အောက်တိုဘာ ၂၅ ၊ ၂၀၁၄
M-Media
– လေကြောင်းမှ ထောက်ပံ့ရေးပစ္စည်းများ ချပေးရန်အတွက် မဟာဗျူဟာကျသည့် နေရာဖြစ်သော ဆီးရီးယားနယ်စပ် ကိုဘိန်းမြို့အနီး တောင်ကုန်းတစ်ခုအား ကာ့ဒ်တပ်ဖွဲ့ဝင်များက ISIL လက်ထဲမှ ပြန်လည် သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။
အောက်တိုဘာ ၂၂ ရက်နေ့က ISIL လက်ထဲသို့ ကျရောက်သွားခဲ့သော မြို့အနောက်ဘက်ရှိ အဆိုပါ တောင်ကုန်းကို ယမန်နေ့ည တိုက်ခိုက်မှုအတွင်း ကာ့ဒ်တပ်ဖွဲ့များက ပြန်လည်သိမ်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။
“မှောင်မှောင်မည်းမည်းထဲမှာ တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။ ဒီတောင်ကုန်းမှာ လေကြာင်းက ထောက်ပံ့ရေးပစ္စည်းတွေ ချပေးတာကြောင့် ဒါကိုပြန်သိမ်းနိုင်တာဟာ အရေးပါတဲ့ သိမ်းပိုက်မှုပါပဲ။ ကိုဘိန်းရဲ့အခြေအနေကတော့ အချိန်မရွေး ပြောင်းသွားနိုင်တဲ့ အခြေအနေမျိုးမှာ ရှိနေပါတယ်” ဟု အလ်ဂျာဇီးရား သတင်းထောက် ဘားနက်စမစ်က သတင်းပေးပို့ခဲ့သည်။
ကိုဘိန်းအား သိမ်းယူရန်ကြိုးစားနေသည့် ISIL တပ်များကို တွန်းလှန်နေသည့် ကာ့ဒ်တပ်ဖွဲ့ဝင်များအတွက် လက်နက်များ၊ ထောက်ပံ့ရေးပစ္စည်းများကို အမေရိကန်ဦးဆောင်သည့် မဟာမိတ်တပ်များက အောက်တိုဘာ ၁၉ ရက်နေ့တွင် အဆိုပါ တောင်ကုန်းပေါ်၌ ချပေးခဲ့သည်။
Comments