6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

နိုဝင်ဘာ ၂၇ ၊ ၂၀၁၄
M-Media
24-11-14_Flexible-Islamic-Finance-Booms
– ရှင်းလင်းလွယ်ကူပြီး လူအားလုံးနှင့် သဟဇာတဖြစ်သည့် အစ္စလာမ့်နည်းကျ ဘဏ္ဍာရေး လုပ်ငန်းများမှာ ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း လူအများအပြားကို ဆွဲဆောင်နိုင်ခဲ့ကာ အောင်မြင်မှုများမှာလည်း ၉ ဆအထိ ရှိလာသည်ဟု လေ့လာမှုများအရသိရသည်။

`တင်းကျပ်တဲ့ ဘာသာရေးစည်းမျဉ်းတွေနဲ့ သတ်မှတ်ထားပေမယ့် အစ္စလာမ့်နည်းကျ ဘဏ္ဍာရေးလုပ်ငန်းဟာ အားလုံးနဲ့ လိုက်လျောညီထွေဖြစ်ပြီး ငွေကြေး ဆုံးရှုံးသွားမယ့် အန္တရာယ် လည်း နည်းပါး ပါတယ်။ အဲဒီအချက်တွေဟာ ဒီဘဏ္ဍာရေးစနစ်ကို လျင်မြန်စွာ တိုးချဲ့ဖို့နဲ့ တောင်ဆိုမှု ပုံစံမျိုးစုံကို ပြည့်မီဖို့အတွက် အထောက်အကူဖြစ်စေပါတယ်´ ဟု ကူဝိတ် စီးပွားရေးပညာရှင် ဟာ့ဂ်ျ ဘခက်ဒူရ်က ပြောကြားခဲ့သည်။

ဘဏ်လုပ်ငန်းများ အပါအ၀င် အစ္စလာမ့်နည်းကျ ဘဏ္ဍာရေး လုပ်ငန်းများမှာ လွန်ခဲ့သည့် ၁၀ စုနှစ်တွင်း အလျင်အမြန် တိုးတက်လာခဲ့ပြီး ၂၀၀၃ ခုနှစ်မှ ပြီးခဲ့သည့်နှစ်အတွင်း ၉ ဆ တိုးလာက စုစုပေါင်း ပမာဏ ၁.၈ ထရီလီယံ အထိ ရှိလာခဲ့သည်။

ဘာသာတရား၏ သွန်သင်ချက်များနှင့် ကိုက်ညီခြင်းအပြင် အားလုံးနှင့် လိုက်လျောညီထွေ ဖြစ်မှုတို့ကြောင့်  အစ္စလာမ့်နည်းကျ ဘဏ္ဍာရေးလုပ်ငန်းများ ကြီးထွားလာခြင်းဖြစ်ပြီး အခြား စီးပွားရေးလုပ်ငန်းများနှင့်လည်း ချိတ်ဆက်ဆောင်ရွက်လျက် ရှိနေသည်။ သို့သော်လည်း မသေချာမရေရာသည့် စီးပွားရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံခြင်းကို တားမြစ်ထားသည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

မြင့်မားလာသော တောင်းဆိုမှုများကို ဖြည့်ဆည်းပေးခြင်းနှင့်အတူ ယခင်က ဘဏ်လုပ်ငန်းများကိုသာ လုပ်ကိုင်ခဲ့သော်လည်း ယခုလက်ရှိတွင် အစ္စလာမ့်နည်းကျ လုပ်ငန်းများ၌ ကားများ၊ အိမ်များ ၀ယ်ယူရန်အတွက် ရှရီအာဥပဒေနှင့် ကိုက်ညီသော နှစ်ရှည် ချေးငွေများ ထုတ်ပေးခြင်း၊ အဓိက အခြေခံအဆောက်အဦးများ ဆောက်လုပ်ရန်အတွက် ရန်ပုံငွေထုတ်ပေးခြင်း စသည်တို့ကိုပါ တိုးချဲ့ ပြုလုပ်ခဲ့ကြသည်။

အစ္စလာမ်သာသနာမှာ အတိုးပေးခြင်း၊ ယူခြင်း၊ နှစ်ရှည်ချေးငွေများအပေါ် အတိုးယူခြင်း စသည်တို့ အားလုံးကို ပိတ်ပင်ထားသည်။ ထို့ပြင် မကောင်းမှု ဒုစရိုက်ဖြင့် ငွေကြေးရှာဖွေမှုများကို တားမြစ်ထားသောကြောင့် အစ္စလာမ့်နည်းကျ  ဘဏ်လုပ်ငန်းများနှင့် ငွေးကြေးဆိုင်ရာ အသင်းအဖွဲ့များမှာ အရက်၊ လောင်းကစား၊ လိင်ပိုင်းဆိုင်ရာ၊ ဆေးရွက်ကြီး၊ လက်နက်နှင့် ၀က်သား စသည့် စီးပွားရေးလုပ်ငန်းများအတွက် ငွေကြေးထောက်ပံ့ခြင်း မပြုချေ။

အန္တရာယ်ကင်းသော လုပ်ငန်း

အစ္စလာမ့်နည်းကျ ဘဏ္ဍာရေး လုပ်ငန်းများမှာ ၂၀၀၈ ခုနှစ် ကမ္ဘာ့စီးပွားရေးကပ် ဆိုက်ရောက်ချိန်တွင် အခြားသော ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းများထက် ပိုမို ကောင်းမွန်အောင် လုပ်ဆောင်နိုင် ခဲ့ကြောင်း ကျွမ်းကျင်သူများက ဆိုသည်။

`အစ္စလာမ့်နည်းကျ ဘဏ်လုပ်ငန်းဟာ ၂၀၀၈ ခုနှစ် စီးပွားရေးကပ်ရဲ့ ဆိုးရွားတဲ့သက်ရောက်မှုကနေ လွတ်ကင်းခဲ့ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ဒီဘဏ်တွေဟာ အဆိပ်အတောက်ရှိတဲ့ အရာတွေနဲ့ မထိတွေ့ခဲ့လိုပါပဲ´ ဟု မကြာသေးမီက ပြုလုပ်ခဲ့သည့် လေ့လာဆန်းစစ်မှုတွင် တွေ့ရှိခဲ့ရသည်ဟု ကမ္ဘာ့ဘဏ်မှ မန်းနေးဂျင်းဒါရိုက်တာ မဟ်မူးဒ် မိုဟဲလ်ဒင်က ပြောကြားခဲ့သည်။

သို့သော်လည်း ဒုတိယအကျော့ ရိုက်ခတ်မှုတွင် ပင်လယ်ကွေ့ဒေသရှိ အစ္စလာမ့်နည်းကျ အိမ်ခြံမြေလုပ်ငန်းနှင့် အခြားသော ကဏ္ဍများကို ရိုက်ခတ်ခဲ့သည်ဟု ဆိုသည်။

အစ္စလာမ့်နည်းကျ ဘဏ္ဍာရေးလုပ်ငန်းများကို နိုင်ငံပေါင်း ၇၀ တွင် လုပ်ကိုင်လျက်ရှိပြီး အစ္စလာမ်ဘာသာဝင်ဦးရေ သန်း ၄၀ ကျော်က အသုံးပြုနေကြသည်။

နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF၊ ကမ္ဘာ့ဘဏ်နှင့် အခြားသော စီးပွားရေးဆိုင်ရာ အဖွဲ့အစည်းများက အစ္စလာမ့်နည်းကျ ဘဏ္ဍာရေးလုပ်ငန်းများမှာ ၂၀၀၃ ခုနှစ်မှ ယမန်နှစ်အထိ ၉ ဆတိုးလာပြီး စုစုပေါင်းတန်ဖိုးမှာ ကန်ဒေါ်လာ ၁.၈ ထရီလီယံ ရှိလာပြီဟု ဆိုသည်။ လာမည့် ၂၀၂၀ တွင်မူ စုစုပေါင်း ၄ ထရီလီယံရှိမည်ဟု ခန့်မှန်းထားသည်။

`စီးပွားရေးအကြောင်းအရင်းတွေနဲ့ အကျိုးအမြတ်ကောင်းတွေကြောင့် ကျွန်တော်ဟာ လွန်ခဲ့တဲ့ နှစ် ၂၀ လုံး အစ္စလာမ့်နည်းကျ ဘဏ်လုပ်ငန်းတွေနဲ့ ဆက်သွယ် လုပ်ဆောင်ခဲ့ပါတယ်´ ဟု ကုမ္ပဏီတစ်ခုမှ မန်နေဂျာဖြစ်သူ အာမင်း မဟ်မူးဒ်က ပြောကြားခဲ့သည်။

ref:OnIslam & News Agencies

Leave a Reply