6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

နိုဝင်ဘာ ၁၁ ၊ ၂၀၁၄
M-Media
_78441060_024389900-1
– သီတင်းပတ် ၆ ပတ်တာ ကြာမြင့်ခဲ့သည့် ဂါဇာကမ်းမြှောင်အား အစ္စရေးမှ ကျူးကျော်တိုက်ခိုက်မှုအတွင်း ကုလသမဂ္ဂ စာသင်ကျောင်းများ တိုက်ခိုက်ခံရမှုကို စုံစမ်းစစ်ဆေးရန်အတွက် အဖွဲ့ဝင် ၅ ဦးပါဝင်သော အဖွဲ့တစ်ခုကို ကုလ အတွင်းရေးမှူးချုပ် ဘန်ကီမွန်က ဖွဲ့စည်းလိုက်သည်ဟု သိရသည်။

အဆိုပါ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဒက်ခ်ျဗိုလ်ချုပ်ဟောင်း ပက်ထရစ် ကမ်မာအက်က ဦးဆောင်မည်ဖြစ်ပြီး ဇူလိုင် ၈ ရက်မှ သြဂုတ်လ ၂၆ ရက်အထိ ပြုလုပ်ခဲ့သော အစ္စရေး၏ ကျူးကျော်တိုက်ခိုက်မှုအတွင်း သေဆုံးဒဏ်ရာရမှုများ ဖြစ်ပွားခဲ့သော ဖြစ်ရပ်များနှင့် ကုလသမဂ္ဂ အဆောက်အအုံများ တိုက်ခိုက်ခံရမှုများအတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည်ဟု ကုလသမဂ္ဂမှ ပြောရေးဆိုခွင့်ရှိသူ ဖာဟန် ဟက်က ယမန်နေ့တွင် ပြောကြားခဲ့သည်။

အစ္စရေး၏ အဆိုပါ ကျူးကျော်တိုက်ခိုက်မှုအတွင်း အနည်းဆုံး ကုလစာသင်ကျောင်း ၅ ခု ပျက်ဆီးခဲ့ပြီး ကလေးငယ်များ အပါအ၀င် လူအများအပြားသေဆုံးခဲ့သည်ဟု ပါလက်စတိုင်းဆိုင်ရာ ကုလသမဂ္ဂ ဒုက္ခသည်များ အေဂျင်ဆီ UNRWA က သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ စာသင်ကျောင်းများမှာ တိုက်ခိုက်မှုများကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူများအတွက် ခိုလှုံရာ ဒုက္ခသည်စခန်းအဖြစ် အသုံးပြုခဲ့သော နေရာများဖြစ်သည်။

ဘန်ကီမွန်မှာ ပြီးခဲ့သည့်လအတွင်း ဂါဇာရှိ တိုက်ခိုက်ခံနေရာများသို့ သွားရောက်ကြည့်ရှုခဲ့ပြီး ပျက်ဆီးဆုံးရှုံးမှုများမှာ ဖော်မပြနိုင်သော အနေအထားတွင် ရှိသည်ဟု ပြောကြားခဲ့သည်။

Agencies

Leave a Reply