နိုဝင်ဘာ ၁၆ ၊ ၂၀၁၄
M-Media
– သြစတေးလျတွင် ပြုလုပ်နေသော G 20 အစည်းအဝေးတွင် ယူကရိန်းအရေးနှင့် ပတ်သက်၍ ဖိအားပေးမှုများနှင့် ရင်ဆိုင်ခဲ့ရသော ရုရှားသမ္မတမှာ အစည်းအဝေးမပြီးဆုံးမီ စောစီးစွာ ထွက်ခွာခဲ့သည်ဟု သိရသည်။
၂ ရက်ကြာ ကျင်းပပြုလုပ်သည့် အဆိုပါအစည်းအဝေးမှာ ယနေ့တွင် ပြီးဆုံးမည်ဖြစ်ပြီး ပူတင်ကမူ အစည်းအဝေးမှ စောစီးစွာ ထွက်ခွာရန် ဆုံးဖြတ်ခြင်းမှာ ယူကရိန်းအရေး ဖိအားပေးမှုများကြောင့် မဟုတ်ဘဲ အိမ်ပြန်ရောက်သည့် တနင်္လာနေ့တွင် အလုပ်လုပ်နိုင်ရန်အတွက် နာရီအနည်းငယ်ကြာ အိပ်စက်ရန်ဖြစ်သည်ဟု ပြောကြားခဲ့သည်။
“ဗာလ်ဒီဗိုစတော့က်ကို ဒီကနေ ၉ နာရီကြာ ပျံသန်းရမှာပါ။ အဲဒီကနေတစ်ဆင့် မော်စကိုကို နောက်ထပ် ၉ နာရီထပ်ကြာပါလိ့မ်မယ်။ အဲဒီနောက် အိမ်ပြန်ပြီး တနင်္လာနေ့ ရုံးတက်ရအုံးမှာပါ။ ဒါ့ကြောင့် ၄၊ ၅ နာရီလောက် အိပ်စက်ဖို့လိုပါတယ်” ဟု ပူတင်၏ ပြောကြားမှုကို RIA Novosti သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
ကမ္ဘာ့ စီးပွားရေးအင်အားကြီးခေါင်းဆောင်များတွေ့ဆုံခဲ့သည့် အဆိုပါ ဘရစ္စဘိန်းအစည်းအဝေးတွင် စီးပွားရေးဖွံဖြိုးတိုးတက်မှုကို အဓိကထားခဲ့သော်လည်း ယူကရိန်းအရေးက တစ်စိတ်တစ်ပိုင်း လွှမ်းမိုးခဲ့သည်။
အမေရိကန်နှင့် တရုတ်နိုင်ငံတို့မှာ ၎င်းတို့၏ စီးပွားရေးကို ၂၀၁၈ ခုနှစ်တွင် ၂.၁ ရာခိုင်နှုန်း တိုးတက်ရန် ကတိပြုခဲ့ပြီး ထိုတိုးတက်မှု၏ တန်ဖိုးမှာ ကန်ဒေါ်လာ ၂ ထရီလီယံ ရှိမည်ဖြစ်ကာ အလုပ်အကိုင် သန်းနှင့်ချီ၍ ဖန်တီးပေးနိုင်မည်ဟု အမေရိကန်နှင့် တရုတ်ခေါင်းဆောင်များက ပြောကြားခဲ့သည်။
ref_ Al Jazeera and agencies
Leave a Reply
You must be logged in to post a comment.