6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဒီဇင်ဘာ ၃ ၊ ၂၀၁၄
M-Media

India Ramadan

အချို့ဘာသာရေးခေါင်းဆောင်တို့၏ လုပ်ဆောင်ချက်များအပေါ် အိန္ဒိယမွတ်စ်လင်မ်များမှ မကျေနပ်ချက်များ တိုးမြင့်လာလျက်ရှိသည်။ မွတ်စ်လင်မ်ခေါင်းဆောင်များနှင့် ပညာရှင်များ ထုတ်ပြန်ချက်နှင့် ပြုမူချက်များကြောင့် မိမိတို့မှာ မလှုပ်သာမလှည့်သာ အနေအထားသို့ ရောက်နေရသည်ဟု ၎င်းတို့က ဆိုကြသည်။

“တကယ်လို့ သူတို့(မွတ်စ်လင်မ်ခေါင်းဆောင်နဲ့ ပညာရှင်များ)က လူ့အသိုင်းအ၀ိုင်း အတွက် တစ်စုံတစ်ရာကို ပြုလုပ်ပေးချင်တယ်ဆိုရင် အဲ့ဒီလို မှတ်ချက်ပေးနေတာမျိုးကို ရပ်တန့်ဖို့ လိုအပ်ပါတယ်။ သူတို့လုပ်ရပ်ကြောင့် သာမန် အိန္ဒိယမွတ်စ်လင်မ်တွေ ဘယ်လိုခံစားနေရတယ်ဆိုတာ သူတို့နားမလည်ကြဘူး။ သူတို့မှာ ဘာမှဖြစ်မသွားပေမယ့် သူတို့လုပ်ရပ်ကြောင့် လုပ်ငန်းခွင်တွေမှာ မွတ်စ်လင်မ်တွေ မကြာခဏ ခွဲခြားချိုးနှိမ်ခံကြရတယ်၊ လူများစု အသိုင်းအ၀ိုင်းရဲ့ဝေဖန်မှုတွေကို ရင်ဆိုင်နေကြရပါတယ်” ဟု ပုဂ္ဂလိက ကုမ္ပဏီတစ်ခု၏ ဒါရိုက်တာတစ်ဦးဖြစ်သူ ရှဟီးဒ် အဗ္ဗာ့စ်က OnIslam.net သို့ ပြောပြသည်။

မကြာသေးမီက ဒေလီမြို့တော် သမိုင်းဝင်ဂျာမေ့ဗလီကြီး၏ရှေ့ဆောင်အိမာမ်နှင့် အိန္ဒိယမြောက်ပိုင်း ဥတားရ်ပရာဒက်ရှ်ပြည်နယ်၏ မွတ်စ်လင်မ် ၀န်ကြီးတို့၏ လုပ်ရပ်များက မွတ်စ်လင်မ် အသိုင်းအ၀ိုင်းအပေါ် ကြီးမားသည့် အနှောက်အယှက်များ ဖြစ်သွားစေသည်။

မီဒီယာတွင် မွတ်စ်လင်မ်ခေါင်းဆောင်တို့မှ လတ်တစ်လောပြောကြားချက်များအပေါ် အဗ္ဗာ့စ် အပါအ၀င် မွတ်စ်လင်မ်အများအပြား စိတ်ပျက်ခဲ့ကြသည်။

ဗလီကြီး၏ရှေ့ဆောင် အိမာမ် စိုင်ယဒ် အဟ်မဒ် ဗုခါရီသည် (၁၉)နှစ်အရွယ် သားဖြစ်သူ ရှအ်ဗာန် ဗုခါရီအား မိမိနေရာ ဆက်ခံစေသည့် အခမ်းအနားသို့ အိန္ဒိ ယ၀န်ကြီးချုပ် နာရင်ဒြာမိုဒီအား ဖယ်ကြဉ်၍ ပါကစ္စတန် ၀န်ကြီးချုပ် န၀ါ့ဇ်ရှိရိဖ်အား ဖိတ်ကြားခဲ့ရာ အငြင်းပွားဖွယ်ရာ ကိစ္စတစ်ခု ဖြစ်သွားခဲ့သည်။

ယင်းအစီအစဉ်၌ ၀န်ကြီးချုပ်အား အဘယ်ကြောင့် မဖိတ်ကြားရသနည်းဟု မေးမြန်းရာ အဗ်ဒုလ္လာဟ်ဗုခါရီက “အိန္ဒိယ မွတ်စ်လင်မ်များက နာရင်ဒြာမိုဒီကို သူတို့ရဲ့ခေါင်းဆောင်အဖြစ် လက်မခံနိုင်သေးပါဘူး။ ဒါကြောင့် သူ့ကို မဖိတ်ကြားဖို့ ဆုံးဖြတ်လိုက်တာဖြစ်တယ်။ မွတ်စ်လင်မ်တွေဟာ ၂၀၀၂ ဂူဂျာရသ် အဓိကရုဏ်းကို မမေ့နိုင်သေးလို့ သူ့ကို မလိုလားကြတာပါ” ဟု မီဒီယာအဖွဲ့ဝင်များကို ပြောကြားခဲ့သည်။

အလားတူစွာပင် ဥတားရ်ပရာဒက်ရှ်ပြည်နယ်၏ လက်ရှိအာဏာရ ဒေသတွင်းပါတီ စမဂ်ျဝဒီပါတီ၏နိုင်ငံရေးသမားနှင့် မွတ်စ်လင်မ်ဝန်ကြီးဖြစ်သူ အာဇမ်းခန်းမှလည်း အငြင်းပွားဖွယ်ကိစ္စတစ်ရပ် ဖြစ်စေခဲ့သည်။

ပါတီခေါင်းဆောင် မုလာယမ်ဆင်းယာဒဗ်၏ ကြီးကျယ်ခမ်းနားသောမွေးနေ့ပါတီ အတွက် မည်သည့်နေရာက ငွေရရှိသည်ကိုမေးမြန်းရာ သူက “ထိုငွေကြေးသည် တာလီဘန်အုပ်စုနှင့် မြေအောက်ရာဇာ ဒါဝူးဒ်အစ်ဗရာဟီမ် ထံမှ ရောက်ရှိလာသည်ဟု သရော်ပြောင်လှောင်စကားဖြင့် အဖြေပေးခဲ့သည်။

ဒါဝူးဒ်အိဗ်ရာဟီမ်သည် နာမည်ကြီး အိန္ဒိယမွတ်စ်လင်မ် ရာဇ၀တ်သားတစ်ဦးဖြစ်ပြီး ရာဇ၀တ်မှုများဖြစ်ပေါ်အောင်စီစဉ်သူအဖြစ် ကျော်ကြားကာ လက်ရှိတွင် အိန္ဒိယပြင်ပ၌ တိမ်းရှောင်နေထိုင်သူဟု ယူဆခံရသူဖြစ်သည်။

ဆိုးကျိုးသက်ရောက်မှုများ
————————–
ထိုမှတ်ချက်များကြောင့် ၎င်းတို့အား မီဒီယာတို့၏အယုံကြည် ကင်းမဲ့သွားမှုနှင့်အတူ မွတ်စ်လင်မ်တို့ကို ဒုက္ခအများအပြား ဖြစ်သွားစေသည်။

“သူ့အနေနဲ့ လူ့အဖွဲ့အစည်းရဲ့ ယုံကြည်မှုလက်လွှတ်သွားရပြီလို့ ကျွန်တော် ထင်ပါတယ်။ သူဟာ မိမိကိုယ်ကျိုးအတွက် မကြာခဏ ရပ်တည်ချက်အပြောင်းအလဲပြုတတ်ပါတယ်” ဟု အိမာမ်ဗုခါရီအားရည်ညွှန်းပြီး ဒေလီမြို့ခံ အိုဇိုင်းရ်ကာဇီမှ ဆိုသည်။

အဆိုပါ ဗုခါရီမျိုးဆက်တို့သည် ဒေလီဂျာမေ့ဗလီအရေးများကို ၁၇ ရာစုကတည်းက အစဉ်အဆက် ထိန်းသိမ်းကိုင်တွယ်လာကြသည်။ ၎င်းတို့သည် အိန္ဒိယရှိ နိုင်ငံရေးပါတီအမျိုးမျိုးအတွက် ငွေကြေးထောက်ပံ့ရန် မွတ်စ်လင်မ်လူ့အဖွဲ့အစည်းအပေါ် ဖသ်ဝါဓမ္မသတ်များကို ပင်တိုင်ထုတ်ပေးနေသူများဖြစ်သည်။

လက်ရှိအိမာမ်၏ ဖခင်က ၁၉၇၇ ခုနှစ်တွင် ဂျနာတာ ပါတီကိုလည်းကောင်း၊ ၁၉၈၀ ခုနှစ်တွင် ကွန်ကရက်ပါတီကို လည်းကောင်း မဲပေးရန် မွတ်စ်လင်မ်တို့အား ညွှန်ကြားခဲ့သည်။ ထို့အတူ လက်ရှိအိမာမ် အဗ်ဒုလ္လာဟ်ဗုခါရီကလည်း ၂၀၀၄ ခုနှစ်တွင် ဘာရတ်တီယာဂျနာတာ(BJP) ပါတီကို အားပေးထောက်ခံရန် စာထုတ်ပြန်ခဲ့သည်။

ယခုနှစ် အထွေထွေရွေးကောက်ပွဲယှဉ်ပြိုင်နေချိန် သူက ကွန်ကရက်ပါတီအား မဲပေးရန် မွတ်စ်လင်မ်တို့အား ခိုင်းစေခဲ့သလို တစ်ဖက်မှလည်း စမဂ်ျဝဒီပါတီကိုလည်း ထောက်ခံပေးခဲ့သည်။

“ဘာသာရေးပညာရှင်တွေဟာ နိုင်ငံရေးနဲ့ ကင်းကင်းရှင်းရှင်းနေသင့်တယ်။ သူလုပ်နေတာ လူ့အဖွဲ့အစည်းအပေါ် ကောင်းကျိုးထက် ဆိုးကျိုး ပိုမိုဖြစ်စေပါတယ်” ဟု ကာဇီမှ ဆိုသည်။

ထိုခေါင်းဆောင်မျိုးသည် မွတ်စ်လင်မ့် လူ့အဖွဲ့အစည်းအတွက် မည်သည့်ကောင်းကျိုးဆောင်ပေးကြသနည်းဟု မွတ်စ်လင်မ်အများစုမှ မကြာခဏ ဆိုသလို မေးမြန်းကြသည်။ ထိုသူတို့မှာ ဘာသာရေး အမည်သုံးလျက် နိုင်ငံရေးလုပ်နေခြင်းမှလွဲ၍ မွတ်စ်လင်မ် တစ်ဦးကိုပင်လျှင် ကူညီပေးဖူးသလောဟုလည်း ဆိုကြသည်။

“သူတို့ဟာ လူ့အဖွဲ့အစည်းကောင်းကျိုးအတွက် မစွမ်းဆောင်ကြဘူး။ လူ့အဖွဲ့အစည်းနဲ့ ဆန့်ကျင်တာကိုလုပ်ပြီး မိမိကိုယ်ကို ခေါင်းဆောင်တွေလို့ ကင်ပွန်းတပ်ကြတယ်။ သားဖြစ်သူကို အိမာမ်နေရာ အစဉ်အဆက် တင်မြှောက်နေခြင်းက အစ္စလာမ့် နည်းလမ်းနဲ့ မညီပါဘူး။ ဘယ်မွတ်စ်လင်မ်မှလည်း အဲ့ဒါမျိုး လုပ်ခွင့်မရှိပါဘူး” ဟု မွတ်စ်လင်မ်ပညာရှင် တစ်ဦးဖြစ်သူ မုဖ်သီအဗ္ဗာ့စ်မှ သူ့အမြင်ကို တင်ပြသည်။

ယင်းသူတို့သည် နိုင်ငံရေး ပါတီများအား ရှောင်ကြဉ်သင့်ကြောင်း သာမန်မွတ်စ်လင်မ်တို့ကလည်း အမြင်ရှိကြသည်။

“ရွေးကောက်ပွဲအချိန်ရောက်လာတိုင်း နိုင်ငံရေးပါတီများဟာ မွတ်စ်လင်မ်ခေါင်းဆောင် သို့မဟုတ် ပညာရှင်တွေလို့ အမည်ခံထားသူတွေဆီ ပထမဆုံး ချဉ်းကပ်ကြတယ်။ အဲ့ဒီလူတွေဟာ ဘာသာရေးခေါင်းစဉ်နဲ့အမြတ်ထုတ်ပြီး လူ့အဖွဲ့အစည်းအတွက် ဘာဆိုဘာမျှမလုပ်ကြပါဘူး” ဟု အဇ်မတ်ရှိုင်းခ်က OnIslam.net ထံ ပြောလိုက်သည်။

ဟိန္ဒူလူများစုအိန္ဒိယနိုင်ငံ၌ မွတ်စ်လင်မ်လူဦးရေ သန်း ၁၆၀ ရှိပြီး အင်ဒိုနီးရှားနှင့် ပါကစ္စတန်၏နောက်တွင် ကမ္ဘာ့တတိယမြောက်မွတ်စ်လင်မ်လူဦးရေပမာဏ အကြီးမားဆုံးဖြစ်သည်။

ref-OnIslam

Leave a Reply