6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဒီဇင်ဘာ ၄ ၊ ၂၀၁၄
M-Media
665003303001_3922878669001_201412452718147734-20
– နယူးယောက်တွင် လက်နက်မဲ့ လူမည်းလူငယ် တစ်ဦးအား သေစေခဲ့သော လူဖြူရဲအရာရှိတစ်ဦးကို တရားစွဲဆိုခြင်းမပြုရန် တရားသူကြီးက ဆုံးဖြတ်ချက်ချပြီးနောက် နယူးယောက်မြို့တစ်ဝှမ်းတွင် ယမန်နေ့က ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်ဟု သိရသည်။

CCTV မှတ်တမ်းများအရ အဲရစ်ဂါနာဟု အမည်ရသည့် အသက် ၁၇ နှစ်အရွယ် လူမည်း လူငယ်ကို အခွန် မတပ်ရသေးသော ဆေးလိပ်များရောင်းသည်ဟူသော သံသယဖြင့် ဇူလိုင်လ ၁၇ ရက်နေ့၌ ရဲတပ်ဖွဲ့မှ ဖမ်းဆီးစဉ် လူဖြူရဲ အရာရှိတစ်ဦးက ဂါနာ၏ လည်ပင်းကို သိုင်း၍ ချုပ်ထားရာမှ အသက်ရှုကြပ်ကာ သေဆုံးခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း တရားရုံးက စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် အဆိုပါ ရဲအရာရှိအား တရားစွဲဆိုခြင်း မပြုရန် အမိန့်ချမှတ်ခဲ့ပြီး ဂါနာ၏ မိသားစုများ အပါအ၀င် ပြည်သူများက မကျေနပ်သောကြောင့် နယူးယောက်မြို့ မက်ဟက်တန်ဒေသနှင့် စတိတ်တန် အိုင်းလန်း ဒေသတို့တွင် ဗုဒ္ဓဟူးနေ့က ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြသည်။

`တရားရေးစနစ်က လူဖြူတွေကို ကာကွယ်ပေးနေတုန်းပဲလို့ ကျွန်တော်ထင်ပါတယ်။ ဒါဟာ ကျွန်တော့်ဘ၀တစ်လျှောက် ကြုံဖူးတဲ့ ပြောင်ပြောင်တင်းတင်း လူမျိုးရေးခွဲခြားမှုပါပဲ´ ဟု ဆန္ဒပြသူများထဲတွင် ပါဝင်သည့် အသက် ၃၂ နှစ်အရွယ် ရောဘတ် ကုပ်လန်းဆိုသူက ပြောကြားခဲ့သည်။

မစ်ဇူရီပြည်နယ် ဖာဂူဆန်မြို့တွင်လည်း လူမည်းလူငယ် မိုက်ကယ်ဘရောင်းအား လူဖြူရဲအရာရှိက သေနတ်ဖြင့် ပစ်သတ်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး ထိုအမှုအတွက်လည်း တရားရုံးက လူဖြူအရာရှိအား တရားစွဲဆိုခြင်းမပြုရန် ဆုံးဖြတ်ခဲ့မှုကြောင့် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မစ်ဇူရီ ပြည်နယ်အပါအ၀င် နိုင်ငံတစ်ဝှမ်း ပြင်းထန်သော ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။

Al Jazeera and agencies

Tags:

Leave a Reply