6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

နိုဝင်ဘာ ၅ ၊ ၂၀၁၄
M-Media

– ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် ၄ ကိုတော့ ဒီနေ့မနက်မှာ ကစားခဲ့ပြီး စပိန်ထိပ်သီး ရီးယဲလ်နဲ့ ဂျာမန်ကလပ် ဒေါ့မွန်တို့ကတော့ ၁၆ သင်းအဆင့်ကို ပထမဆုံး တက်ရောက်သွားနိုင်တဲ့ အသင်းတွေ ဖြစ်ခဲ့ပါတယ်။

အုပ်စု A

ဂျူဗင်တပ်စ် ၃-၂ အိုလံပီယာကော့စ်
မာလ်မို ၀-၂ အက်သလက်တီကိုမက်ဒရစ်
2176854_w2
ပြီးခဲ့တဲ့ ပွဲစဉ် ၃ မှာ အိုလံပီယာကော့စ်ကို ရှုံးခဲ့တဲ့ ဂျူဗင်တပ်စ်တို့ကတော့ အိမ်ကွင်း  တူရင်မှာလည်း အကြိတ်အနယ်ကစားကာ ဂိုးတွေအပြန်အလှန်သွင်းခဲ့ကြပြီး လူငယ် တိုက်စစ်မှူး ပေါ့ဘာရဲ့ အဆုံးအဖြတ်ဂိုးကြောင့် အဖိုးတန် အနိုင် ၃ မှတ်ရခဲ့တာ ဖြစ်ပါတယ်။ ပွဲအစ ကစားပုံကောင်းတဲ့ အိမ်ရှင်တို့အတွက် ၀ါရင့်ကွင်းလယ်လူ ပီယာလိုက ၂၁ မိနစ်မှာ ဦးဆောင်ဂိုး သွင်းပေးခဲ့ပေမယ့် ၃ မိနစ်သာခံခဲ့ပြီး ဘိုတီယာရဲ့ ချေပဂိုးကို ခွင့်ပြုခဲ့ရပါတယ်။ နောက်ပိုင်းမှာ ဂျူဗီတိုက်စစ်က အပိုင်ဂိုးသွင်းခွင့် ၂ ကြိမ်လောက်ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ဘဲ ၆၁ မိနစ်မှာပဲ အန်ဒင်ဂါက ဧရိယာထဲကနေ အပြင်းကန်သွင်းပြီး ဧည့်သည်အသင်းအတွက် ဦးဆောင်ဂိုးထပ်ယူပေးခဲ့ပါတယ်။ ဂျူဗီတို့ကံကောင်းတာကတော့ အဲဒီနောက်ပိုင်း ၁ မိနစ်အတွင်းမှာ ၂ ဂိုးရခဲ့တာပါ။ ၆၅ မိနစ်မှာ ရောဘတ်တိုက ကိုယ့်ဂိုးကိုယ်သွင်းခဲ့ပြီး ၆၆ မိနစ်မှာ ပေါ့ဘာက အနိုင်ဂိုးသွင်းပေးခဲ့တာကြောင့် ဂျူဗင်တပ်စ်တို့ အိမ်ကွင်းမှာ အဖိုးတန် ၃ မှတ်ရခဲ့တာဖြစ်ပါတယ်။

ပွဲစဉ် ၃ အိမ်ကွင်းမှာ ၅ ဂိုး ပြတ်နဲ့ နိုင်ခဲ့တဲ့ အက်သလက်တီကိုတို့ အဝေးကွင်းမှာလည်း ကိုကီးနဲ့ ဂါစီယာတို့ရဲ့သွင်းဂိုးတွေနဲ့အတူ အောင်ပွဲခံနိုင်ခဲ့ပါတယ်။ အသင်းငယ် မာလ်မိုတို့ ကစားပုံ ကောင်းခဲ့ပေမယ့် မနှစ်က ချန်ပီယံလိဂ် ဒုတိယရခဲ့တဲ့ အက်သလက်တီကို ကိုတော့ မယှဉ်နိုင်ခဲ့ပါဘူး။ ဒီပွဲအနိုင်ကြောင့် အက်သလက်တီကိုတို့ ၉ မှတ်နဲ့ ဇယားကို ဦးဆောင်နေပြီး ဂျူဗင်တပ်စ်နဲ့ အိုလံပီယာကော့စ်တို့ကတော့ ၆ မှတ်စီ အသီးသီးရရှိထားပါတယ်။

အုပ်စု B

ရီးယဲလ်မက်ဒရစ် ၁-၀ လီဗာပူးလ်
ဘေဆယ် ၄-၀ လူဒိုဂိုးရက်စ်
2176798_w2
ဘာနေဗျူးမှာကစားခဲ့တဲ့ ပွဲမှာတော့ ရီးယဲလ်တို့ အခက်အခဲ သိပ်မရှိပါဘူး။ ဒီရာသီမှာ ခြေစွမ်းမငြိမ်တဲ့ လီဗာပူးလ်ကို ခြေအသာနဲ့ဖိကစားနိုင်ခဲ့ပြီး ဂိုးသွင်းခွင့်လည်း ၉ ကြိမ်လောက် ရခဲ့တာပါ။ လီဗာပူးလ်ကတော့ ရီးယဲလ်ဂိုးပေါက်ကို တစ်ပွဲလုံးမှာ ၁ ကြိမ်သာ ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ ရီးယဲလ်အတွက် ၁ လုံးတည်းသော အနိုင်ဂိုးတော့ ဘန်ဇီမာက ၂၇ မိနစ်မှာ သွင်းပေးခဲ့တာပါ။ ၄ ပွဲကစား ရှုံးပွဲမရှိသေးတဲ့ ရီးယဲလ်တို့ နောက်တစ်ဆင့်ကို တက်ရောက်သွားခဲ့ပါပြီ။

ပွဲစဉ် ၂ တုန်းက လီဗာပူးလ်ကို အနိုင်ကစားခဲ့ဘေဆယ် ဒီပွဲမှာလည်း လူဒိုဂိုးရက်စ်ကို ဂိုးပြတ်နိုင်ခဲ့ပြီး နောက်တစ်ဆင့်တက်ရေး မျှော်လင့်ချက်ကို ဆက်လက်ရှင်သန်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ရီးယဲလ်က နောက်တစ်ဆင့် တက်သွားတဲ့ ဒီအုပ်စုမှာ ဒုတိယနေရာအတွက် ဘေဆယ်၊ လီဗာပူးလ်နဲ့၊ လူဒိုဂိုးရက်စ်တို့ သုံးသင်းစလုံး အခွင့်အရေးရှိနေပြီး လက် ကျန် ၂ ပွဲကတော့ စိတ်လှုပ်ရှားစရာတွေ ပေးစွမ်းနိုင်မှာပါ။

အုပ်စု C

ဇင်းနစ် ၁-၂ လေဗာကူဆင်
ဘင်ဖီကာ ၁-၀ မိုနာကို

ရုရှားမြေမှာကစားခဲ့တဲ့ ပွဲမှာ အိမ်ရှင်ဇင်းနစ်တို့ အသာစီးရခဲ့ပေမယ့် ဂိုးပေါက် ပျောက်ခဲ့တာကြောင့် အနိုင်ရရှိမယ့်အခွင့်အရေး ဆုံးရှုံးခဲ့ရပါတယ်။ ပထပိုင်းမှာ လေဗာကူဆင်တို့ တန်ပြန်တိုက်စစ်နဲ့ ကစားခဲ့ပြီး ဒုတိယပိုင်းမှာတော့ ကစားပုံပြောင်းခဲ့ကာ ဇင်းနစ်တို့ဘက်ကို တောက်လျှောက်တိုက်စစ်ဆင်ခဲ့ပါတယ်။ ဧည့်သည်အသင်းအတွက် ဂိုးတွေကိုတော့ တောင်ကိုရီးယားကစားသမား ဆွန်ဟွင်မင်းက ၆၈ မိနစ်နဲ့ ၇၃ တို့မှာ သွင်းပေးခဲ့တာဖြစ်ပါတယ်။ ၈၉ မိနစ်မှာ ရွန်ဒန်က အိမ်ရှင်တို့အတွက် ချေပဂိုး ၁ ဂိုး ပြန်သွင်းပေးခဲ့ပေမယ့် ပွဲရဲ့အဖြေကိုတော့ ပြောင်းလဲနိုင်ခြင်း မရှိတော့ပါဘူး။

အုပ်စု C မှာ နိုင်ပွဲမရသေးတဲ့ ဘင်ဖီကာတို့ အိမ်ကွင်းမှာ ခက်ခက်ခဲခဲကစားခဲ့ရပြီး ပထမဆုံး နိုင်ပွဲကို ရယူနိုင်ခဲ့ပါတယ်။ ပွဲအစပိုင်းမှာ အိမ်ရှင်တို့ကစားပုံကောင်းခဲ့ပေမယ့် နောက်ပိုင်းမှာတော့ မိုနာကိုက ပွဲကို ထိန်းချုပ်နိုင်ခဲ့ပြီး ဘင်ဖီကာကိုလည်း ဖိအားပေးနိုင်ခဲ့ပါတယ်။ အိမ်ရှင်တို့အတွက် ၃ မှတ်ရစေမယ့် ဂိုးကိုတော့ တာလစ္စကာက ၈၂ မိနစ်မှာ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဒီအုပ်စုမှာ လေဗာကူဆင်က ၉ မှတ်ရထားပြီး မိုနာကိုက ၅ မှတ်၊ ဇင်းနစ်နဲ့ ဘင်ဖီကာတို့က ၄ မှတ်စီရရှိထားတာကြောင့် နောက်တစ်ဆင့်တက်ဖို့ လေးသင်းစလုံးမှာ အခွင့်အရေးရှိနေပါတယ်။

အုပ်စု D

အာဆင်နယ် ၃-၃ အန်ဒါလက်ခ်ျ
ဒေါ့မွန် ၄-၁ ဂါလာတာစာရေး
2176925_w2
အာဆင်နယ်ကတော့ အိမ်ကွင်းမှာ ဦးဆောင်ဂိုး ၃ ဂိုး အရင်သွင်းထားနိုင်ပေမယ့် နောက်တန်းကစားသမားတွေရဲ့ ညံ့ဖျင်းမှုကြောင့် ၃ ဂိုးပြန်ပေးလိုက်ရပြီး အမှတ်ဆုံးရှုံးခဲ့ရပါတယ်။ ပွဲအစကတည်းက ဘောလုံးပိုင်ဆိုမှုအသာနဲ့ ပွဲကို စိုးမိုးထားတဲ့ အဆင်နယ်အတွက် ၂၅ မိနစ်မှာ အာတီတာက ပင်နယ်တီကတစ်ဆင့် အဖွင့်ဂိုး သွင်းပေးခဲ့ပြီး ၂၉ မိနစ်နဲ့ ၅၈ မိနစ်တို့မှာ ဆန်းချက်ဇ်နဲ့ ချိန်ဘာလိန်တို့က နောက်ထပ် ဦးဆောင်ဂိုးတွေ သွင်းပေးခဲ့ပါတယ်။ ဒါပေမယ့် ပင်နယ်တီ ၁ လုံးအပါအ၀င် ၆၁၊ ၇၃ မိနစ်နဲ့ နောက်ဆုံး မိနစ်တွေမှာ ချေပဂိုးတွေ ပြန်သွင်းခဲ့တာကြောင့် အာဆင်နယ်တို့ နောက်တစ်ဆင့်ကို စောစောစီးစီးတက်ရောက်နိုင်မယ့်အခွင့်အရေး လက်လွှတ်ဆုံးရှုံးခဲ့ရပါတယ်။

ပြီးခဲ့တဲ့ ၃ ပွဲမှာ ရာနှုန်းပြည့် နိုင်ပွဲရထားတဲ့ ဒေါ့မွန်ကတော့ အိမ်ကွင်းမှာ တူရကီကလပ် ဂါလာတာစာရေးကို ၄ ဂိုး ပြတ်သွင်းပြီး နောက်တစ်ဆင့်ကို တက်ရောက်သွားခဲ့ပါတယ်။

Leave a Reply