6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

နိုဝင်ဘာ ၁၃ ၊ ၂၀၁၄
M-Media
1415750029041_wps_2_dmvidpics_2014_11_11_at_2
– လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ လောက်က အင်္ဂလန် ခရစ်ကတ်အသင်းရဲ့ ကစားသမားဖြစ်ခဲ့သူ တစ်ယောက် ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ထူးခြားတဲ့ပုံစံနဲ့ လူမြင်ကွင်းကို ပြန် ထွက်လာခဲ့ပါတယ်။

သူကတော့ အသက် ၅၀ အရွယ်ရှိပြီဖြစ်တဲ့ ဒေးဗစ်ဆိုက်လောရင့် ဆိုသူဖြစ်ပြီး ကာယဗလ ချန်ပီယံအဖြစ် ပေါ်ထွက်လာခဲ့တာပါ။

လောရင့်ဟာ ၁၉၉၂ ခုနှစ်က ကစားခဲ့တဲ့ ခရစ်ကတ် ပြိုင်ပွဲတစ်ခုမှာ ဘယ်ဘက်ဒူးခေါင်း ပြင်းထန်စွာ ဒဏ်ရာရပြီး ကစားသမားဘ၀ကနေ အနားယူခဲ့ရသူ ဖြစ်ပါတယ်။

ဒါပေမယ့် အားကစားလောကကို စိတ်မကုန်သေးတဲ့ လောရင့်တစ်ယောက် ကာယဗလ လောကထဲ ပြန်လည်ဝင်ရောက်လာခဲ့ပြီး အင်္ဂလန်အမျိုးသား ကာယဗလ အသင်းက ကျင်းပတဲ့ အနောက်လန်ဒန် အပျော်တမ်း ချန်ပီယံလုပွဲမှာ ချန်ပီယံတောင် ဖြစ်ခဲ့ပါပြီ။

ကာယဗလလောကထဲရောက်လာတာနဲ့ ပတ်သက်ပြီး လောရင့်က

“ကျွန်တော်အသက် ၄၀ ကျော်လောက်မှာ ကျွန်တော့်သူငယ်ချင်း ကာယဗလသမား တစ်ယောက်ပြိုင်တဲ့ ပြိုင်ပွဲတစ်ခုကို သွားကြည့်ခဲ့ပါတယ်။ အဲဒီမှာ စတိတ်ခုံပေါ်က လူတွေကို ကြည့်ပြီးတော့ ကျွန်တော် လုပ်နိုင်တယ်လို့ ထင်ခဲ့တယ်။ ကျွန်တော် ဒီအားကစားထဲ ၀င်ရောက်သွားတဲ့အခါ ၀ိတ်မတာ၊ ဂျင်မ်ထဲမှာ လေ့ကျင့်တာတွေဟာ အခက်အခဲဆုံးအလုပ် မဟုတ်ဘူးဆိုတာ တွေ့ခဲ့ရပါတယ်။ အခက်ခဲဆုံး အလုပ်ကတော့ ပြိုင်ပွဲမ၀င်ခင် ၁၄ ပတ်လောက် အစားရှောင်ရတာပါပဲ” လို့ လောရင့်က ဖွင့်ဟခဲ့ပါတယ်။

ခရစ်ကက်ကစားသမားဘ၀မှာ ဒဏ်ရာရခဲ့စဉ်ကာလက ဘ၀ကြီး အမှောင်ကြသွားပြီလို့ ထင်ပြီး စိတ်ဓာတ်ကျခဲ့ပေမယ် နောက်ပိုင်းမှာ ဒီအမှောင်ထုထဲက ရုန်းထွက်နိုင် ခဲ့တယ်လို့လည်း သူက ဆိုပါတယ်။

နောက်ပြီး လုပ်ခဲ့သမျှ အလုပ်တွေထဲမှာ ကာယဗလမောင် တစ်ဦးဖြစ်ရတာဟာ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာမှာ အခက်အခဲဆုံး အလုပ်ဖြစ်ပြီး ကြည့်ကောင်းချင်လို့ ကစားတာနဲ့ ပြိုင်ပွဲတွေမှာ ပါဝင် ယှဉ်ပြိုင်ဖို့ ကစားရတာဟာ မတူဘူးလို့လည်း ပြောခဲ့ပါတယ်။

အသက် ၄၀ ကျော်မှ ကာယဗလလောကထဲ ၀င်ရောက်လာခဲ့ပြီး အချိန်တိုတိုနဲ့ စတိတ်ခုံပေါ် ပြန်တက်လာနိုင်တဲ့ လောရင့်တစ်ယောက် ကျန်ရှိနေတဲ့ သက်တမ်းမှာ ဘယ်လိုအောင်မြင်မှုမျိုးတွေကို ရယူနိုင်မလဲဆိုတာကိုတော့ စောင့်ကြည့်ရမှာပါ။

ref_Daily Mail

Leave a Reply