6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

နိုဝင်ဘာ ၂၇ ၊ ၂၀၁၄
M-Media
ALT-HERO-master675
– ယာဉ်ကြောပိတ်ဆို့မှု အလွန်အမင်း ဖြစ်ပွားနေသည့် ရန်ကုန်မြို့၏ ဖရိုဖရဲအဖြစ်ဆုံး လမ်းဆုံများထဲမှ တစ်ခုတွင် ယာဉ်ထိန်းရဲ တပ်ကြပ်ကြီး ခင်မြင့်မောင်တစ်ယောက် တစ်နေ့လျှင် ၁၂ နာရီခန့်ရပ်ကာ စိတ်ရှည်သည်းခံမှု၊ ချိုသာပြုံးရွှင်သော မျက်နှာထားနှင့်အတူ ယာဉ်ကြောရှုပ်ထွေးမှုများအား ရှင်းလင်း၍ နေ၏။

ထိုအခြေအနေက နာမည်ကြီးနေ့စဉ် သတင်းစာတစ်စောင်မှ တစ်နှစ်တာ သူရဲကောင်းဆုရရှိခဲ့သူ၊ ရန်ကုန်ရဲတပ်ဖွဲ့၏ `စံပြုထိုက်သူ´ ၀န်ထမ်းအဖြစ် သတ်မှတ်ခံရသူ၊ ဂျာမန်ဖောင်ဒေးရှင်းတစ်ခု၏ `လက်တွေ့ဘ၀ သူရဲကောင်း´ အဖြစ် သတ်မှတ်ခံခဲ့ရသူ တစ်ဦး၏ အခြေအမျိုးနှင့် လားလားမှ မသက်ဆိုင်ဟု ထင်ရသည်။

သို့သော်လည်း တောကြိုအုံကြားမှ တက်လာပြီး မကြာသေးမီကမှ ရာထူးတိုးခဲ့သည့် အသက် ၂၆ နှစ်အရွယ် တပ်ကြပ်ကြီး ခင်မြင့်မောင်မှာ ထိုဆုအားလုံးကို ရရှိခဲ့ပြီး ၎င်း၏ ဂုဏ်သတင်းက လူတိုင်း၏ ပါးစပ်ဖျားတွင် ကျော်ဇောခဲ့လေသည်။ သဲကြီးမဲကြီးရွာနေသောမိုးနှင့် ခြစ်ခြစ်တောက်ပူနေသော နေရောင်အောက်တွင် ယာဉ်ကြောပိတ်ဆို့မှုမဖြစ်အောင် ညွှန်ကြားပေးသည့် ထိုတပ်ကြပ်ကြီး၏ စွမ်းရည်နှင့် ပတ်သက်၍ ရန်ကုန်မြို့ရှိ တက္ကစီယာဉ်မောင်းသမား အားလုံးနီးပါးက အာပေါင်အာရင်းသန်သန် ပြောကြသည်။

`ကျွန်တော်တို့ သူ့ကိုချစ်ပါတယ်။ သူ့ကို မကြိုက်တဲ့လူ မရှိပါဘူး´ ဟု အသက် ၃၇ နှစ်အရွယ် တက္ကစီယာဉ်မောင်း ဦးနေ၀င်းလှိုင်က ဆိုသည်။

လွန်ခဲ့သည့်နှစ်များက မြန်မာနိုင်ငံ၏ အကြီးဆုံး ရန်ကုန်မြို့၏ လမ်းများတွင် ရှင်းလင်း၍နေပြီး တက္ကစီ ယာဉ်မောင်းများမှာ တိုးယိုပေါက်ဖြစ်နေသော လမ်းများတွင် ကားများကို တဝေါဝေါ မောင်းနိုင်ကြသည်။

သို့သော်လည်း ယနေ့ခေတ်မှာတော့ ရန်ကုန်တွင် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်လာခဲ့ပြီး ထိုအချင်းအရာက စစ်အုပ်ချုပ်ရေးအောက် နှစ်ပေါင်း ငါးဆယ်ခန့် ပြင်ပလောကနှင့် အဆက်ပြတ်နေသည့် မြန်မာနိုင်ငံမှာ နောက်ဆုံးတွင် စီးပွားရေး ပွင့်လင်းလာခဲ့ပြီဆိုသည့် ထင်ရှားသော လက္ခဏာလည်း ဖြစ်ကောင်းဖြစ်နိုင်ပေသည်။ ပြီးခဲ့သည့် ၃ နှစ်မှစ၍ ရန်ကုန်မြို့အတွင်း မှတ်ပုံတင်ခဲ့သည့် ကားအရေအတွက်မှာ ၂ ဆခန့်ဖြစ်လာခဲ့ပြီး အရေအတွက်အားဖြင့် ၄ သိန်းကျော်လာခဲ့သည်။

ကားပိုင်ဆိုင်မှုမှာ ချမ်းသာလွန်းသူများ၏ သီးသန့်အရာ မဟုတ်တော့သော ခေတ်သစ်မြန်မာနိုင်ငံတွင် တပ်ကြပ်ကြီး ခင်မြင့်မောင်မှာ ပြည်သူ့ သူရဲကောင်းသစ်အဖြစ် ထွက်ပေါ်လာခဲ့လေသည်။ ထိုသူမှာ လူ့အခွင့်အရေး လှုပ်ရှားသူမဟုတ်၊ လူ့လောကကို အကျိုးပြုသူ ပရဟိတသမားလည်း မဟုတ်၊ ခွေးလေးများကို တစ်ရှိန်ရှိန်တောက်လောင်နေသော မီးထဲမှ ကယ်တင်ခဲ့သည့် မီးသတ်သမားလည်းမဟုတ်ဘဲ ယာဉ်ထိန်းရဲတစ်ဦးသာ ဖြစ်နေ၏။

ယူနီဖောင်းဝတ် ပုဂ္ဂိုလ်များအား ကြောက်ရွံ့မှု၊ စက်ဆုပ်ရွံရှာမှုများ ရှိနေသည့် မြန်မာနိုင်ငံတွင် တပ်ကြပ်ကြီး ခင်မြင့်မောင်တစ်ယောက် စိတ်တိုလွယ်သည့် ယာဉ်မောင်းများ၏ စိတ်နှလုံးသားကို ညှို့ယူ ဖမ်းစားနိုင်ခဲ့သည်။ ထိုယာဉ်မောင်းများက ၎င်းသောက်သုံးရန် ရေခဲရေဘူးများ ပေးကြသည်။ အစားသောက်များကိုလည်း ပေးကြသေးသည်။ ထို့ပြင် ၎င်းအား မုန့်ဖိုးများလည်း ပေးကြပြီး ထိုလုပ်ရပ်မှာ အနောက်နိုင်ငံများတွင် မသင့်တော်သည့်လုပ်ရပ် ဖြစ်သော်လည်း ယာဉ်မောင်းများကမူ ထိုအရာမှာ တပ်ကြပ်ကြီး၏ အားထုတ်မှုအား ကျေးဇူးတုံ့ပြန်ခြင်းနှင့် ၀န်ထမ်းတစ်ယောက်၏ နည်းပါးသော လစာအတွက် အလိုက်တသိပေးအပ်သည့် ထောက်ပံ့မှုမျိုးသာ ဖြစ်သည်ဟု ဆိုကြလေသည်။ တပ်ကြပ်ကြီးမှာလည်း ထိုလက်ဆောင်များ အားလုံးကို ပူပြင်းသော နေရောင်အောက်၌ ၀င်းပသော အပြုံးပန်းဖြင့် ၀မ်းမြောက်စွာ လက်ခံလေ၏။

ယာဉ်ထိန်း ရဲတပ်ကြပ်ကြီးအဖြစ် ရာထူးတိုးသည့် အခမ်းအနားသို့ တက်ရောက်ရန် လွန်ခဲ့သည့် ၂ လက နေပြည်တော်သို့ သွားသည့်အချိန် အပါအ၀င် တပ်ကြပ်ကြီး ခင်မြင့်မောင် မရှိသည့် ရက်များအတွင်း ထိုလမ်းကြော တစ်ဝိုက် ၀ရုန်းသုန်းကား ဖြစ်ကုန်သည်။

`သုံးရက်လောက် ဒုက္ခရောက်သွားတယ်ရှင်။ ဟွန်းသံတွေကလည်း ဆူညံနေတာပဲ။ ကားတွေကလည်း ရှေ့ကို မတိုးတော့ဘူး။ လူတိုင်းက ဒေါသတွေ ထွက်နေကြတယ်´ ဟု ထိုပတ်ဝန်းကျင်တွင် ဆိုင်ဖွင့်ထားသည့် ဒေါ်ဖြူဖြူက ပြောခဲ့သည်။

တပ်ကြပ်ကြီခင်မြင့်မောင်အား လူကြိုက်များခြင်းမှာ ယာဉ်မောင်းသူများထံမှ ခြိမ်းခြောက်၍သော်လည်းကောင်း လှည့်ဖြား၍သော်လည်းကောင်း လာဘ်လာဘ ရယူကြသည့် ယာဉ်ထိန်းရဲတပ်ဖွဲ့ အပေါ် ယုံကြည်သည်ဟု ဆန္ဒပြုခြင်း မဟုတ်သလို ယခင်က အုပ်စိုးခဲ့သည့် စစ်အာဏာရှင် စနစ်တွင် ပါဝင်ခဲ့သူအများစုဖြင့် ဖွဲစည်းထားသည့် အစိုးရသစ်အား ချီးကျူး ဂုဏ်ပြုခြင်းလည်း မဟုတ်ချေ။ တပ်ကြပ်ကြီးခင်မြင့်မောင်အား ချီးကျူးသြဘာပေးခြင်းက ကျန်ရှိနေသည့် ယာဉ်ထိန်းရဲများနှင့် အစိုးရ ယန္တရားတစ်ခုလုံးအား ဝေဖန်ပြစ်တင်သည့်  သဘောပင်ဖြစ်သည်ဟု ၎င်းအား ထောက်ခံသူများက ဆိုကြသည်။

`ပြည်သူ့ဝန်ထမ်းတွေ သူတို့အလုပ်ကို သူတို့ မလုပ်ခင် ပြည်သူ့ဝန်ထမ်းလို့ မမှတ်ယူနိုင်ပါဘူး။ သူ(တပ်ကြပ်ကြီးခင်မောင်မြင့်)ကတော့ တာဝန်ကျေပွန်တဲ့ ပြည်သူ့ဝန်ထမ်း တစ်ယောက်ပါပဲ´ ဟု သတင်းစာ၊ ဂျာနယ်များတွင် ဆောင်းပါးများရေးနေသူ ဦးဖေမြင့်က မှတ်ချက်ပေးခဲ့လေသည်။

သူရဲကောင်းများမှာ မြန်မာနိုင်ငံတွင် ရှားပါးသည်။ သဘောထားကွဲလွဲသူများအား ထောင်သွင်း အကျဉ်းချခြင်း၊ သာမန်နိုင်ငံသားများအား အလေးမထားခြင်း စသည့် ရက်စက်ကာ အာဏာရှင်ဆန်သော စစ်အစိုးရအတွက် တာဝန်ထမ်းသော၊ ၎င်းတို့နှင့် ပူးပေါင်းဆောင်ရွက်သော အာဏာပိုင်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် သတင်းပေးများက မြန်မာ့လူ့အဖွဲ့အစည်းတွင် တောင်လိုပုံနေသည်။

`ဒီဆုနဲ့ ထိုက်တန်တဲ့ ပြည်သူ့ဝန်ထမ်းကောင်းတွေကို ရှာရတာ သိပ်ခက်ပါတယ်´ ဟု 7 Days သတင်းဂျာနယ်မှ အမှုဆောင်ဒါရိုက်တာဖြစ်သူ ဒေါ်ငြိမ်းငြိမ်းနိုင်က ဖွင့်ဟခဲ့သည်။ အဆိုပါ ဂျာနယ်မှာ နှစ်ပေါင်း ၅၀ မျှ ဆင်ဆာ ပိတ်ပင်ခံထားရသည့် မြန်မာ့ မီဒီယာလောက လွတ်မြောက်လာသော ၂၀၁၂ ခုနှစ်မှစ၍ သူရဲကောင်းဆုများကို စတင် ချီးမြှင့်ခဲ့သည့် ဂျာနယ်ဖြစ်သည်။

`နှစ်တိုင်း ကျွန်မတို့ နာမည်တွေ အများကြီး ရတယ်။ ဒါပေမယ့် သူတို့ရဲ့နောက်ကြောင်းတွေကို ကျွန်မတို့ကြည့်ပြီး သူရဲကောင်း အဖြစ် သတ်မှတ်ဖို့ မသင့်တော်တာ တွေ့ခဲ့ရပါတယ်´ ဟု သူမက ထပ်လောင်းပြောကြားခဲ့လေသည်။

မြန်မာနိုင်ငံအတွင်း ပြုပြင်ပြောင်းလဲမှုမှာ မတူညီသော မြန်နှုန်းများဖြင့် ရှေ့ဆက်သွားနေ၏။ အစိုးရ ယန္တရားမှာ ယခင် စစ်အစိုးရ လက်ထက်ကလိုပင် အထက်အမိန့်များကို စောင့်နေသည်။ လယ်သမားများကလည်း ဆင်းရဲတွင်းနက်ဆဲပင်။ အလယ်အလတ် လူတန်းစားများကတော့ အစိုးရက ဖန်တီးပေးမည်ဟု ကတိပြုထားသည့် အလုပ်အကိုင် အခွင့်အလမ်း အနည်းငယ်ကိုသာလျှင် ရှုမြင်ကြရသည်။

သို့သော်လည်း ရန်ကုန်မြို့တွင်းရှိ လမ်းများတွင် လွန်ခဲ့သည့် ငါးနှစ်က အချိန်များနှင့် မတူတော့။ ထိုစဉ်က မြို့လယ်ကောင် လမ်းများ၌ အလွန်ဟောင်းနွမ်းနေပြီး ယိုယွင်းနေသောကားများဖြင့် တိုလီမုတ်စများ စုပုံထားသည့် အဟောင်းပုံကြီးနှင့်တူ၏။ သက်တမ်း နှစ်ပေါင်း ၄၀ ခန့် ကြာပြီဖြစ်သည့် ကားအို ကားဟောင်းများမှ ဆီများမှာ လမ်းပေါ်သို့ တစ်စက်စက် ယိုစိမ့်ကြနေသည်။ မိုးရွာသည့်နေများတွင်တော့ လမ်းပေါ်မှရေများ ကားထဲသို့ ၀င်မလာစေရန်အတွက် တက္ကစီကြမ်းပြင်ရှိ အပေါက်များကို ခရီးသည်များက ခြေထောက်ဖြင့် ပိတ်ထားရသည်။

ပြီးခဲ့သည့် ၃ နှစ်ခန့်တွင် အစိုးရက ကားတင်သွင်းမှုအတွက် တင်းကြပ်လွန်းသည့် ကန့်သန့်ချက်များကို လျော့ပေါ့ပေးခဲ့သည်။ ခလုတ်တစ်ခုကို ဆတ်ခနဲ ဖွင့်လိုက်သကဲ့သို့ ရန်ကုန်တွင် မော်တော်ကား ယဉ်ကျေးမှုမှာ တစ်ခေတ်ထလာခဲ့သည်။ များသောအားဖြင့် ဂျပန်နိုင်ငံမှ တစ်ပါတ်ရစ်ကားများ တင်သွင်းကာ ရောင်းချသော မော်တော် ကားရောင်းသည့် နေရာများကို နေရာတိုင်း၌ တွေ့လာရသည်။ လမ်းပိတ်ဆို့မှု သတင်းများကို ထုတ်လွှင့်ပေးသော ရေဒီယိုဌာနများမှာ အဆိုးဝါးဆုံး ယာဉ်ကြော ပိတ်ဆို့မှုများကို ရှောင်ရှားချင်သူများအတွက် မရှိမဖြစ် နားထောင်ရမည့် သတင်းဌာနများ ဖြစ်လာခဲ့သည်။ အမေရိကန်သမ္မတ ဘာရက်အိုဘားမှာ ယခုလအတွင်း လာရောက်သည့်အခါ လမ်းပိတ်ထားမှုများက `အိုဘားမား ကားပိတ်မှု´ ဖြစ်စေသည်ဟု ပြည်သူများက စောဒကတက်ကြသည်။ ယာဉ်ထိန်းရဲတပ်ဖွဲ့က ယခုနှစ်တွင် Facebook စာမျက်နှာတစ်ခုဖွင့်ကာ ဥပဒေပ မောင်းနှင်သော ယာဉ်မောင်းများအား ဓာတ်ပုံရိုက်ကာ တိုင်ကြားနိုင်ရန် စီစဉ်ပေးထားသည်

ရန်ကုန်မြို့ ဆင်ခြေဖုန်းဒေသတွင် နေထိုင်သည့် ပန်းပုပညာရှင် သက် ၃၄ နှစ်အရွယ် ဦးဝင်းတင်တစ်ယောက် ရွှေတိဂုံဘုရားအနီးအနားရှိ ၎င်း၏ဆိုင်သို့ ကားစီးသွားသည့်အခါ နာရီဝက်ခန့်ကြာသည်။ ရန်ကုန်မြို့ရှိ နေ့စဉ် သွားလာနေသူ ၎င်းအနေဖြင့် အဲယားကွန်းမရှိသော ဘတ်စ်ကားများ၌ အချိန် ၂ နာရီခန့်ကို ပူလောင်အိုက်စပ်စွာ ကုန်ဆုံးရသည်။ ထိုအခြေအနေနှင့် ဆန့်ကျင်ဖက်အဖြစ် တရုတ်နှင့် တောင်ကိုရီးယားမှ ခရီးသည်များ ၀င်ရောက်လာကာ သစ်သားဖြင့် ထုလုပ်ထားသော ဗုဒ္ဓရုပ်ပွားတော်များ မှာယူကြသည့်အတွက် စီးပွားရေးက ပိုမိုကောင်းမွန်လာသည်ဟု ၎င်းက ပြောကြားခဲ့သည်။

`အရင်ကလို သွားရလာရ လွယ်ကူတာကို ကျွန်တော်ကြိုက်ပါတယ်။ ဒါပေမယ့် အတိတ်ဟောင်းကိုတော့ ပြန်မသွားချင်ပါဘူးဗျာ´ ဟု ဦးဝင်းတင်က ဖွင့်ဟခဲ့လေသည်။

ဂျပန်မှတင်သွင်းသည့် တစ်ပါတ်ရစ်ကားများက အခြားနိုင်ငံများမှ ဇိမ်ခံကားများနှင့် ယှဉ်ပြိုင် အန်တုနေရသည်။ တပ်ကြပ်ကြီး ခင်မြင့်မောင်တစ်ယောက် ရန်ကုန်လမ်းများအတွက် ကြီးလွန်းသည့် Range Rovers ဇိမ်ခံကားကြီးကို ညွှန်ကြားနေသည်။

မြန်မာနိုင်ငံတွင် ဆင်းရဲသူများနှင့် ချမ်းသာသူများအကြား ကွာဟချက်ကြီးမားနေသည်ကို သတိပေးနေသည့်တစ်ချက်က ကန်ဒေါ်လာ ၁၅၀ နှင့် ညီမျှသည့် လစာကို ရရှိနေသော တပ်ကြပ်ကြီး ခင်မြင့်မောင်တစ်ယောက် ထိုလစာအား တစ်ပြားတစ်ချပ်မှ မသုံးဘဲ အသက်ထက်ဆုံး စုဆောင်းပြီး ၀ယ်မည်ဆိုလျှင်တောင် အဆိုပါ ဇိမ်ခံကားများထဲမှ တစ်စီးကို ရနိုင်ဖွယ်ရာမရှိ။

ဘင်္ဂလား ပင်လယ်အော်မှ သုံးမိုင်အကွာ ဝေးလံခေါင်သီသည့် ကျေးရွာရှိ မိသားစု၏ ငါးယောက်သော ကလေးများမှ တတိယမြောက်ဖြစ်သည့် တပ်ကြပ်ကြီး ခင်မြင့်မောင် တစ်ယောက်  အတိတ်မှပြုခဲ့သော ကုသိုလ်ကောင်းမှုကြောင့် စံစားရသော ဗုဒ္ဓဘာသာ၏ ကံ၊ ကံ၏ အကျိုးအရ လူချမ်းသာများအား မကျေမနပ်ဖြစ်ခြင်း မရှိ။

`လူတိုင်းက သူတို့ရဲ့ ကိုယ်ပိုင်ကံကြမ္မာ ရှိကြတယ်လေ။ လူချမ်းသာတွေက အရင်ဘ၀မှာ ကောင်းတာတွေလုပ်တာကြောင့် ချမ်းသာကြတာပါ။ လူတိုင်းမှာ သူတို့ရဲ့ ကိုယ်ပိုင်နေရာဆိုတာ ရှိကြပါတယ်´ ဟု ရွေတိဂုံဘုရားနှင့် မဝေးလှသော ဓမ္မဇေတီလမ်းနှင့် လစ်လမ်းထောင့် လမ်းဆုံတွင် တာဝန်ကို ပုံမှန် ကျေပွန်စွာ ထမ်းဆောင်နေသော ယာဉ်ထိန်းရဲ တပ်ကြပ်ကြီး ခင်မြင့်မောင်က အနားရသည့်အချိန်တွင် ပြောကြားခဲ့လေသည်။

တပ်ကြပ်ကြီးမှာ အပြုံးပန်းပွင့်သလောက် စကားကတော့ နည်း၏။ ၂၀၁၂ ခုနှစ်ရန်ကုန်ဟိုတယ်တစ်ခုတွင် ပြုလုပ်သော သူရဲကောင်းဆုလက်ခံရယူစဉ်က ၎င်းမှာ စင်မြင့်ပေါ်တွင် မတ်တပ်ရပ်နေ၏။

`ကျွန်မတို့ သူ့ကို သုံးမိနစ် စကားပြောဖို့ ပေးပါတယ်။ သူကတော့ ပြုံးပြီး `ကျေးဇူးတင်ပါတယ်´ လို့ပဲ ပြောခဲ့ပါတယ်´ ဟု ဆုပေးပွဲကော်မတီကို ဦးဆောင်ခဲ့သူ ဒေါ်ငြိမ်းငြိမ်းနိုင်က ပြောကြားခဲ့လေသည်။

NY Tiime တွင် ဖော်ပြခဲ့သည့် THOMAS FULLER ၏ “Yangon’s Hero, Wielding Power of Stop and Go” ဆောင်းပါးကို လေးမောင်(M-Media) မှ ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

Tags:

Leave a Reply