6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဒီဇင်ဘာ ၈ ၊ ၂၀၁၄
M-Media
ထက်မြတ် ရေးသည်။

2195345705_24a7c5118d

လူငယ်များသည် အနာဂတ်ကိုပိုင်ဆိုးကြသူများဖြစ်သည်ဟု ဆိုနိုင်ပေသည်။ အနာဂတ်ကို လူငယ်တို့ကသာ ပိုင်ဆိုင်သည်။ လူကြီးတို့ကမပိုင်ပါ။ အနာဂတ်ကို စဉ်းစားမည်ဆိုလျှင် လူငယ်တို့ကို ချန်လှပ်ထား၍မရပါ။ လူငယ်တွေမပါဝင်ပဲ အနာဂတ်ကိုတည်ဆောက်၍မရပါ။

လူငယ်တွေရဲ့အနာဂတ်လှပဖို့ ဘာတွေပြင်ဆင်ကြရမည်နည်း။ သိပ်ကိုစဉ်းစားစရာကောင်းတဲ့ အရာတစ်ခုပင်ဖြစ်သည်။

ယနေ့ခေတ်လူငယ်များအနေဖြင့် အနာဂတ်ရည်မှန်းချက်၊ ဘာဆက်လုပ်ရမယ်ဆိုတဲ့ ရည်မှန်းချက် အစီအစဉ်တွေနဲ့ လှုပ်ရှားလုပ်ကိုင်နေတဲ့ လူငယ်တွေရောရှိပါသေးရဲ့လား။ အနည်းငယ်တော့ရှိမည်ဟု ထင်မိသည်။ တချို့သောလူငယ်များမှာလည်း အနာဂတ်ရည်မှန်းချက် ပျောက်ဆုံးနေပြီး

မရေရာမသေချာတဲ့ဘဝတွေနဲ့ ရပ်တည်နေကြတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ လူငယ်များတွင် သတ္တိတွေ၊ အားမာန်တွေ အပြည့်ရှိနေပါလျက်နှင့်ပင် ထိုသတ္တိ၊ အားမာန်တွေကို မည်သည့်နေရာတွင် မည်ကဲ့သို့ အသုံးချရမည်ကို လူငယ်တွေအနေနှင့် ဆန်းတဝါးဝါး ဖြစ်နေကြသည်။

လူငယ်အချို့ကိုကြည့်မည်ဆိုလျှင် ဟိုနားထိုင်၊ ဒီနားထိုင်၊ လက်ဖက်ရည်ဆိုင်မှာ ညဥ့်နက်သန်းခေါင်ချိန်ထိ ဘောလုံးပွဲကြည့်။ ဘောလုံးပွဲကြည့်ရတာကိုက သူတို့အတွက် အလုပ်တစ်ခုလိုပင်ဖြစ်နေတော့သည်။ လူငယ်အချို့မှာလည်း ပညာမတတ်တဲ့အနေအထားတစ်ခုကို ရောက်နေကြတယ်။

မိသားစုစီးပွားရေးအခြေအနေ စသည့်အကြောင်းရပ်တစ်ခုခုကြောင့် လူငယ်များအနေနှင့် ပညာဆက်လက်သင်ကြားခွင့်မရတဲ့ အတိုင်းအတာတစ်ခုထိဖြစ်နေခဲ့တယ်။ ရုပ်လုံးမကြွသေးသည့် ဘဝများစွာကျန်ရှိနေပါသေးသည်။

တက္ကသိုလ်ဝင်တန်းအောင်ပြီး တက္ကသိုလ်ဆက်တော့မယ်ဆိုတော့လည်း လူငယ်အများစုမှာ မိမိဆန္ဒသဘောအတိုင်း ကျောင်းကိုရွေးချယ်ခွင့်မရှိဘဲ လူကြီးမိဘများနှင့် တက္ကသိုလ်ဝင်တန်းအမှတ်စာရင်းတို့ ရွေးချယ်ရာကို မိမိတို့ကလိုက်တက်ရသည်ကများမည်ဟုထင်မိသည်။

လူတိုင်းတွင်မိမိအားသန်ရာ ကိုယ်စီရှိကြသည်။ မိမိစိတ်မပါသည်သည့်အရာတစ်ခုကိုပြုလုပ်ရမည့်အစား မိမိစိတ်ပါသည့်အရာ တစ်ခုကို ခေါင်းစိုက်ပြီး ကြိုးစားလိုက်မည်ဆိုပါက ထိုသူသည် ထူးချွန်လာမည်မှာ မြေကြီးလက်ခက်မလွဲပါ။ လူကြီးတွေအနေနှင့်လည်း လူငယ်တွေရဲ့မျှော်လင့်ချက်၊

စိတ်ထက်သန်မှုတွေကို နားလည်ပေးစေလိုပါတယ်။ သူတို့သိနေတဲ့ လိုချင်တဲ့ စီးကြောင်းကြီးထဲကိုပဲ တွန်းပို့သင့်ပါတယ်။

ကျောင်းတက်လို့ ဘွဲ့ရသွားပြီဖြစ်တဲ့ လူငယ်တွေအတွက်လည်း နိုင်ငံတော်က အလုပ်အကိုင်အခွင့်အလမ်းတွေကို ဖန်တီးမပေးနိုင်ဘူးဖြစ်နေတယ်။ လူငယ်တွေအနေနဲ့ စိတ်ဓာတ်ကျလဲကျချင်စရာဖြစ်နေတယ်။ ရရှိထားတဲ့ ဘွဲ့ကတစ်မျိုး လုပ်ငန်းခွင်မှာ အလုပ်လုပ်နေရတာက

မိမိဘွဲ့နှင့်အနည်းငယ်မှ  စပ်လျဉ်းမှုမရှိ။ လူငယ်များအနေနှင့် မျှော်လင့်ချက်ယုံကြည်ချက်များ ကင်းမဲ့နေသည်မှာလည်း သူတို့ကိုအပြစ်တင်၍မရပါ။

သူတို့အတွက်တိကျသေချာတဲ့ အလုပ်အကိုင်မှမရှိတာကိုး။ ဘွဲ့ရပြီးတော့ ယောင်ယောင်ဖြစ်နေကြတယ်။ ဒီကျောင်းပြီးရင် ဒီအလုပ်ရမယ်ဆိုတဲ့ကျောင်းဟာ လက်ချိုးရေလို့ရပါတယ်။  ကျောင်းပြီးရင် မိမိတက်မြှောက်ခဲ့တဲ့ပညာနဲ့ သက်ဆိုင်တဲ့အလုပ်အကိုင်တွေ ဖန်တီးပေးဖို့ သိပ်ကိုလိုအပ်နေပါပြီ။

လူငယ်ဆိုတာခေတ်ရဲ့ရေစီးကြောင်းထဲမှာ အချိန်တစ်ချိန်တော့ မျောကြရတာပါပဲ။ လူငယ်တွေကိုနားလည်ပေးနိုင်ဖို့ထက် လူငယ်တွေရဲ့ပြသာနာတွေကို နားလည်ပေးဖို့ ပိုပြီးလိုအပ်ပါတယ်လို့ထင်ပါတယ်။ နည်းပညာရပ်တွေတိုးတက်လာတာနှင့်အမျှ အခုခေတ်လူငယ်တွေကလည်း

နိုင်ငံတွင်းထက် နိုင်ငံအပြင်ဘက်ကိုကျော်ကြည့်ရကောင်းမှန်း တော်တော်များများသိလာကြတယ်။ ကမ္ဘာကြီးကရွာကြီးသဖွယ်ဖြစ်နေပါပြီ။ လိုချင်တဲ့အရာ၊ သိချင်တဲ့သတင်းအချက်အလက်တွေကို အင်တာနက်ပေါ်မှာ မိနစ်ပိုင်း၊ စက္ကန့်ပိုင်းအတွင်း ရှာဖွေနေနိုင်ပါပြီ။

ဒါပေမယ့်ခက်တာက အဲ့လောက်ခွင်ကျယ်နေတဲ့ခေတ်ကြီး၊ လိုချင်တာအကုန်ရ၊ သိချင်တာအကုန်သိလို့ရနိုင်တဲ့ခေတ်ကြီးထဲမှာ “ငါဘာဖြစ်ချင်တယ်၊ ငါဘာကိုဇောက်ချလုပ်မှာလဲ” ဆိုတဲ့ အနာဂတ်ရည်မှန်းချက်တွေက ဝေဝါးနေပါတယ်။ ငါကတော့ ဒါကိုပဲလုပ်မယ်၊

ဒါငါ့ရည်မှန်းချက်ကဘာလဲဆိုတာကို focus မလုပ်နိုင်ကြဘူးဖြစ်နေတယ်။

အခုခေတ်လူငယ်တွေ သူများတွေ LCCI တက်တယ်ဆိုရင်လိုက်တက်ကြတယ်။ သူများတွေ ကွန်ပျူတာသင်တယ်ဆိုရင် လိုက်သင်ကြတယ်။ အဲဒါတွေ တက်ထားပြီးရင် ဘာဆက်လုပ်ရမလဲဆိုတာကို သူတို့ကိုယ်တိုင်မဝေခွဲတတ်တော့ဘူး။ ဘယ်သူကမှ ဒီဟာကိုဒီလိုလုပ်ရင်

ဘယ်လိုဖြစ်မယ်ဆိုပြီး Guide လုပ်ပေးမယ့်လူလည်းမရှိဘူး။

လူငယ်တွေမှာ အရည်ချင်းတွေရှိပါတယ်။  လူငယ်တွေရဲ့အောင်မြင်မှုဟာ ကိုယ့်ဘာသာအောင်မြင်တာရှိသလို လူကြီးတွေကလည်း ဖန်တီးပေးရပါ့မယ်။ လူကြီးတွေက စင်မြင့်တွေဖန်တီပေးရပါ့မယ်။ လူငယ်တွေမှာ အောင့်မြင်နိုင်တဲ့အစွမ်းအစတွေရှိရင် အစဆွဲထုတ်ပေးပါ့မယ်။ လူငယ်တွေအရည်အချင်းရှိလာအောက် လူကြီးတွေအနေနဲ့လည်း ဆွဲခေါ်ပေးသင့်ပါတယ်။ လူငယ်တွေဟာ လူ့အသိုင်းအဝိုင်းမှာ တန်ဖိုးရှိတဲ့သူတွေဖြစ်တဲ့အပြင် လူသားမျိုးနွယ်တွေရဲ့ အဓိကကျောရိုးလည်းဖြစ်တယ်။ လူငယ်တွေရဲ့ တိမ်မြုပ်နေတဲ့ အခွင့်အရေးတွေကို ဖော်ထုတ်ပေးကြပါ။

လူငယ်တွေအနေနဲ့ ဘဝရည်မှန်းချက်တွေကို အကောင်အထည်ဖော်နိုင်ဖို့အချိန်တွေအများကြီး ကျန်ပါသေးတယ်။ “ငါဘာလုပ်ရင်ကောင်းမလဲ” ဆိုတာကို ကိုယ့်ကိုကိုယ်သေချာမေးပြီး ကိုယ့်ရည်မှန်းချက်ဘာလဲဆိုတာကို ပြတ်ပြတ်သားသားဆုံးဖြတ်ချက် ချသင့်နေပါပြီ။ အစောဆုံးမြင်ခဲ့ရင်

မိမိရည်မှန်းချက်ကို အောင်မြင်နိုင်မှာပါ။ စာအုပ်တွေဆီကလည်း လူငယ်တွေအတွက် ရစရာတွေအများကြီးရှိပါတယ်။ စာဖတ်တတ်တဲ့အလေ့ရှိရင်ကောင်းမှာပါ။ တခြားဟာတွေနဲ့အချိန်ဖြုန်းမနေပါနဲ့။ စာပေကိုလည်း သေချာလေ့လာပြီး ဘဝအတွက်အကျိုးရှိမဲ့အရာတွေကို အသုံးချကြပါ။

ပညာဆိုတာ ဆုံးခန်းတယ်ဆိုတာမရှိပါဘူး။ အမြဲလေ့လာနေပါ။ အကျိုးမဲ့တယ်ဆိုတာ ဘယ်တော့မှမဖြစ်နိုင်ပါဘူးဆိုတာကို အကြံပြုချင်ပါတယ်။

ထက်မြတ်

Tags:

Leave a Reply