အောက်တိုဘာ ၁၅ ၊ ၂၀၁၄

မန္တလေး အကြမ်းဖက်မှုဖြစ်စဉ်တွင် လူသတ်မှုကျူးလွန်ခဲ့သည့် တရားခံများကို အမိန့်ချအပြီး အောက်တိုဘာ ၁၄ရက်က မန္တလေးခရိုင် တရားရုံးတွင် တွေ့ရစဉ်။ (ဓာတ်ပုံ- အောင်ကိုဦး၊ မဇ္ဈိမ)
ပြီးခဲ့တဲ့ ဇူလိုင်လက မန္တလေး မြို့မှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခ အတွင်း အစ္စလာမ် ဘာသာဝင် ကိုစိုးမင်းကို သတ်ဖြတ်ခဲ့မှုနဲ့ ဖမ်းဆီး ခံထားရသူ လူငယ် ၄ ယောက်ကို မန္တလေး ခရိုင် တရားရုံးက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်လိုက်ပါတယ်။
ဒီကနေ့ ပြစ်ဒဏ် ချမှတ်ခံကြရတဲ့ ကိုကျော်ဇင်ထက်၊ ကိုဉာဏ်ဌေး၊ ကိုဖိုးဇော်နဲ့ ကိုဇင်မင်းထွန်း တို့ဟာ ပုဒ်မ ၃၀၂ (၂)/ ၁၁၄ နဲ့ တရားစွဲဆို ခံခဲ့ကြရတာ ဖြစ်ပါတယ်။
သူတို့ မိသားစု ကတော့ အဆင့်ဆင့် အယူခံ ဆက်ဝင်သွားမယ်လို့ ပြောပါတယ်။
အဲဒီ ပဋိပက္ခ အတွင်းမှာပဲ ဗုဒ္ဓဘာသာဝင် ကိုထွန်းထွန်းကို သတ်ဖြတ်မှု အတွက် ဖမ်းဆီး ခံထားရသူတွေရဲ့ အမှုကိုတော့ စုံစမ်း စစ်ဆေးတုန်း ဖြစ်တယ်လို့ အမှုလိုက် ရှေ့နေက ပြောပါတယ်။
BBC (မြန်မာပိုင်း) မှ ကူးယူဖော်ပြသည်။
http://www.bbc.co.uk/burmese/
Comments