ယမန်နေ့ ညနေ (၆.၆.၂၀၁၂) တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ မြန်မာဆိုင်များ စည်ကားရာ ဂျလန်ဆီလန်း တလျောက်ရှိ မြန်မာစတိုးဆိုင် အချို့တွင် ရခိုင်ပြည်တွင် ကျောက်နီမော်တွင် ဖြစ်ပွားခဲ့သူ လူသတ်၊ မတရားကျင့်ခံရသည့် ရခိုင်မိန်းကလေးအတွက် အလှူငွေကောက်ခံသည့် စာရွက်များကို မြန်မာနိုင်ငံသားများအား လိုက်လံ ဝေပေးနေသည် ကို တွေ့ရှိခဲ့ရပါသည်။
အဆိုပါ အလှူခံ လက်ကမ်းစာရွက်များပါ အသုံးအနှုန်းများကြောင့် လက်ရှိ ပြည်တွင်းမှာ ဖြစ်ပေါ်နေသော ပဋိပက္ခများ ပိုမိုကြီးထွား မလာစေရန် နှင့် မလေးရှားရောက် မြန်မာနိုင်ငံသားများ အချင်းချင်း နားလည်မှုလွှဲမှားပြီး စိတ်ဝမ်း ကွဲပြားမှုများ မဖြစ်စေရေးအတွက် ကေအလ်အနီးတဝိုက်မှ မြန်မာမွတ်စလင်မ် အသိုင်းအဝိုင်းမှသူများ အဆိုပါ လက်ကမ်းစာရွက် ဖြန့်ဝေနေသူများကို ယင်းကဲ့သို့ မပြုလုပ်သင့်ကြောင်း၊ လက်ကမ်း စာရွက်ဖြန့်ဝေမှုများကို ရပ်ဆိုင်းပေးရန် သွားရောက် ပြောကြားခဲ့သောကြောင့် ယနေ့ညနေပိုင်းတွင် လက်ကမ်းစာရွက်ဖြန့်ချီမှုများကို ရပ်ဆိုင်းခဲ့ကြောင်း သတင်းရရှိပါသည်။
Comments