News @ M-Media

ၾသစေတးလ် ခရစ်ကတ် အကျော်အမော် ဘောလုံးမှန်၍ သေဆုံး

နိုဝင်ဘာ ၂၇ ၊ ၂၀၁၄
M-Media
phil-hughes
– ပြည်တွင်း  ခရစ်ကတ် ပြိုင်တစ်ခုတွင် ဦးခေါင်းအား ခရစ်ကတ် ဘောလုံး ထိမှန်ခဲ့သည့် သြစတေးလျ ခရစ်ကတ် ကစားသမားမှာ ယနေ့တွင် သေဆုံးခဲ့သည်ဟု သိရသည်။

အသက် ၂၅ နှစ်အရွယ် ဖီးလစ်ဟုဂ်ျဆိုသူဖြစ်ပြီး အင်္ဂါနေ့က ကစားခဲ့သောပွဲတွင် ထိုကဲ့သို့ ထိခိုက်မိခဲ့ခြင်းဖြစ်ကာ ဆစ်ဒနီဆေးရုံ၌ ခွဲစိတ်ကုသပြီးနောက် ဆေးကုသမှု ခံယူနေစဉ် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

သြစေတးလျခရစ်ကတ် အသင်း၏ ဆရာဝန်ဖြစ်သူ ပီတာ ဘရန်ကာကမူ ဖီးလစ်မှာ ၎င်း၏ ၀ဲဘက်နောက်နားတွင် ခရစ်ကတ်ဘောလုံး ထိမှန်ခဲ့ပြီးနောက် သတိလစ်သွားခဲ့ပြီး လုံးဝ သတိပြန်လည်လာခြင်း မရှိတော့ဟု ပြောကြားခဲ့သည်။

AP_HUGHES_141127_DG_16x9_992

`ဖိလစ်ဟုဂ်ျဟာ ခုနကပဲ ကွယ်လွန်သွားတယ်ဆိုတာကို ကျွန်တော်တို့ ၀မ်းနည်းစွာနဲ့ အသိပေး အကြောင်းကြားပါတယ်။ ကွယ်လွန်ချိန် သူနားမှာ မိသားစုတွေ၊ အရင်းနှီးဆုံး မိတ်ဆွေတွေ ရှိနေတာကြောင့် သူဟာ နာကျင်မှာတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ ခရစ်ကတ်အသိုင်းအ၀ိုင်းကလည်း သူ့ကို ဆုံးရှုံးလိုက်ရတဲ့အတွင် ၀မ်းနည်းမိပြီး ဖိလစ်ရဲ့ မိသားစု၊ သူငယ်ချင်းတွေအားလုံးကိုလည်း အရမ်း ကိုယ်ချင်းစာပါတယ်´ဟု သြစတေးလျ ခရစ်ကတ် ၀ဘ်ဆိုက်တွင် ဖော်ပြထားသော ကြေညာချက်တွင် ဘရန်ကာက ပြောကြားခဲ့သည်။

ဖိလစ်၏ ကစားဖော်များ၊ မိတ်ဆွေများနှင့် ပရိတ်သတ်များကလည်း ဆိုရှယ်မီဒီယာများတွင် ဖီလစ်ကွယ်လွန်ခြင်းအတွက် ၀မ်းနည်းကြောင်း ရေးသားဖော်ပြခဲ့ကြသည်။

ဖိလစ်မှာ သြစတေးလျတွင် နာမည်ကြီး အားကစားသမားတဦးဖြစ်ပြီး သြစတေးလျအသင်း အတွက် တစ်ပွဲထဲတွင် အမှတ် ၂၀၀ ကျော်ရအောင် စွမ်းဆောင်ပေးနိုင်သော အသက်ငယ်ဆုံး ကစားသမားလည်း ဖြစ်သည်။

Comments

Leave a Reply