နိုဝင်ဘာ ၂၄၊ ၂၀၁၄
M-Media
– သူတို့မှာ တရားဝင်အလုပ်လုပ်ခွင့်မရ။ ကလေးများကိုလည်း ကျောင်းထား၍မရ။ ခေါင်းပုံဖြတ်မှု၊ ဖိနှိပ်မှုအန္တရာယ်သာမက ကြိမ်ဒဏ်ရိုက်ခံရမည့် အရေးနှင့်လည်း ၎င်းတို့က ရင်ဆိုင်နေရသည်။ ထိုသူများမှာ အခြားသူများမဟုတ် အမိမြေမှ ထွက်ပြေးခဲ့ရကာ မလေးရှားသို့ လာရောက်ကြသည့် ၁၅၀၀၀၀ သော ခိုလှုံခွင့်တောင်းသူများနှင့် ဒုက္ခသည်များပင် ဖြစ်လေ၏။ ကမ္ဘာ့ အချို့တဲ့ဆုံး ထိုသူများအား ကာကွယ်ရန် မလေးရှား အာဏာပိုင်များနှင့် ကုလမှ တာဝန်ရှိသူများက လုံလောက်စွာ ဆောင်ရွက်ပေးကြခြင်း ရှိ၊ မရှိကို အလ်-ဂျာဇီးရာ၏ 101 East အစီအစဉ် လေ့လာစုံစမ်းကာ ဖော်ပြထားသည့် ရုပ်သံအစီအစဉ်ကို တင်ဆက်ပေးလိုက်ပါတယ်။
ခီချီဆို၏ မွေးကင်းစကလေးငယ်မှာ ဆိုးရွားသော ကျန်းမာရေးကြောင့် အထူးကြပ်မတ် ကုသမှုကို ခံနေရ၏။ သူမမှာ မီးဖွားမှုမှရရှိသည့် နာကျင်မှုကိုလည်း လောလောလတ်လတ်ပင် ခံစားနေရသည်။ သို့သော်လည်း မြန်မာနိုင်ငံမှ ဒုက္ခသည်တစ်ယောက်ဖြစ်သည့် သူမအတွက် ထိုထက် ဆိုးရွားသည့် ကိစ္စများ ဖြစ်ပျက်ပေတော့မည်။
သမီးငယ်ကို မွေးဖွားပြီး နောက်တစ်နေ့တွင် သူမ ကလေးမီးဖွားရာ ကွာလာလမ်ပူဆေးရုံသို့ လူဝင်မှုကြီးကြပ်ရေးမှ တာဝန်ရှိသူများ ရောက်လာကြသည်။ သူမအနေဖြင့် ကလေးငယ်အား နောက်ဆုံးအကြိမ်အဖြစ် ကြည့်ရှုနိုင်မည်ဟု သူတို့က ပြော၏။ ထို့နောက်မှာတော့ ပူဆွေးဝမ်းနည်းနေသော သူမအား ရဲများက ခေါ်ဆောင်သွားကာ တရားမ၀င် ၀င်ရောက်လာသူများကို ထားသည့် ထိန်းသိမ်းရေးစခန် အတွင်းသို့ ထည့်ထားလိုက်လေသည်။ ထိုထိန်းသိမ်းရေးစခန်းတွင် နေထိုင်နေရသည်မှာ တစ်လခန့်ရှိပြီဖြစ်သည့် သူမအနေဖြင့် သမီးငယ်လေး သေးသလား ရှင်သလားဆိုသည်ကို မသိခဲ့။
ခီချီဆိုမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးကာ မလေးရှားသို့ရောက်လာကြသည့် ဒုက္ခသည်များနှင့် ခိုလှုံခွင့်တောင်းခံသူ ၁၅၀၀၀၀ ထဲမှ တစ်ဦးဖြစ်လေသည်။ ကွန်းခိုရာနေရာတစ်ခု တွေ့ရှိရမည့်အစား ၎င်းတို့အားလုံးအတွက် ကြိုလင့်နေသည့်အရာကတော့ ဒုက္ခသုက္ခနှင့် ခေါင်းပုံဖြတ် အမြတ်ထုတ်မှုပင် ဖြစ်လေ၏။ အာဏာပိုင်များ၏ လက်ဝယ်တွင်ပါ ထိုကိစ္စများက ဖြစ်ပျက်နေသည်။
ဒုက္ခသည်များ စိမ့်ဝင်ပြန်နှံ့မှုကို တားဆီးခြင်းနှင့် ပတ်သက်၍ အစိုးရ၏ ဆက်လက်ဆောင်ရွက်နေပြီးကုသသမဂ္ဂ ဒုက္ခသည်များအေဂျင်စီက ထိုကိစ္စအတွက် ဘာမှမလုပ်ဟု ဒုက္ခသည်များက ပြောကြားခဲ့သည်။
မလေးရှားမှာ ကုလ၏ ဒုက္ခသည်များဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်မထိုးထားသည့် နိုင်ငံဖြစ်သည်။ ထို့ကြောင့် မလေးရှားသို့ ၀င်ရောက်လာသူ ဒုက္ခသည်များမှာ UNHCR တွင် စာရင်းပေးသွင်းကြရပြီး ခိုလှုံခွင့်တောင်ခံသည့် လက်မှတ်ကို ရယူကြရသည်။ ထို့နောက်တွင်တော့ အခြားတိုင်းပြည်တစ်ခုသို့ သွားရောက်ရမည့် စာရင်းတွင် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရလေတော့သည်။
ထိုသို့စောင့်ဆိုင်းရာတွင် တစ်ခါတစ်ရံ ၁၀ စုနှစ်တစ်ခုအထိ ကြာမြင့်သည်။ ဒုက္ခသည်များမှာ ရဲများဖမ်းဆီးမည်ကို ကြောက်ရွံ့မှုဖြင့် နေထိုင်နေရသည်။ ဒုက္ခသုက္ခများသော ထိန်းသိမ်းရေးစခန်းများသို့ ခေါ်ဆောင်မသွားရေးအတွက် အလှဲအလှယ်အဖြစ် ရဲများက ပိုက်ဆံတောင်းကြသည်ဟု ၎င်းတို့က ပြောကြသည်။
ဒုက္ခသည်များမှာ အလုပ်လုပ်ခွင့်မရှိသလို ၎င်းတို့၏ ကလေးများအား ကျောင်းထားခွင့်လည်းမရှိ။ ၎င်းတို့မှာ လူ့အဖွဲ့အစည်း၏ လောင်းရိပ်များအောက်တွင် ရုန်းကန် လှုပ်ရှားနေရခြင်းကြောင့် ဤသည်က ဒုက္ခသည်အများစုအတွက် ထိလွယ်ရှလွယ်သည့် ရပ်တည်မှုမျိုးလည်း ဖြစ်လေတော့သည်။
ref_Al Jazeera
Comments