6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

နိုဝင်ဘာ ၁၇ ၊ ၂၀၁၄
M-Media
201327151223258734_20
– ရွှေ့ပြောင်းလုပ်သားများ၏ အခွင့်အရေးများနှင့် အခြေအနေများအား ကောင်းမွန်အောင် ဆောင်ရွက်ပေးရန် နိုင်ငံတကာမှ ဖိအားပေးမှုများကို ရင်ဆိုင်နေရသည့် ကာတာနိုင်ငံက ၎င်းတို့အနေဖြင့် လာမည့် ၂၀၁၅ ခုနှစ် နှစ်ဆန်းပိုင်းတွင် အလုပ်သမား ဥပဒေအသစ်တစ်ခုကိုပြဌာန်းမည်ဟု ကတိပြု ပြောဆိုလိုက်သည်။

Kafala ဟုခေါ်တွင်ပြီး ယခုလက်ရှိ ပြဌာန်းထားသည့် အဆိုပါ အလုပ်သမားဥပဒေမှာ နိုင်ငံခြားအလုပ်သမားများ၏ အခွင့်အရေးများကို ကန့်သတ်ထားပြီး၊ ခေါင်းပုံဖြတ်မှုများရှိသည်ဟု စွပ်စွဲမှုများ ရှိနေသည်။ ထို့ပြင် နိုင်ငံခြားအလုပ်သမားများမှာ တိုင်းပြည်မှထွက်ခွာခြင်း၊ အလုပ်ပြောင်းခြင်းတို့ကို ဆောင်ရွက် မရဘဲ၊ ဥပဒေသစ်တွင် ထိုအချက်များကို ဖယ်ရှားမည်ဖြစ်ကာ အလုပ်သမားများအား စာချုပ်ဖြင့် ခန့်အပ်ခြင်းကို အစားထိုးမည်ဖြစ်သည်။

ဥပဒေသစ်အား ဆန်းစစ်လေ့လာမှုများ ပြုလုပ်နေပြီး လာမည့်နှစ်အစောပိုင်းတွင် ထုတ်ပြန်ကြေညာမည်ဟု အလုပ်သမားနှင့် လူမှုရေးရာ ၀န်ကြီးဌာနမှ ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားသည်။

“ဥပဒေသစ်ကို လာမယ့်နှစ်အစောပိုင်းမှာ ကြေညာနိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု အဆိုပါ ကြေညာချက်တွင် ရေးသားထားသည်။

လက်ရှိတွင် နိုင်ငံခြား အလုပ်သမားများ အနေဖြင့် အလုပ်ပြောင်းချင်ပါက တိုင်းပြည်မှ အရင်ထွက်ခွာရပြီး ထိုစနစ်က ခေတ်သစ် ကျွန်စနစ်ဖြစ်သည်ဟု လူ့အခွင့်အရေး အဖွဲ့များက ပြောကြားခဲ့သည်။

စာချုပ်ဖြင့် ခန့်ထားမည့် ဥပဒေသစ်တွင်မူ နိုင်ငံခြား အလုပ်သမားများမှာ စာချုပ်ပြည့်သည်နှင့် အခြားအလုပ်များသို့ ပြောင်းနိုင်မည်ဖြစ်သည်။ အဆိုပါ ဥပဒေသစ်အား လာမည့် မေလတွင် စတင် ကျင့်သုံးသွားမည်ဟု သိရသည်။

ref_Al Jazeera

Tags: ,

Leave a Reply