6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

အောက်တိုဘာ ၁၀ ၊ ၂၀၁၄
M-Media
သတင်း-သူရိန်
10695072_4882984608685_782124245_n
ပဲခူး။    ။ အစ္စလာမ် ဘာသာဝင်များ၏  အီးဒ်ပွဲတော်(အီးဒ်ဒွလ်အသွဟာ )နေ့ အထိမ်းအမှတ်  အဖြစ် ကျန်းမာရေး စောင့်ရှောက်မှု အလှူ တရပ်ကို အောက်တိုဘာလ (၉) ရက်နေ့က ပဲခူးမြို့ ညောင်ဝိုင်း အင်းကြီးကျေးရွာတွင် ပြုလုပ်ခဲ့ ကြောင်းသိရပါတယ်။

အဆိုပါ အစီအစဉ်ကို မြန်မာမွတ်စလင်မ်ပညာရေးနှင့် ငြိမ်းချမ်းရေး ကော်မတီမှ ကြီးမှူးစီစဉ်ခြင်းဖြစ်ပြီး ဘာသာပေါင်းစုံမှ ပရဟိတ ညီအစ်ကို မောင်နှမများက ပူးပေါင်းပါဝင် လှူဒါန်းခြင်းလည်းဖြစ်ပါတယ်။

ညောင်ဝိုင်းအင်းကြီးကျေးရွာတွင် လူပေါင်း၂၅၀ကျော်ကို ဆေးကုသပြီး လိုအပ်သည့် ဆေးဝါးအကူအညီများလည်း ပေးခဲ့ကြောင်းသိရပါတယ်။

“အီးဒ်ပွဲတော် အထိမ်းအမှတ်အနေနဲ့ အလှူဆိုပြီးလုပ်တာပါ။ အီးဒ်နေ့မှာ ဒီလိုပရဟိတ လုပ်ငန်းမျိုးတွေလုပ်တာလည်း ဖြစ်ပါတယ် “ဟု ရွှေပါရမီမေတ္တာဆေးခန်းမှ ကော်မတီဝင်တစ်ဦးက ပြောပါတယ်။

အဆိုပါပွဲကို စီစဉ်သော ပရဟိတ အဖွဲ့အစည်းသည် ပဲခူးမြို့နယ်အတွင်း သွေးလှူဒါန်းခြင်း ကျန်းမာရေးချို့တဲ့သော ဝေဒနာရှင်များ အတွက် အောက်ဆီဂျင် အခမဲ့လှူဒါန်းခြင်း ပညာသင်စရိတ်များ ထောက်ပံ့ခြင်းများ အပြင် မကြာခင်က ပဲခူးမြို့ရေဘေးသင့်ရာတွင် ရေသန့်လှူဒါန်းခြင်းနှင့် ရေဘေးသင့်ပြည်သူများကို ကူညီစောင့်ရှောက်ရာတွင် တက်ကြွစွာဆောင်ရွက်ခဲ့သော အဖွဲ့ တစ်ခုလည်းဖြစ်ကြောင်း သိရှိရပါတယ်။

Leave a Reply