6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

နိုဝင်ဘာ ၁၀ ၊ ၂၀၁၄
M-Media
2020527889
– ပါလက်စတိုင်းများအား အသက်မွေး ၀မ်းကြောင်း ပညာရပ်များကို အခမဲ့ သင်ပေးနိုင်ရန် ရည်ရွယ်သည့် “ရာဆာ အာရာဖတ် ပညာတော်သင်ဆု” အစီအစဉ်ကို စတင်လိုက်ပြီဟု ဗင်နီဇွဲလား သမ္မတ နီကိုလက်စ် မာဒူရိုက ကြေညာလိုက်သည်။

နိုင်ငံအတွင်း ဆေးဘက်ဆိုင်ရာနှင့် ပတ်သက်၍ ပညာ သင်ကြားမည့် ပါလက်စတိုင်း ၁၁၉ ဦးအား မြို့တော် ကာရာကက်စ်တွင် ကြာသာပတေးနေ့က ကြိုဆိုသည့် အခမ်းအနား၌ မာဒူရိုက ထိုကဲ့သို့ ပြေကြားခဲ့ခြင်းဖြစ်သည်။ အဆိုပါ ပညာတော်သင်အစီအစဉ်အရ ပါလက်စတိုင်း ကျောင်းသား ၁၀၀၀ ခန့်ကို ဗင်နီဇွဲလားက နှစ်စဉ် ခေါ်ယူသွားမည်ဖြစ်သည်။

“ကျွန်တော်တို့ အနည်းဆုံး ဆရာဝန် ၁၀၀၀ ကို အမြန်ဆုံး လေ့ကျင့်သင်ကြားပေးသွားမှာပါ။ နောက်ပြီး ဒီအစီအစဉ်ကို ဆေးပညာရပ် တစ်ခုတည်း မဟုတ်ဘဲ အင်ဂျင်နီယာ ပညာရပ်၊ ဗိသုကာ ပညာရပ်နဲ့ အခြားပညာရပ်တိုင်းမှာလည်း ချဲ့ထွင်သွားဖို့ ပညာရေးဝန်ကြီးဌာနကို ကျွန်တော် အမိန့်ပေးထားပါတယ်” ဟု မာဒူရိုက ပြောကြားခဲ့သည်။

ပါလက်စတိုင်း အုပ်ချုပ်ရေးအဖွဲ့၏ ပထမဆုံး သမ္မတဖြစ်သော ရာဆာအာရာဖတ် အမည်ကို မှည့်ခေါ်ထားသည့် အဆိုပါ ပညာတော်သင်အစီအစဉ်ဖြင့် လာရောက်ကြသူ ၁၁၉ ဦးတွင် ဂါဇာကမ်းမြှောင်မှ ၂၀ ဦးပါဝင်ပြီး ကျန်ကျောင်းသားများမှာ အနောက်ဘက်ကမ်းခြေမှ ဖြစ်ကြသည်။

၎င်းတို့အား ဂါဇာသို့ လူသားချင်းစာနာထောက်ထားသည့် အကူအညီများပေးရန် ဗင်နီဇွဲလားမှ စေလွှတ်လိုက်သော လေယာဉ်ဖြင့် ခေါ်ဆောင်လာခြင်းဖြစ်သည်။

ပါလက်စတိုင်းအား တစ်စိုက်မတ်မတ် ထောက်ခံခဲ့သည့် လက်တင်အမေရိက နိုင်ငံများထဲတွင် ဗင်နီဇွဲလားလည်း ပါဝင်ခဲ့ပြီး ပါလက်စတိုင်းအတွက် လူသားချင်း စာနာထောက်ထားမှု အကူအညီများကို အမြောက်အများ ပေးပို့ခဲ့သည်။

မူဒူရိုက အစ္စရေးမှာ ပါလက်စတိုင်းပြည်သူများ အပေါ် မျိုးဖြုတ်သတ်ဖြတ်ရေးစစ်ပွဲ ဆင်နွှဲခဲ့သည်ဟု ပြောကြားခဲ့ကာ အစ္စရေးတို့က ပိတ်ဆို့ထားသော ဂါဇာဒေသမှာ အအော့ဇ၀်စ် အကျဉ်းစခန်းနှင့် တူသည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။

ref_ Haaretz

Leave a Reply