6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

အောက်တိုဘာ ၂၁ ၊ ၂၀၁၄
M-Media
20141018_WBP003_0
– သီလ၀ါအထူးစီးပွားရေးဇုန် SEZ တည်ဆောက်မှုအတွက် ပထမအဆင့် ပြင်ဆင်မှုများတွင် မြေဧရိယာ ဟက်တာ ၄၀၀ နီးပါးအား ရှင်းလင်းခြင်းနှင့် အနီးရှိ ဆိပ်ကမ်းသို့ရောက်ရှိမည့် လမ်းဖောက်ခြင်းတို့ ပါဝင်သည်။ စက်မှုဇုန်ကိုလာမည့် နှစ်ဝက်တွင် ဖွင့်လှစ်ရန် သတ်မှတ်ထားပြီး ထိုစက်မှုဇုံတွင် လုပ်ကိုင်မည့် ကုမ္ပဏီ ၂၂ ခုက ၎င်းတို့၏ စက်ရုံများကို အောက်တိုဘာလကုန်ပိုင်းတွင် စတင်ဆောက်လုပ်ကြတော့မည်ဖြစ်သည်။ သို့သော်လည်း ထိုဆောင်ရွက်မှုများ၏ ချက်ချင်းလက်ငင်း အကျိုးဖြစ်ထွန်းမှု အများစုက မြန်မာ့စီးပွားရေးအတွက် ဖြစ်လာမည်မဟုတ်။

သီလ၀ါ၊ ကျောက်ဖြူနှင့် ထားဝယ် အထူးစီးပွားရေးဇုန်သုံးခုတွင် တိုးတက်မှုအရှိဆုံး သီလ၀ါပရောဂျက် အပြည့်အ၀ လည်ပတ်နိုင်ပါက စားသောက်ကုန်များ၊ လူသုံးကုန်ပစ္စည်းများ၊ ပြည်တွင်းဈေးကွက်အတွက် ဆောက်လုပ်ရေးပစ္စည်းများ၊ ဖိနပ်၊ မော်တော်ကားအစိတ်အပိုင်းများနှင့် အ၀တ်အထည်များကဲ့သို့ နိုင်ငံခြားပို့ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်မည်ဖြစ်ပြီး အလုပ်သမား ၇၀၀၀၀ အတွက် အလုပ်အကိုင်များ ဖန်တီးပေးနိုင်မည် ဖြစ်လေ၏။

သမ္မတဦးသိန်းစိန်မှာ မြန်မာနိုင်ငံအား ကမ္ဘာ့စီးပွားရေးနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ရေး ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ပေးမည်ဟူသော ကတိဖြင့် ၂၀၁၁ ခုနှစ်တွင် အာဏာရလာခဲ့သည်။ ထိုအချိန်မှစ၍ အကောင်းမြင်သူများက လမ်းတိုင်းလမ်းတိုင်းတွင် စူပါမားကတ်များ၊ အသင့်စား အစားအသောက်ဆိုင်များ တွေ့လာရတော့မည်၊ ထိုင်း သို့မဟုတ် စင်ကာပူကဲ့သို့ နိုင်ငံမျိုးနှင့်ပင် တန်းတူညီလာစေရန် ခုန်ပျံကျော်လွှား ဖွံဖြိုးမှုများ ဖြစ်စေမည့် မိုဘိုင်းနည်း ပညာများမှာလည်း မြန်မာနိုင်ငံ အတွင်းသို့ ရောက်ရှိလာတော့မည်ဟု စိတ်ကူးယဉ်ခဲ့ကြလေသည်။ သို့သော်လည်း နိုင်ငံ၏ စီးပွားရေးအနာဂတ်က နိုင်ငံခြားသို့ တင်ပို့ရန် ခွန်အားစိုက်ထုတ်ရသည့် လုပ်ငန်းများတွင်သာ ပျော်မွေ့နေကြသော ကျွမ်းကျင်မှုနည်းသည့် အလုပ်သမားများအပေါ်တွင် မူတည်နေလေ၏။

စက်မှုကဏ္ဍတွင် ထိုင်းနိုင်ငံ၏အဆင့်သို့ ရောက်ရန် ဆန္ဒပြင်းပြမှုနေခြင်းထက် မြန်မာနိုင်ငံအနေဖြင့် အနောက်ဘက်အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်ကဲ့သို့ စားရိတ်နည်း ကုန်ထုတ်လုပ်မှုကဏ္ဍ ဖြစ်လာစေရန် ရည်ရွယ်ဆောင်ရွက်သင့်သည်။

20141018_WBM952ရင်းနှီးမြှုပ်နှံသူများကတော့ စိတ်ကူးယဉ်ကြမည်။ မြန်မာနိုင်ငံမှာ စီပွားရေးဈေးကွက်ကြီးမားသည့် အိန္ဒိယနှင့် တရုတ် နှစ်နိုင်ငံအကြားတွင် ရှိနေသည်။ ထို့ပြင် ထိုင်းနိုင်ငံကိုလည်း အနောက်ဘက် ပင်လယ်ထွက်ပေါက် ပေးထား ရသည်။ နိုင်ငံတကာစီးပွားရေးအဖွဲ့ McKinsey Global Institute (MGI) ၏ အဆိုအရ ၂၀၂၅ ခုနှစ်တွင် တစ်နေ့ ၀င်ငွေ ကန် ၁၀ ဒေါ်လာနှင့် အထက်ရသော စားသုံးသူများ၏ ထက်ဝက်ကျော်မှာ မြန်မာနိုင်ငံနှင့် ၅ နာရီသာ လေယာဉ် စီးရသည့် နေရာတွင် နေထိုင်ကြလိ့မ်မည် ဟူ၏။

မြန်မာနိုင်ငံတွင် ထွန်ယက်စိုက်ပျိုးနိုင်သောမြေယာ လှိုင်လှိုင်ပေါသည်။ အဏ္ဏ၀ါနှင့် သဘာဝ သယံဇာတများလည်း ပေါများသည်။ ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် ကျောက်စိမ်း၊ ပတ္တမြား၊ နီလာ စသည့် အဖိုးတန်ကျောက်များမှာလည်း ပဒေသာပင်ပေါက်သကဲ့သို့ ရှိနေလေ၏။

ထိုင်းနိုင်ငံ၏ အလုပ်သမားထုမှာ အသက်အရွယ်ရနေပြီး၊ အလုပ်လုပ်နိုင်အားလည်း နည်းသွားကာ ဈေးလည်း ပိုပေးရသည်။ မြန်မာနိုင်ငံမှ အလုပ်သမားများမှာတော့ ငယ်ရွယ်ပြီး ဈေးလည်းသက်သာသည်။ နိုင်ငံရပ်ခြားတွင် အလုပ်လုပ်နေသူ ၃ သန်းမှ ၅ သန်းအကြား မြန်မာနိုင်ငံသို့ပြန်လာပါကလည်း ပို၍ အကျိုးရှိပေဦးမည်။

အမိမြေတွင် အခွင့်အလမ်းမရှိသည့်အတွက် ဘဏ္ဍာရေးနှင့်ပတ်သက်၍ ပညာသင်ယူရန် ဂျက်စမင် သဇင်အောင်မှာ ၂၀၀၃ ခုနှစ်က စင်ကာပူသို့ ထွက်လာခဲ့သည်။ လက်ရှိတွင်တော့ သူမမှာ PricewaterhouseCoopers အမည်ဖြင့် ဖွင့်လှစ်ထားသော စာရင်းအင်းဆိုင်ရာ လုပ်ငန်းတစ်ခုကို ဦးဆောင်လုပ်ကိုင်လျက် ရှိနေသည်။ စင်ကာပူတွင် ဘဏ္ဍာရေးနှင့်ပတ်သက်၍ ကျောင်းတက်နေသည့် အခန်းဖော် အခြား မြန်မာအမျိုးသမီး ၃ ဦးမှာလည်း မြန်မာနိုင်ငံသို့ ပြန်လာခဲ့ကြသည်ဟု သဇင်က ဆိုလေသည်။

အစမကောင်းမှုများစွာ ဖြစ်ခဲ့ပြီးနောက်ပိုင်း စီးပွားရေးလုပ်ငန်းသစ်များ ရှန်သန်ကောင်း ရှင်သန်နိုင်မည့် ဈေးကွက်စီးပွားရေးတစ်ခုကို ဖော်ဆောင်ရန် အစိုးရက ကတိပြုခဲ့သည်။ ဆယ်စုနှစ် ၂ ခုအတွင်း ပထမဆုံးအကြိမ် ရွေးကောက်ပွဲလုပ်ခဲ့သည့် ၂၀၁၀ နှင့် ၂၀၁၃ ခုနှစ်အကြား မြန်မာနိုင်ငံသို့ နိုင်ငံခြားမှ ရင်းနှီးမြှုပ်နှံသူများ တိုက်ရိုက်ဝင်ရောက် လုပ်ကိုင်မှု ပမာဏမှာ ၃ ဆ တိုးလာပြီး ကန်ဒေါ်လာ ၉၀၁ သန်းမှ သန်း ၂၅၀၀ အထိ တက်လာခဲ့လေသည်။

ကန့်သတ်မှုများဖြင့် လုပ်ကိုင်ရမည့် ဘဏ်လုပ်ငန်းများအတွက်လည်း နိုင်ငံခြားဘဏ်အချို့က လိုင်စင်ယူကြသည်။ လက်တွေ့လုပ်ဆောင်မှုတွင်တော့ ပိုမိုလွတ်လပ်မှုများ ရှိနိုင်လေသည်။ ယခုနှစ်နှင့် လာမည့်နှစ်များတွင် မြန်မာနိုင်ငံ၏ စီးပွားရေးမှာ ၇.၈ ရာခိုင်နှုန်းအထိ တိုးလာမည်ဟု ခန့်မှန်းထားသည်။ လူသုံးကုန်ပစ္စည်းများ တင်ပို့မှု တိုးလာမည်။ ထိုကဲ့သို့ပင် ရေနံနှင့် သဘာဝဓာတ်ငွေ့ တင်ပို့မှုများမှာလည်း တိုးလာရန်ရှိနေသည်။

ဗဟိုဘဏ်မှာ ယခုအချိန်တွင် ဘဏ္ဍာရေးဝန်ကြီးဌာနလက်အောက်မှ တရားဝင်ခွဲထွက်ခဲ့ပေပြီ။ ၀န်ထမ်းများကို တိုးချဲ့ကာ ငွေကြေးဆိုင်ရာပေါ်လစီ စီမံခန့်ခွဲရေကိုလည်း တိုးတက်အောင် ဆောင်ရွက်နေလေ၏။

မြန်မာ့စီးပွားရေးကဏ္ဍအတွက် လုပ်စရာ အများအပြားရှိနေသည်။ စီးပွားရေးလုပ်ငန်း လွယ်ကူစွာ လုပ်ဆောင်နိုင်မှုနှင့် ပတ်သက်၍ ကမ္ဘာ့ဘဏ်မှ မကြာသေးမီက ထုတ်ပြန်ခဲ့သော အစီရင်ခံစာတွင် နိုင်ငံ ၁၈၉ နိုင်ငံ၌ မြန်မာနိုင်ငံက ၁၈၂ ချိတ်ခဲ့သည်။ စဉ်းမျဉ်းစည်းကမ်းပိုင်း မသေချာမှုက ကြီးမားသည့် ပြသနာတစ်ရပ်ဖြစ်နေပြီး၊ ခေတ်နောက်ကျနေသည့် ဥပဒေများကလည်း ဂရုပြုစရာဖြစ်နေသည်။

စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအတွက် ဗြိတိသျှက ၁၉၁၄ ခုနှစ်တွင် ပြဌာန်းခဲ့သော “မြန်မာ့ကုမ္ပဏီများဆိုင်ရာ အက်ဥပဒေ” ကို ယခုအချိန်အထိ ဆက်လက်ကျင့်သုံးနေဆဲဖြစ်၏။ ထိုဥပဒေအား ပြင်ဆင်ရန်အတွက် အာရှဖွံ့ဖြိုးရေးဘဏ်က မြန်မာအစိုးရကို ကူညီနေသော်လည်း ယခုအချိန်အထိ မပြင်ဆင်နိုင်သေး။ ထိုပြင်ဆင်မှုကို အချိန်မီ ဆောင်ရွက်ခြင်းက လိုအပ်ချက်တစ်ခုကို လျှော့ချနိုင်လိမ့်မည်ဟု CEA ပရောဂျက်များအတွက် မြန်မာနိုင်ငံတွင်ဖွင့်လှစ်ထားသော ရုံးများအား ဦးဆောင်နေသည့် ထောက်ပံ့ပို့ဆောင်ရေး ကုမ္ပဏီမှ ဂျွန်ဟာမီလ်တန်က ပြောကြားခဲ့သည်။

လုပ်ပိုင်ခွင့်အာဏာအရှိဆုံးနှင့် ချို့ယွင်းချက်များကိုပြင်ဆင်ထားသည့် ဗဟိုဘဏ်လျှင်ပင် အသေအချာလေ့ကျင့်ပေးထားသော ၀န်ထမ်းအင်အားကို ဖန်တီးနိုင်မည် မဟုတ်ချေ။ အဆိုပါ ၀န်ထမ်းအင်အားကို ရရှိရန်အတွက် ပညာရေးကဏ္ဍတွင် အကြီးစား ရင်းနှီးမြှုပ်နှံမှုများကို နှစ်ပေါင်းများစွာ ဆောင်ရွက် ရပေဦးမည်။ မြန်မာနိုင်ငံရှိ ပြည်သူများမှာ ပျမ်းမျှအားဖြင့် စာသင်ကျောင်း အတွက် အချိန်လေးနှစ်သာ ပေးကြသည်။ နိုင်ငံအတွင်း ကျောင်းသား-ဆရာ အချိုးမှာ ၃၀း၁ သာရှိပြီး၊ အိမ်နီးချင်း မလေးရှားနှင့် ထက်ခန့်ကွာနေလေ၏။

အခြားသော အာရှနိုင်ငံများမှ လုပ်သားအင်အားမှာ ကုန်ထုတ်နိုင်စွမ်း တိုးတက်လာချိန်တွင် မြန်မာနိုင်ငံမှာ အခြားသောလားရာတစ်ဖက်တွင် ရှိနေခဲ့လေသည်။ ၁၉၅၆ ခုနှစ်မှ ၂၀၁၀ ခုနှစ်အကြား မြန်မာနိုင်ငံရှိ လယ်ယာလုပ်ကိုင်သူ အရေအတွက်မှာ ၃၅ ရာခိုင်နှုန်းမှ ၄၄ ရာခိုင်နှုန်းအထိတိုးလာပြီး၊ ဒေသအတွင်း နိုင်ငံအများစုတွင်တော့ လယ်ယာလုပ်ငန်း၌ လုပ်ကိုင်သူ အရေအတွက်မှာ လျော့ကျခဲ့သည်။

သို့သော်လည်း မြန်မာနိုင်ငံရှိ လယ်ယာလုပ်ငန်း လုပ်သားအင်အားကို ကောင်းမွန်စွာ အသုံးချနိုင်သည်။ မြန်မာနိုင်ငံတွင် လယ်ယာမြေ ဟက်တာ ၁၂.၃ သန်းရှိပြီး ထိုင်းနိုင်ငံ၏ ပမာဏထက် အနည်းငယ်သာ လျော့နည်း၏။ မြန်မာနိုင်ငံမှာ တစ်ချိန်က အာရှ၏ အကြီးဆုံး ဆန်တင်ပို့သည့်နိုင်ငံဖြစ်ခဲ့သည်။ သို့သော်လည်း နောက်ပိုင်းတွင် နိုင်ငံ၏ လယ်ယာကဏ္ဍ ထုလ်လုပ်နိုင်စွမ်းမှာ သိသိသာသာပင် ကျဆင်းခဲ့လေသည်။

လယ်သမားအများစုမှာ လယ်ဧကအနည်းငယ်သာ စိုက်ပျိုးကြသည်။ ရံဖန်ရံခါတွင် စက်ပစ္စည်းများနှင့် ဓာတ်မြေသြဇာများပင် မသုံးနိုင်ပေ။ မြန်မာ့လယ်သမား အစည်းအရုံး အကြီးအကဲဖြစ်သူ စိုးထွန်းကမူ သဘာဝမြေသြဇာသုံးစိုက်ပျိုးခြင်းမှာ ရွေးချယ်မှုကြောင့်မဟုတ်။ လယ်ယာစိုပျိုးမှုလုပ်ငန်းနှင့် နိုင်ငံ၏ အလုပ်သမား ထုတ်လုပ်နိုင်စွမ်းတို့ကို ကြီးမားစွာအကျိုးသက်ရောက်စေမည့် ဓာတ်မြေသြဇာသုံး စိုက်ပျိုးသည့်နည်းလမ်းများမှာ ကျေးလက်ဒေသသို့ မရောက်ခြင်းကြောင့်ဟု ဆိုသည်။

ဖွံဖြိုးတိုးတက်မှုအတွက် အခြားသော မောင်းနှင်းအားတစ်ခုဖြစ်သည့် စက်မှုလုပ်သမားများမှာ စက်ရုံများ၊ မြို့များတွင် လွတ်လွတ်လပ်လပ် အလုပ်ပိုရှာနိုင်မည်။ ကုန်ထုတ်လုပ်မှုနှင့် ၀န်ဆောင်မှုလုပ်ငန်းမှ GDP တိုးတက်မှုနှုန်း၏ ၁၅ ရာခိုင်နှုန်းတိုင်းတွင် လူတစ်ယောက်ချင်း၏ GDP တိုးတက်မှု ၂ ဆနှင့် ဆက်နွယ်နေသည်။

စက်ရုံအလုပ်ရုံများတွင် အလုပ်လုပ်ခြင်းမှာ မက်မောဖွယ်ကောင်းသော သို့မဟုတ် စိတ်ဝင်စားစရာကောင်းသော အလုပ်မဟုတ်။ သို့သော်လည်း ပြည်သူများအတွက် ဆန်စပါးများ၊ အသုံးအဆောင်ပစ္စည်းများ၊ ဆောက်လုပ်ရေးပစ္စည်းများမှာ အမြဲလိုအပ်နေ၏။

ရွှေရောင်စေတီပုထိုးများအား နေရောင်ထိုးသည့်အခါ တဖိတ်ဖိတ်တောက်သကဲ့သို့ တိုင်းပြည်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်လိုပါက မြန်မာနိုင်ငံတွင် များများစားစားရှိနေသော ကျွမ်းကျင်မှုနည်းသည့် လုပ်သားများအား ထုတ်လုပ်နိုင်စွမ်းမြင့်မားသော အလုပ်များတွင် ပါဝင်ဆောင်ရွက်စေရန် လိုအပ်နေပေတော့သည်။

The Economist တွင် ဖော်ပြခဲ့သည့် “Let a million factories rise” ဆောင်းပါးကို လေးမောင် (M-Media) မှ ဆီလျော်အောင် ပြန်ဆိုသည်။

Tags:

Leave a Reply