6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

အောက်တိုဘာ ၁၈ ၊ ၂၀၁၄
M-Media
WP-muslim-minorities-Dreamstime-sm
မွတ်စ်လင်မ်လူနည်းစုရှိရာ တိုင်းပြည်များရှိ ပုံသေ မူဟန်များမှ ခွဲထွက်ပြီး ထူးခြား ထိရောက်စွာ ဖောက်ထွက် အောင်မြင်ခဲ့သည့် မွတ်စ်လင်မ်များ အကြောင်း လေ့လာနိုင်အောင် တင်ဆက်ပါမည်။

နယ်သာလန်နိုင်ငံသား မွတ်စ်လင်မ်တစ်ဦးအနေနှင့် ကျွန်ုပ်သည် ရွှေ့ပြောင်းဝင်ရောက် အခြေချလာသည့်မွတ်စ်လင်မ် (တူရကီနှင့် မော်ရိုကိုနွယ်ဖွား အများစု) တို့မှာ ဒတ်ခ်ျ ယဉ်ကျေးမှုအတွင်း ရောယှက် လက်ခံသင့်ကြောင်း မကြာခဏ ဆိုသလို မီဒီယာများမှ တဆင့် ဖတ်ရှုရပါသည်။

ထိုဒတ်ခ်ျယဉ်ကျေးမှုအား လူသားဝါဒ၊ လောကီဝါဒ၊ ကက်သလစ်ဝါဒနှင့် ပရိုတက်စတင့်ဝါဒတို့ကို သဟဇာတဖြစ်စွာ ယာယီပေါင်းစည်ချက် တစ်ရပ်အဖြစ် ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြကြသည်။ ယဉ်ကျေးမှု အားနည်းခြင်းကြောင့် လည်းကောင်း၊ ဖိအားပေးခံရခြင်းကြောင့်လည်းကောင်း အခြေချသူ လူသစ်တို့မှာ ကြီးစိုးလွှမ်းမိုးနေသည့် ယဉ်ကျေးမှုဖက် ပိုမိုအားသာသည်ကို တွေ့ရ၏။

ကံမကောင်းအကြောင်းမလှစွာဖြင့် ၉/၁၁ အရေးပြီးသည့်နောက် မွတ်စ်လင်မ်တို့မှာ အယူသည်းဝါဒီ အုပ်စုဝင်များ၊ ခေတ်နောက်ပြန်ဆွဲ ဖိုဝါဒီ အစွန်းရောက်သမားများ အဖြစ် တံဆိပ်တပ်ခံရသည်။ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပနှင့် မြောက်အမေရိကတိုက်တွင် ယဉ်ကျေးမှုနှင့် လူမျိုး ရောယှက်မှု ကိစ္စများ အတော်အတန် မြင့်မားလာခဲ့သည်။ လွတ်လပ်စ ကိုလိုနီနယ်များမှ အလုံးအရင်းပြောင်းရွှေ့ ၀င်ရောက်လာကြခြင်း၊ ၁၉၇၀-၈၀နှစ်များအတွင်း တမဟုတ်ချင်း စီးပွားဖွံ့ဖြိုးမှုကို ကျားကန်ပေးမည့် လုပ်သားများ ခေါ်ယူခြင်း၊ ပဋိပက္ခဒေသများရှိ ဒုက္ခသည်များကို လက်ခံခြင်းတို့ကြောင့်ဖြစ်၏။ ယခုသော် ပြောင်းရွှေ့အခြေချခြင်းနှင့် ၎င်း၏ပြဿနာများက လူမျိုးစုံ၊ ဘာသာစုံ၊ ယဉ်ကျေးမှုစုံအကြား ရှုပ်ထွေးယှက်နွယ်မှု ကြီးမားစွာ ဖြစ်ပေါ်လာတော့သည်။ မွတ်စ်လင်မ်လူနည်းစုရှိရာ တိုင်းနိုင်ငံများစွာ၌ မွတ်စ်လင်မ်တို့သည် ဓားစာခံများ ဖြစ်နေကြရသည်။ ထို့ပြင် ဗြောင်ကျကျတစ်မျိုး ကောက်ကျစ်စွာတစ်ဖုံ အစ္စလာမ်ဆန့်ကျင်ရေးသမားတို့၏ တိုက်ခိုက်မှုများကို ရင်ဆိုင်နေရသည်။

ကံကောင်းသည့်အချက်ကား ကမ္ဘာအနှံ့ ယင်းနိုင်ငံများတွင် အောင်မြင်ပေါက်မြောက်သော မွတ်စ်လင်မ် အမြောက်အများ ပေါ်ထွန်း လာခြင်းပင် ဖြစ်သည်။ မှိုင်းသွင်းခံရမှုများအပေါ် အလုပ်ဖြင့် ရင်ဆိုင်ခဲ့ကြသည့် အမျိုးသမီး သုံးဦးနှင့် အမျိုးသားနှစ်ဦးအကြောင်းကို ကျွန်ုပ်တို့မှ တစေ့တစောင်း လေ့လာကြည့်ကြပါစို့။

၅။ တိုရွန်တိုတက္ကသိုလ်မှ သာသနာ့အကျိုးတော်ဆောင် အမ်ဂျဒ် တာဆင် (ကနေဒါ) Amjad Tarsin, Chaplain at the University of Toronto (Canada)

05-sm-381x600လစ်ဗျားအနွယ် အမ်ဂျဒ် တာဆင် (၂၈ နှစ်)သည် သူ၏ တိုတောင်းသော လူငယ်ဘ၀တွင် သာသနာ့ အကျိုးတော်ဆောင် ဘ၀ရောက်လိမ့်မည်ကို မည်သည့်အခါမျှ မမျှော်မှန်းဖူးခဲ့။ သူ၏မိဘများမှာ ကဒါဖီ လက်ထက် နိုင်ငံရေး နှိပ်ကွပ်မှုကြောင့် ၁၉၇၀ အစောပိုင်းနှစ်များ အတွင်း အမေရိကန်နိုင်ငံသို့ ထွက်ပြေးပြောင်းရွှေ့လာသူများဖြစ်သည်။

အစ္စလာမ့်ရေးရာ ဘွဲ့လွန်သင်တန်း မပြီးဆုံးခင်က သူသည် အင်္ဂလိပ်၊ အရဗီနှင့် အစ္စလာမ့်ရေးရာများကို စူးစိုက်လေ့လာခဲ့သည်။ ၎င်းနောက် မီချီဂန် တက္ကသိုလ်တွင် ဥပဒေပညာကို ၂ နှစ်သင်ယူပြီးနောက် ကျောင်း ထွက်ခဲ့သည်။ ကွန်နက်တိကပ်ရှိ Fairfield တက္ကသိုလ်၌ သာသနာ့ အကျိုးတော်ဆောင် အဖြစ် လုပ်ခဲ့ဖူးရာ ကျောင်းသားများနှင့် လက်ပွန်း တတီးဖြစ်ခြင်းကို မွေ့လျော်သောကြောင့် တိုရွန်တို တက္ကသိုလ်တွင် ထပ်မံကြိုးစားကြည့်ရန် အတွေးပေါ်လာသည်။

တိုရွန်တိုတက္ကသိုလ်၌ မွတ်စ်လင်မ် သာသနာ့ အကျိုးတော်ဆောင်အဖြစ် ဆောင်ရွက်ခြင်းမှာ အလွန် တာဝန်ကြီးလှကြောင်း သိမြင်သလို၊ ထိုနေရာတွင်နေ၍ ကျောင်းသားများ၏ လိုအပ်ချက်တို့ကို ပံ့ပိုးဝန်ဆောင်ပေးနိုင်မည် ဟုလည်း ယုံကြည်ထားသည်။ သူ့ကျောင်းသားများကို ကိုယ်ရည်ကိုယ်သွေးကောင်းမွန်မြင့်မားလာရန်၊  မိမိတို့၏ အယူဝါဒ၏ တန်ဖိုးတရားကို ပိုမိုသိမြင်လာပြီး လူ့အဖွဲ့အစည်းအား ကောင်းကျိုးပြုနိုင်ရန် စွမ်းဆောင်မြှင့်တင်ဖို့ သူ မျှော်လင့်ထားသည်။
(Asmaa Elhayek and Aiman Batool, ‘A Candid Conversation with Amjad Tarsin’, The Muslim Voice, 11 Oct 2012)

ကျောင်းသားတို့၏ လိုအပ်ချက်များအနက် ကျားမခွဲခြားမှုပြဿနာများကိုလည်း သူ စိတ်ပျက်ရသည်။ မကြာသေးမီက သောကြာနေ့ စုပေါင်းဝတ်ပြုမှုတစ်ခုတွင် အိမာမ်ကို မတွေ့ရသည့်နေရာ၌ ထိုင်ခဲ့ရာ အဆက်အသွယ်ပြတ်တောက်နေသလို ခံစားရကြောင်း ၀တ်ပြုမှုအပြီး သုံးသပ်မိခဲ့သည်။

“သူ့(အိမာမ်)ရဲ့ ကိုယ်နေဟန်ထားနဲ့ ပုံစံကို မထိတွေ့ရတဲ့အတွက် တစ်စုံတစ်ခု ပျောက်ဆုံးနေသလို ကျွန်တော် ခံစားလိုက်ရတယ်။ အဲ့ဒီမှာ အိမာမ်ကို မတွေ့မြင်ရတဲ့ နေရာက ညီမများစွာရဲ့ အခြေအနေ၊ ခံစားချက်တွေကို ကျွန်တော်ကို လှုပ်နိုးလိုက်ပါတယ်” ဟု သူ၏ ဖေ့စ်ဘွတ်စာမျက်နှာတွင် ရေးသားခဲ့၏။

အမ်ဂျဒ်သည် ကမ္ဘာအနှံ့လှည့်ပတ်နေထိုင်ခဲ့ပြီး ကနေဒါနိုင်ငံတွင် အစ္စလာမ်အကြောင်းနှင့် ဆွေးနွေးမှုဆိုင်ရာ ကွက်လပ်တစ်ခုရှိနေကြောင်း တွေ့လိုက်ရသည်။
(Chris Selley, ‘Q&A: Amjad Tarsin, U of T’s new Islamic chaplain, on Gaddafi, TIFF and moving to Toronto’, Toronto Life, 23 Nov 2012)

၎င်းပြင် အစ္စလာမ်အများစု တိုင်းပြည်များထက် မြောက်အမေရိကတွင် အစ္စလာမ်ကို ကျင့်သုံးရန် ပိုမိုလွယ်ကူ သက်သာစေနိုင်သည်ကိုလည်း တွေ့မြင်ထား၏။
သက်ဆိုင် လူ့အဖွဲ့အစည်းများအတွင်း ထင်ရှားကျော်ကြားနေသော ဤမွတ်စ်လင်မ် အမျိုးသမီး၊ အမျိုးသားငါးဦးတို့သည် ယနေ့မွတ်စ်လင်မ်တို့ အပေါ် အန္တရာယ်အဖြစ် သက်ရောက်နေသော မှိုင်းတိုက်နေမှုများကို ကမ္ဘာကသတိပြုမိအောင် ရင်ဆိုင်လာလိမ့်မည်ဟု ကျွန်ုပ်တို့မှ မျှော်လင့်ရပေသည်။ အစ္စလာမ်အား တစ်ဖက်သတ် ရွံမုန်းကြောက်ရွံ့ရောဂါမှာ အချိန်တိုတိုအတွင်း ပျောက်ကွယ်မသွားနိုင်သော်လည်း ကျွန်ုပ်တို့ မျှော်လင့်ထားသလို ဤပုဂ္ဂိုလ်တို့၏ အသံတိတ် လုပ်ဆောင်ချက်များက အမုန်းတရားနှင့် မတရား သုံးသပ်မှုတို့ဖက် ယိမ်းယိုင်နေသူများ၏နှလုံးသားတို့ကို ဖွင့်လှစ်ပေးနိုင်ပါလိမ့်မည်။

လူနည်းစုဆိုင်ရာ ဖိကဟ်
—————————–
ဖိကဟုလ် အက္ကလိယသ် ခေါ် လူနည်းစုဆိုင်ရာဖိကဟ် ဟူသည်မှာ မွတ်စ်လင်မ်မဟုတ်သူ လူများစု လူ့အဖွဲ့အစည်းတို့တွင် နေထိုင်ကြသည့် မွတ်စ်လင်မ်တို့အတွက် မွတ်စ်လင်မ်ပညာရှင်များမှ ထုတ်ပြန်ချမှတ်ပေးသော စည်းမျဉ်းများကို ခေါ်ဆိုသည်။

ယနေ့ကာလ ကမ္ဘာ့မွတ်စ်လင်မ်လူဦးရေ၏ သုံးပုံတစ်ပုံဝန်းကျင်မှာ ကမ္ဘာမြေတစ်ခွင်၌ လူနည်းစုများအဖြစ် ရှင်သန်နေထိုင်နေကြရသည်။ ယင်းပတ်ဝန်းကျင်များ အတွင်း နေထိုင်ကျင်လည်နေသူ မွတ်စ်လင်မ်များ ကြုံတွေ့ရသော ရှုပ်ထွေးလှသည့်စိန်ခေါ်ချက်များအပေါ်မူတည်၍ အချို့ပညာရှင်များက အစ္စလာမ့်အခြေခံ ဥပဒေ (ယှရီအဟ်)မှ အရေးပေါ် လိုအပ်ချက် အခြေအနေ(ကြပ်တည်းမှု)အား အခြေခံပြီး မူဘောင် စည်းမျဉ်းများကို ထုတ်ပြန်ပေးခဲ့ပါသည်။ ဤစည်းမျဉ်းတို့မှာ ကုရ်အာန်နှင့် စွန္နဟ်ကိုသာ အခြေပြု ထုတ်နှုတ်ထားသော်လည်း အစဉ်အလာ ဖိကဟ်များနှင့် လည်းကောင်း၊ မွတ်စ်လင်မ်လူများစု လူ့အဖွဲ့အစည်းပေါ် ခြုံလွှမ်းနေသည့် အစ္စလာမ့်ဥပဒေ အတိုင်း လိုက်နာကျင့်သုံးရန် အခက်အခဲကြုံတွေ့နေရသော လူနည်းစုမွတ်စ်လင်မ်တို့၏ သရုပ်မှန်နှင့်လည်းကောင်း ထိပ်တိုက်တွေ့မှုအချို့ရှိပါသည်။

အောက်ပါ ကျမ်းမြတ်ကုရ်အာန် အာယသ်တော်နှစ်ရပ်ကို လူနည်းစုဝင်များအတွက် အခြေခံဖိကဟ်အဖြစ် ကိုးကားလေ့ရှိပါသည်။

“အရှင်မြတ်သည် အသင်တို့အား (အရှင်မြတ်၏သာသနာအတွက်) ရွေးချယ်တော်မူခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် အရှင်မြတ်သည် အသင်တို့အပေါ်တွင် သာသနာတော်၌ မည်သည့် ကြပ်တည်းခဲယဉ်းမှုကိုမျှ ပြုလုပ်တော်မမူခဲ့ချေ”။         ကုရ်အာန်(၂၂း၇၈)

“အလ္လာဟ်အရှင်မြတ်သည် အသင်တို့အပေါ် ကျဉ်းကြပ်မှုပြုလုပ်ရန် ရည်ရွယ်တော်မမူပေ။ သို့ရာတွင် အသင်တို့အား သန့်ရှင်း စင်ကြယ်စေရန်နှင့် အသင်တို့အတွက် အရှင့်ကျေးဇူးတော်ကို ပြည့်ဝစွာပေးသနားတော်မူရန်သာ ရည်ရွယ်တော်မူသည်။ (ဤကဲ့သို့ ပြုလုပ်ခြင်းသည်) အသင်တို့မှ ကျေးဇူးတရားသိတတ်ရန်အလို့ငှာဖြစ်သည်”။
ကုရ်အာန်(၅း၆)

ဝေဖန်မှုများ မလွတ်ကင်းနိုင်သော်လည်း လူနည်းစုအတွက်ဖိကဟ်မှာ သန်းပေါင်းများစွာသော မွတ်စ်လင်မ်တို့ကို သက်ဆိုင်ရာ လူ့အဖွဲ့အစည်းများအတွင်း သဟဇာတဖြစ်ရေးအတွက် အဖြေရရှိသည့်လက်ဆောင်ကောင်းတစ်ရပ်၊ သို့သာမက သက်ဆိုင်ရာနိုင်ငံအတွင်း နိုင်ငံသားကောင်းဖြစ်စေရေး အကျိုးပြုအမြင်/ဆောင်ရွက်ချက်များကို  ဖြစ်လာစေနိုင်ပါသည်။

Sya Taha ရေးသားသော 5 amazing Muslim achievers in minority-Muslim nations ကို မင်းထွဋ်ခေါင် မှ ဆီလျော်အောင် ပြန်ဆိုသည်။

အပိုင်း(၁) ဖတ်လိုလျှင် Click Here

အပိုင်း(၂) ဖတ်လိုလျှင် Click Here

အပိုင်း(၃) ဖတ်လိုလျှင် Click Here

အပိုင်း(၄) ဖတ်လိုလျှင် Click Here

Leave a Reply