6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

၁၉၄၆ ခုနှစ်မှ ၁၉၄၈ ခုနှစ်အတွင်း အမေရိကန် ဆေးပညာရှင်များ ကွာတီမာလာနိုင်ငံတွင် ပြုလုပ်ခဲ့သော သုတေသနစမ်းသပ်ချက်သည် လူသားဖြစ်မှုကို ဆန့် ကျင်ကျူးလွန်သော ရာဇ၀တ်မှု (Crime against Humanity) ဖြစ်ကြောင်း ကွာတီမာလာ သမ္မတ Alvaro Colom အပြစ်တင်လိုက်ပါသည်။ ထိုအချိန်က ရှားပါးသေးသော ပင်နီစလင်ဆေး အာနိသင် ကို စမ်းသပ်ရန် ကွာတီမာလာနိုင်ငံအကျဉ်းထောင်ရှိ အကျဉ်းသားများနှင့် စိတ်ရောဂါဝေဒနာ ရှင် ၇၀၀ ခန့် ကို ဆေးပညာရှင်များက ဆဖလစ် (Syphilis) ဗိုင်းရပ်ထိုးသွင်း စမ်းသပ်ခဲ့ပါသည်။

အဆိုပါ ရောဂါနှင့်ပတ်သက်ပြီး ဒေါက်တာ မြတ်သီရီအေးကပြောကြားရာတွင်
“ဆစ်ဖလစ် (Syphilis) ဆိုတာ လိင်ဆက်ဆံရာက ကူးစက်တတ်တဲ့ Sexually
Transmitted Infection (STI) ပါ၊ အဲ့ဒီ ရောဂါက ကူးစက်မြန်တတ်ပြီး မကုသပဲ
နှစ်ရှည်ထားခဲ့မယ်ဆိုရင် ဦးနှောက်နဲ့ နှလုံးရောဂါကိုပါ ဖြစ်စေတတ်ပါတယ်။
ရောဂါအဆင့်သုံးဆင့် ရှိတဲ့ အနက် နောက်ဆုံး တတိယအဆင့်ထိရောက်သွားမယ်ဆိုရင်
အသက်ပါ ဆုံးရှုံးနိုင်တယ်” ဟုဆိုသည်။
အမေရိကန်ဆေးသုသေတနပညာရှင်များက ပင်နီစလင်သည် Syphilis ကို ကာကွယ်နိုင်
၊မကာကွယ်နိုင် စမ်းသပ်ရန်အတွက် ကံယာကံရှင်များအား အသိမပေးပဲ ထိုရောဂါပိုး
များကို တမင်ထိုးသွင်းခဲ့ခြင်း ဖြစ်သည်။ သုတေသနပြီးဆုံးသွားသောအခါ
ဤသုတေသနကို ဖုံးအုပ်ထားပြီး စမ်းသပ်ခံ လူနာများအား လျော်ကြေးပေးခြင်း
မရှိခဲ့ပေ။ ထိုးသွင်းခဲ့သော ရောဂါပိုးအတွက် ပြန်လည်ကုသပေးသော်လည်း
ကျန်းမာရေးပြန်လည်ကောင်းမွန်လာ ခဲ့သော လူနာ အရေအတွက်ကိုမူ အတိအ ကျမသိချေ။
ယခုကဲ့သို့  သုတေသနမျိုးကို အာဖရိက အပါအ၀င် ဆင်းရဲသည့်နိုင်ငံများစွာတွင်း နှစ်ပေါင်းများစွာ  ပြုလုပ်ခဲ့ သော်လည်း ဖုံးဖိထားမှုကြောင့် အတိအကျ မသိရှိရပေ။
ယင်းသို့  ဆေးဘက်ဆိုင်ရာ သုတေသနကိုယ်ကျင့်သီလ (research ethics)
ဖောက်ဖျက်သည့် သုတေသနသည် အမေရိကန် ပြည်ထောင်စု National Institutes of
Health (NIH) ငွေကြေးထောက်ပံ့မှုအောက်တွင် ဖြစ်ပျက်ခဲ့သည့်အတွက် သမ္မတ
အိုဗားမား၊ နိုင်ငံခြားဝန်ကြီး ကလင်တန်နှင့် ကျန်းမာရေးဝန်ကြီး ဆီဗီးလီးယက်စ်တို့ က ကွာတီမာလာကို တောင်းပန်ပြီး စုံစမ်းစစ်ဆေးမှုများပြုလိုက်ပေးမည်ဟု ကတိပေးခဲ့ပါ သည်။

Leave a Reply