6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

အောက်တိုဘာ ၁၅ ၊ ၂၀၁၄
M-Media
Ronaldo passes 100m Facebook Likes
– ဆိုရှယ်မီဒီယာများတွင် လူကြိုက်များသည့် ဘောလုံး ကစားသမားများထဲ၌ ရီးယဲလ်မက်ဒရစ် အသင်း၏ ပေါ်တူဂီတိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုမှာ Facebook တွင် Like လုပ်သူ ပရိတ်သတ် သန်း ၁၀၀ ကျော်သွားခဲ့ပြီဟု သိရသည်။

အောက်တိုဘာ ၁၄ ရက်နေ့ တနင်္လာနေ့က ယခုကဲ့သို့ ကျော်သွားခြင်းဖြစ်ပြီး ရော်နယ်ဒိုကမူ ပရိတ်သတ်များ၏ အားပေးမှုအတွက် ကျေးဇူးတင်ကြောင်း ပြောကြားသည့် ဗီဒီယိုတစ်ခုကို ၎င်း၏ Facebook စာမျက်နှာတွင် လွှင့်တင်ခဲ့ကာ ထိုဗီဒီယိုတွင် ငယ်ဘ၀မှစ၍ ကစားသမား သက်တမ်းတစ်လျှောက် ပုံရိပ်အချို့ကိုလည်း ထည့်သွင်းထားသည်။

“လူတိုင်းကို ကျေးဇူးတင်ပါတယ်။ နောက်ဆုံးမှာတော့ Facebook မှာ ပရိတ်သတ် သန်း ၁၀၀ ရရှိခဲ့ပါပြီ။ Facebook မှာ ကမ္ဘာ့လူကြိုက်အများဆုံးတွေထဲက တစ်ယောက်ဖြစ်ရတာကို ဂုဏ်ယူမိပါတယ်” ဟု ရော်နယ်ဒိုက အဆိုပါ ဗီဒီယိုတွင် ပြောကြားခဲ့သည်။

ရော်နယ်ဒို၏ လာလီဂါပြိုင်ဘက် မက်ဆီမှာ Facebook ပရိတ်သတ် ၇၄ သန်းရှိပြီး၊ ပီအက်စ်ဂျီမှ ဇလာတန် အီဘရာဟီမိုဗစ်မှာ သန်း ၂၀ နီးပါး၊ မန်ယူ တိုက်စစ်မှူး ရူနီမှာ ၂၅ သန်း၊ မန်ယူ၊ ရီးယဲလ်၊ ပီအက်စ်ဂျီနှင့် အလ်အေ ဂလက်ဆီ ကစားသမားဟောင်း ဒေးဗ်ဘက်ခမ်းက ပရိတ်သတ် သန်း ၅၀ အသီးသီးရှိနေကြသည်။

ထို့ပြင် ရီးယဲလ်နှင့် ဘာစီလိုနာအသင်းတို့၏ Facebook ပရိတ်သတ်မှာ ၇၅ သန်းနှင့် ၇၆ သန်း အသီးသီးရှိကြပြီး ရော်နယ်ဒို၏ ပရိတ်သတ်မှာ ထိုထက်ပင် သာလွန်နေသည်။

ရော်နယ်ဒို၏ Facebook Fan Page https://www.facebook.com/Cristiano

Tags:

Leave a Reply