News @ M-Media

ဂိုးသွင်းစက် ဆန်းချက်မှာ ခြွင်းချက်မဲ့ ကစားသမားဟု ၀င်းဂါးချီးကျူး

နိုဝင်ဘာ ၃ ၊ ၂၀၁၄
M-Media
539601_heroa
– အသင်း၏ နိုင်ပွဲ ၂ ပွဲတွင် အရေးပါသော ဂိုးများ သွင်းယူပေးခဲ့သည့် တိုက်စစ်မှူး ဆန်းချက်ဇ်အား အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ချီးကျူးလိုက်ပြီး  ခြွင်းချက်မဲ့ ကစားသမားတစ်ဦးဖြစ်သည်ဟု ပြောကြားခဲ့သည်။

ပြီးခဲ့သည့်တစ်ပတ် ဆန်းဒါးလန်းနှင့်ပွဲတွင် အနိုင်ဂိုး ၂ ဂိုးစလုံး သွင်းပေးခဲ့သည့် ဆန်းချက်ဇ်မှာ ယမန်နေ့က ကစားခဲ့သော ဒါဘီအား ၃ ဂိုးပြတ်နှင့် အနိုင်ရခဲ့သောပွဲတွင် အသင်းအတွက် ၂ ဂိုး သွင်းယူပေးနိုင်ခဲ့သည်။

“သူ (ဆန်းချက်ဇ်)ဟာ ထိပ်တန်းခြေစွမ်းမျိုး ပြသခဲ့ပါတယ်။ ဒီလိုထိပ်တန်း စွမ်းဆောင်မှုမျိုးဟာ ဒီနေ့ပွဲရဲ့ ကျွန်တော်တို့ အသင်းမှာ နည်းနည်းပဲရှိပါတယ်။ ဒါပေမယ့် သူဟာ အရေးပါတဲ့ဂိုးကို သွင်းယူခဲ့ပါတယ်။ သူဟာ အရည်အသွေးပြည်ဝပြီး၊ တာဝန် အပြည့်ယူနိုင်တဲ့ ခြွင်းချက်မဲ့ ကစားသမားတစ်ယောက်ပါ” ဟု ၀င်းဂါးက ပွဲအပြီးတွင် Sky Sports သို့ ပြောကြားခဲ့သည်။

ထိုပွဲအနိုင်မှာ အာဆင်နယ်အသင်း၏ ပထမဆုံး နှစ်ပွဲဆက်အနိုင်ဖြစ်ပြီး အာဆင်ဝင်းဂါးကမူ မိမိတို့အသင်းမှာ စိတ်ရှည်မှု၊ အရည်အသွေးနှင့် အာရုံစူးစိုက်မှုကို ပြသနိုင်ခဲ့ကြောင်း၊ clean sheet ၂ ပွဲဆက်တိုက်ရရှိခဲ့ခြင်းမှာ အသင်း၏ ခံစစ်ပိုင်း တည်ငြိမ်မှုကို ပြသခြင်းဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။ အာဆင်နယ်အသင်း၏ အဓိက ကစားသမား အများအပြားမှာ ဒဏ်ရာပြဿနာနှင့် ရင်ဆိုင်နေရသည်။

Comments

Leave a Reply