6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

နိုဝင်ဘာ ၁၆ ၊ ၂၀၁၄
M-Media
Declared dead, 91-year-old woman wakes up 11 hours later in funeral home
– သေဆုံးပြီဟု ယူဆကာ ရေခဲတိုက်သို့ ပို့ဆောင်ခဲ့သည့် ပိုလန်မှ အသက် ၉၁ နှစ်အရွယ် အဖွားအိုတစ်ဦးမှာ ၁၁ နာရီကြာပြီးနောက် ပြန်လည်နိုးထလာခဲ့သည်ဟု သိရသည်။

အော့်စထရို လူဘဲလ်စကီမြို့တွင်နေထိုင်ပြီး ဂျာနီယာ ကိုလ်ကီဝစ်ဟု အမည်ရသည့် အဆိုပါ အဖွားအိုမှာ နိုဝင်ဘာ ၆ ရက်နေ့တွင် အသက်ရှုရပ်သွားသောကြောင့် မိသားစုများက ဆရာဝန်အား ခေါ်ယူပြီး စစ်ဆေးခဲ့ရာ ဆရာဝန်က သေဆုံးသွားပြီဟု အတည်ပြုခဲ့သည်။

“လက်သွေးလွှတ်ကြောက သွေးခုန်နှုန်းကို ကျွန်တော်စမ်းကြည့်တယ်။ လည်ပင်း သွေးကြောကိုလည်း စမ်းကြည့်ပါတယ်။ ပြီးတော့ အသက်ရှုလားသိရအောင် နှလုံးခုန်နှုန်းကို ကျွန်တော်နားထောင်ခဲ့တယ်။ နောက်ပြီး မျက်လုံးသူငယ်အိမ်ကိုလည်း ကျွန်တော် စစ်ဆေးခဲ့ပါတယ်။ ဘာတုန့်ပြန်မှုမှ မတွေ့ရတော့ပါဘူး။ ဒါဟာ သေဆုံးသွားတယ်ဆိုတဲ့ လက္ခဏာပါပဲ” ဟု ကိုလ်ကီဝစ်အား စမ်းသပ်စစ်ဆေးခဲ့သည့် ဆရာဝန်က TVN သတင်းဌာနသို့ ပြောကြားခဲ့သည်။

စစ်ဆေးပြီးနောက် ဆရာဝန်က သေဆုံးကြောင်း လက်မှတ်ရေးထိုးပေးခဲ့ပြီး မိသားစုများကလည်း အသုဘအတွက် ပြင်ဆင်ရန် အလောင်းအား ရေခဲတိုက်သို့ ပေးပို့ခဲ့သည်။ ထို့နောက် ၁၁ နာရီခန့် အကြာတွင် ရေခဲတိုက်မှ အဘွားအို၏ မိသားစုထံသို့ ဖုန်းခေါ်ခဲ့ပြီး ကိုလ်ကီဝစ်မှာ သတိပြန်လည်လာသည်ဟု ပြောကြား ခဲ့သောကြာင့် အိမ်သို့ပြန်လည်ခေါ်ဆောင်လာခဲ့ပြီး ယခုအချိန်တွင် ကျန်းမာလျက် ရှိနေသည်။

ထိုအဖြစ်ပျက်နှင့်ပတ်သက်၍ တာဝန်ရှိသူများက စုံစမ်းမှုများကို ပြုလုပ်နေပြီး တရားရုံးမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးကမူ အဆိုပါ ဆရာဝန်မှာ ကိုလ်ကီဝစ်အား အသက်အန္တရာယ် ကျရောက်စေရန် ဆောင်ရွက်ခြင်း ရှိ၊ မရှိ စစ်ဆေးနေသည်ဟု ပြောကြားခဲ့သည်။

ref_CNN

Leave a Reply