6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဒီဇင်ဘာ ၁ ၊ ၂၀၁၄
M-Media
20141130192842325734_20
– ဟောင်ကောင်တွင် လွတ်လပ်သော ရွေးကောက်ပွဲများပြုလုပ်ရန်နှင့် ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲမှုများ ဖြစ်လာရေးအတွက် တစ်ကျော့ပြန် ဆန္ဒပြမှုများကို ယမန်နေ့က ပြုလုပ်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက်တွေ့ခဲ့ကြသည်ဟု သိရသည်။

ဆန္ဒပြသူများက မြို့လယ်ကောင်ရှိ အစိုးရ အဆောက်အအုံကို ၀င်ရောက်ရန် ယမန်နေ့က ညပိုင်းက ကြိုးစားခဲ့ကြပြီး ရဲတပ်ဖွဲ့ဝင်များကမူ ငရုတ်ကောင်းစပရေးများ၊ နံပါတ်တုတ်များ၊ ဒိုင်းများကို အသုံးပြုကာ လူစုခွဲခဲ့ကြပြီး ဆန္ဒပြသူ အနည်းဆုံး ၄၀ ခန့်ကိုလည်း ဖမ်းဆီးခဲ့သည်။

ုထိုကဲ့သို့ ဆန္ဒပြမှုများ ဖြစ်ပွားသောကြောင့် အစိုးရဌာနများ၊ ဈေးဆိုင်များကို တနင်္လာနေ့တွင် ပိတ်ထားပြီး ရဲတပ်ဖွဲ့ဝင်များက အစိုးရအဆောက်အဦးများသို့ သွားရောက်မည့် လမ်းများကို ရှင်းလင်းကာ ဆန္ဒပြသူများ၏ တဲများကိုလည်း ဖျက်ဆီးခဲ့သည်။ တနင်္လာနေ့ နံနက်ပိုင်းတွင် ဆန္ဒပြသူများမှာ ရဲတပ်ဖွဲ့ဝင်များ သတ်မှတ်ထားသော စည်းနှင့် မီတာ ၂၀၀ ခန့်အကွာတွင် ရှိနေသည်။

၂၀၁၇ ခုနှစ်တွင် ဟောင်ကောင်အုပ်ချုပ်ရေးမှူးအား ဟောင်ကောင်ပြည်သူများ၏ ဆန္ဒဖြင့်သာ ရွေးကောက်တင်မြှောက်ရန် တောင်းဆိုမှုကို တရုတ်အစိုးရက လက်ခံဟု ပြောကြားခဲ့ပြီးနောက် ၃ လတာ ကြာမြင့်နေသည့် ဆန္ဒပြမှုအတွင် ယမန်နေ့ ဆန္ဒပြမှုများ အပြင်းထန်ဆုံးလည်းဖြစ်သည်။

Al Jazeera and agencies

Leave a Reply