွင် ဆက်လက် စခန်းချထားဆဲဖြစ်ပြီး၊ ဆန္ဒပြသူချို့မှာ ဟောင်ကောင်အုပ်ချုပ်ရေးမှူး Leung ၏ ရုံးခန်းဘေး အဆောက်အဦးကို စတင်သိမ်းပိုက်နေကြသည်။

Leung အနေဖြင့် ဆန္ဒပြသူများကို သီတင်းပတ်အနည်းငယ်အထိ ဆက်လက်ခွင့်ပြုထားဖွယ် ရှိနေသည်ဟု ဟောင်ကောင်အုပ်ချုပ်ရေးအသိုင်းအ၀ိုင်း၏ ပြောကြားမှုကို Reuters သတင်းဌာနက ဖော်ပြခဲ့သည်။ တရုတ်အစိုးရကလည်း Leung အား အပြည့်အ၀ ထောက်ခံပေးထားပြီး ဆန္ဒပြမှုအား ကိုင်တွယ်ပုံကိုလည်း ကျေနပ်နေသည်ဟု ဆိုသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ယီကမူ မိမိတို့၏ ပြည်တွင်ရေးအား ၀င်ရောက်စွက်ဖက်ခြင်း မပြုရန် အမေရိကန်နှင့် နိုင်ငံခြားတိုင်းပြည်များအား သတိပေးထားသည်။

ref_ Al Jazeera and agencies

Comments

Leave a Reply