News @ M-Media

ုကိုးဘိန်းမြို့အတွက် အီရတ်မှ ကာ့ဒ်များ စစ်ကူသွားပြီ

အောက်တိုဘာ ၂၉ ၊ ၂၀၁၄
M-Media
20141028164738921734_20
– ၀ိုင်းထားသော ISIL တပ်များအား တွန်းလှန်တိုက်ခိုက်နေသည့် ကာ့ဒ်တပ်ဖွဲ့များကို စစ်ကူပေးရန်အတွက် အီရတ်မှ ကာ့တပ်ဖွဲ့  Peshmerga မှ တပ်ဖွဲ့ဝင်များမှာ ဆီးရီးယားနိုင်ငံသို့ ထွက်ခွာသွားကြသည်ဟု သိရသည်။

စစ်သားများ၊ အမြှောက်များတင်ထားကာ ဘတ်စ်ကားများအပါဝင် ယာဉ်အစီးရေ ၅၀၊ ၆၀ ခန့်ပါသည့် ယာဉ်တန်းမှာ တူရကီနယ်စပ်အားဖြတ်၍ ဆီးရီးယားသို့ ၀င်ရောက်ရန်အတွက် ယမန်နေ့ နေ့လည်ပိုင်းက အီရတ်ရှိ အာရ်ဘီလ်မြို့မှ ထွက်ခွာသွားခြင်းဖြစ်သည်။

အီရတ် ကာ့ဒ်အရာရှိတစ်ဦးကမူ ကိုဘိန်းသို့ ထွက်ခွာမည့် ကာ့ဒ်စစ်သားအရေအတွက်မှာ ၁၅၀ ကျော်ရှိမည်ဖြစ်ပြီး အချို့မှာ တူရကီသို့ လေယာဉ်ဖြင့်သွားရောက်ကာ ထို့နောက်တွင်မှ ဆီးရီးယားနိုင်ငံအတွင်းသို့ ၀င်ရောက်မည်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

ISIL တပ်များမှာ တူရကီ-ဆီးရီးယားနယ်စပ်ရှိ ကိုဘိန်းမြို့အား စက်တင်ဘာလလယ်ပိုင်းမှ စတင်ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကိုဘိန်းရှိ ကာ့ဒ်တပ်များကလည်း အပြင်းအထန်ခုခံနေသည်။

ပြီးခဲ့သည့် သီတင်းပတ်ကလည်း ကာ့ဒ်စစ်သည် ၁၅၀ ခန့် ကိုဘိန်းသို့သွားရောက်ရန် အီရတ်ရှိ ကာ့ဒ်အစိုးရက ခွင့်ပြုခဲ့ပြီး တူရကီကလည်း အီရတ်မှလာသည့် ကာ့ဒ်တပ်သားများ ဆီးရီးယားသို့ ၀င်ရောက်ရန်အတွက် ၎င်း၏ ပိုင်နက်အား အသုံးပြုခွင့်ပေးခဲ့သည်။

Source: Al Jazeera and agencies

Comments

Leave a Reply