6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

အောက်တိုဘာ ၂၀ ၊ ၂၀၁၄
M-Media
18-10-14_Italian-Figures-Distinct-Islam-from-Terror
– အစ္စလာမ်သာသနာ၏ အမည်အား အသုံးပြု၍ လုပ်ဆောင်နေသော အကြမ်းဖက်မှုများကို ရှုတ်ချရန်နှင့် အစ္စလာမ်သာသနာမှာ ငြိမ်းချမ်းသော ဘာသာတရားဖြစ်သည်ဆိုသော သတင်းစကားကို ပေးအပ်ရန်အတွက် အီတလီရှိ လွှတ်တော်ကိုယ်စားလှယ်များနှင့် မွတ်စလင် လူ့အဖွဲ့အစည်းမှ ခေါင်းဆောင်များမှာ ဟောပြောပွဲ တစ်ခုကို ပြုလုပ်ခဲ့ကြသည်။

အဆိုပါ ဟောပြောပွဲကို ရောမမြို့ အထင်ကရ ဗလီဝတ်ကျောင်းတော်ရှိ အီတလီအစ္စလာမ့်ယဉ်ကျေးမှုစင်တာတွင် အောက်တိုဘာ ၁၇ ရက် သောကြာနေ့ ၀တ်ပြုမှုအပြီး ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မွတ်စလင်နိုင်ငံများမှ သံအမတ်များ၊ အီတလီလွှတ်တော်မှ အမတ်များ၊ ရောမမြို့တော်ဝန်ဟောင်း ဂီယန်နီ အလီမန်နိုနှင့် မွတ်လင်အဖွဲ့အစည်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

“ISIL ဟာ အနောက်နိုင်ငံတွေကိုသာ ခြိမ်းခြောက်နေတာမဟုတ်ပါဘူး။ တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်နေတာပါ။ အထူးသဖြင့် မွတ်စလင်ကမ္ဘာကို အခြိမ်းခြောက်ဆုံးပါပဲ။ ပျက်ဆီးဆုံးရှုံးသူတွေဟာ မွတ်စလင်အရပ်သားတွေဖြစ်ပြီး သူတို့ရဲ့ စိတ်နှလုံးကို အာဏာရဖို့ အစ္စလာမ်ကို အသုံးချနေသူတွေက ပစ်မှတ်ထားနေပါတယ်။ သူတို့ဟာ သိက္ခာချနေတာဖြစ်ပြီး လူသန်းပေါင်းများစွာရဲ့ ဘ၀တွေကို ခက်ခဲအောင် လုပ်နေတာပါ”  ဟု အီတလီ အောက်လွှတ်တော်ဥက္ကဌက လော်ရာ ဘိုးလ်ဒ်ရီနီက ၎င်း၏ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

တက်ရောက်လာသူများမှာ ISIL ဟုခေါ်သည့် အဖွဲ့မှ ပြုလုပ်သော အကြမ်းဖက်မှုများကို ဆန့်ကျင်၊ ကန့်ကွက်၊ ရှုတ်ချခဲ့ပြီး အကြမ်းဖက်ခြင်းနှင့် အစ္စလာမ်သာသနာ မသက်ဆိုင်ကြောင်းကိုလည်း ပြောဆိုရှင်းပြခဲ့ကြသည်။

“ဒီလိုခြိမ်းခြောက်မှုမျိုးတွေကို မျက်နှာသာပေးတဲ့လူတွေနဲ့ ကင်းကင်းရှင်းရှင်းနေဖို့ ကျွန်တော်တို့ တာဝန်ဖြစ်ပါတယ်။ နိုင်ငံခြားတိုက်ခိုက်ရေးသမားတွေကိစ္စဟာလည်း သတိထားစရာ ကိစ္စပါပဲ။ ဆီးရီးယားမှာတိုက်ဖို့ ဥရောပကနေသွားတဲ့လူ ထောင်ချီရှိပါတယ်။ ဒါပေမယ့် သန်း ၂၀ သော မွတ်စလင်များကတော့ ဥရောပမှာပဲသူတို့ရဲ့မိသားစုနဲ့ အတူတကွ ရှိနေကြပါတယ်။ ဥရောပဟာ သူတို့ရဲ့ အိမ်ဂေဟာဖြစ်ပြီး ဒီမှာရှိတဲသူတွေနဲ့အတူ ဒီမြေဒီရေကို သူတို့ ကာကွယ်စောင့်ရှောက်ချင်ကြပါတယ်။ ဒီဒေသကို ကျွန်တော်တို့ ထိန်းသိမ်းစောင့်ရှောက်သွားရမှာပါ” ဟု ရောမမြို့ အစ္စလာမ့်စင်တာမှ အထွေထွေအတွင်းရေးမှူး အဘ်ဒီလာ ရီဒူအိန်းက ပြောကြားခဲ့သည်။

ထို့ပြင် အမုန်းမျိုးစေ့ချသူများအတွက် အစ္စလာမ်တွင် နေရာမရှိဟုလည်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

“ကျွန်တော်တို့ဘာသာတရားကိုယ်တိုင်က ဒီလိုအကြမ်းဖက်မှုမျိုးတွေကို အသိအမှတ်မပြုပါဘူး”

ဘာသာပေါင်းစုံတွေ့ဆုံဆွေးနွေးရေး ခရစ်ယာန်ဘုန်းတော်ကြီးများကောင်စီမှ ဥက္ကဌ ဘုန်းတော်ကြီး ဂျင်း လူးဝစ် သူရမ်ကလည်း လူမဆန်မှုများ၊ ရာဇ၀တ်မှုများ၊ စက်ဆုပ်ရွံရှာဖွယ်အမှုများကို ပြုလုပ်နေသူများမှာ ဘာသာတရားသွန်သင်မှုများမှ လမ်းလွဲနေသူများဖြစ်ကြောင်း ပြောကြားခဲ့သည်။

အီတီလီမှာ ဥရောပရှိ အစ္စလာမ်သာသာဝင်အများစုရှိရာ နိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်ပြီး အစ္စလာမ်သာသနာကို သက်ဝင်ယုံကြည်သူဦးရေမှာ ၁.၇ သန်းခန့်ရှိသည်ဟု အမျိုးသား စာရင်းအင်းအေဂျင်စီ Istat မှ ထုတ်ပြန်သော မှတ်တမ်းတွင် ဖော်ပြထားသည်။

ref_ OnIslam & News Agencies

Tags:

Leave a Reply