6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

အောက်တိုဘာ ၁၅ ၊ ၂၀၁၄
ကောင်းလွန်း ရေးသားသည်။
cane-2-man-cane-on-the-left
ဒီနေ့ အောက်တိုဘာ ၁၅ရက်နေ့ဟာ.. ကမ္ဘာ့မျက်မမြင်များ အတွက် White Cane Safety Day ဖြစ်ပါတယ်..။ ဒီ ပို့စ် ကို ဖတ်နေကြသူများ အားလုံးဟာ မြင်သူများ ဖြစ်ကြပါတယ်..။ မျက်မမြင် တွေမှာ တော့ စာဖတ်ဖို့ နေနေသာသာ လမ်းလျှောက်ဖို့တောင် အခက်အခဲ အများကြီး ရှိပါတယ်..။ လူ့ဘဝမှာ ခြေထောက်မရှိတဲ့ ဒုက္ခိတ.. လက်မရှိတဲ့ ဒုက္ခိတ စတဲ့ ဒုက္ခိတပေါင်း များစွာထဲမှာ မျက်စိမမြင်ရတဲ့ ဒုက္ခိတတွေဟာ ကိုယ်ချင်းစာနာဖို့ အကောင်းဆုံး သူတွေပါ..။ သူတို့မှာ အလင်းရောင်ဆိုတဲ့ အခမဲ့ ရယူခံစားခွင့် ကြီးကို လက်လွှတ် ဆုံးရှုံး ထားကြရပါတယ်..။ ဘာကိုမျှ မမြင်ရတဲ့ အတွက် ခန္ဓာကိုယ် ရဲ့ တခြား အစိတ်အပိုင်းတွေ ကောင်းနေသည့်တိုင်အောင် လွတ်လွတ်လပ်လပ် သွားလာ လှုပ်ရှားလို့ မရရှာကြပါဘူး..။

2012 က ရရှိခဲ့တဲ့ အချက်အလက် တွေအရ ကမ္ဘာပေါ်မှာ အမြင်အားနည်းသူတွေ ၂၄၆သန်း ရှိပြီးတော့ လုံးဝမမြင်ရဘဲ အလင်းကွယ်နေသူတွေ ၃၉သန်း ရှိပါတယ်..။ အများဆုံးကတော့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ဖြစ်ပြီး အသက် ၅၀ ကျော်တွေများပါတယ်..။

ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်း တခုခုဆုံးရှုံး ရခြင်းဟာ ဘဝမှာ ဆုံးရှုံး မှု နဲ့ အတူ ခက်ခဲမှုတွေကို ဖြစ်ပေါ်စေပါတယ်..။ ဒါပေမယ့် ဆက်လက် ရှင်သန် လို့ ရပါသေးတယ်..။ မျက်စိနှစ်ကွင်း အလင်းဆုံးရှုံးသွားရင်တော့ အဲဒီဆုံးရှုံးမှုဟာ အလွန် ကြီးမားလှပါတယ်..။ ဒါပေမယ့် လူ့ဘဝဟာ ရခဲလှတဲ့ အတွက် အဲဒီလို မျက်စိနှစ်ကွင်း အလင်းဆုံးရှုံး သွားခဲ့သူများကို တတ်နိုင်သလောက် ကူညီ ကြရအောင်ပါ..။ သူတို့ အတွက် အထောက်အကူဖြစ်စေမယ့် ပစ္စည်းတွေ လှူ ဒါန်း ပံ့ပိုး ပေးခြင်းနဲ့ သူတို့ ဘဝကို ရှေ့ဆက် နိုင်အောင် ကူညီကြရအောင်ပါ..။

သူတို့ အတွက် လမ်းလျှောက်တုတ်လေးတွေကို White Cane လို့ ခေါ်ပါတယ်..။ အနည်းဆုံး ဈေးက အမေရိကန် ၁.၅ ဒေါ်လာ ပါ..။ ၂ဒေါ်လာတန် သုံးဒေါ်လာတန် လေးဒေါ်လာတန် စသည်ဖြင့် အစားစား ရှိပါတယ်..။ လှူ လိုသူ တွေ စုပြီး မှာမယ် ဆိုရင် မှာလို့ ရပါတယ်..။ ပို့ခတော့ ထပ်ဆောင်းပေးရမှာပါ..။ ဒါဟာ ကမ္ဘာ့ပေါက်ဈေးပါပဲ..။ အလှူငွေ ကျပ်ထောင်ဂဏန်းလောက်နဲ့ အလင်းကွယ်နေသူ တစ်ယောက်ကို စိတ်ချလုံခြုံစွာလမ်းလျှောက် နိုင်စေတဲ့ အကျိုး ဖြစ်ထွန်းစေမှာပါ..။ လူစု ငွေစု ပြီး လှူ နိုင်ကြပါစေ..။

ချစ်ခင်စွာဖြင့်
.ကောင်းလွန်း

Leave a Reply