6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဒီဇင်ဘာ ၈ ၊ ၂၀၁၄
M-Media
141014151708-01-ukraine-1014-horizontal-gallery
– ယူရီ ပို့ဇ်နီချန်ကိုတစ်ယောက် ရုရှားနှင့်နီးကပ်သည့် ယူကရိန်းနယ်စပ်ရှိ စတီပါနော့ဗ်ကာ ရွာလေးတွင်နေထိုင်နေသည်မှာ သူ၏ တစ်သက်ရှိပြီဖြစ်သည်။

ထိုဒေသနှင့် ထိုဒေသအနီးရှိ မဟာဗျူဟာကျသည့် ဆောရ်မူဂီလာ တောင်ကုန်းအား နာဇီတို့လက်မှ ဆိုဗီယက်တပ်နီတော်က ပြန်လည်သိမ်းပိုက်ပြီးနောက်ပိုင်း မွေးဖွားခဲ့သည့် ပို့ဇ်နီချန်ကိုမှာ အသက် ၆၇ နှစ်ပင် ရှိခဲ့လေပြီ။ ပို့ဇ်နီချန်ကိုမှာ ဥပေက္ခာပြုတတ်သူ၊ လောကဓံကို ကြံကြံခံနိုင်သူတစ်ယောက်ဖြစ်၏။ သို့သော်လည်း ပြီးခဲ့သည့် လပိုင်းက ဖြစ်ပွားခဲ့သော အဖြစ်အပျက်များက ၎င်းအား မျက်ရည်ကျစေခဲ့လေသည်။

ပရီဒေ၀မီးများ

သူနေထိုင်ရာဒေသတွင် ယူကရိန်းတပ်များနှင့် ရုရှားလိုလားသူ ခွဲထွက်ရေးသမားများအကြား တိုက်ပွဲများဖြစ်ပွားချိန် ဇူလိုင် ၂၈ ရက်နေ့တွင် ယူကရိန်းအမျိုးသားအစောင့်တပ်မှ စနိုက်ပါသမားတစ်ဦးက အိမ်ရှိကားကို ဘေးကင်းရာသို့ရွှေ့ရန် ကြိုးစားသည့် ပို့ဇ်နီချန်ကို၏ အသက် ၃၆ နှစ်အရွယ် သားဖြစ်သူအား ပစ်သတ်ခဲ့သည်။

`ကျွန်တော့်သားကို ခွဲထွက်ရေးသမားလို့ထင်လို့ ပစ်သတ်လိုက်တယ်လို့ သူတို့ကပြောပါတယ်။ နောက်ပိုင်းတော့ သူတို့တောင်းပန်တယ်။ ပြီးတော့ သားကို မြေမြှုပ်ဖို့အတွက် စစ်သားတစ်ယောက်က ကူညီပေးပါတယ်´ ဟု မျက်ဝန်းမှ မျက်ရည်များကို သုတ်၍ ပို့ဇ်နီချန်ကိုက ပြောပြခဲ့သည်။

ဇွန်လ မိမိတို့ နောက်ဆုံးရောက်ခဲ့စဉ်က စတီပါနော့ဗ်ကာရွာလေးမှာ ရှုမျှော်မဆုံးသော စိုက်ခင်းများဖြင့် သပ်ရပ်လှပသည့် မြို့ကလေးတစ်မြို့ ဖြစ်ခဲ့သည်။ ထိုမြို့မှပြည်သူများမှာ ဆင်းရဲကြသည်။ သို့သော်လည်း အလုပ်လုပ်ကြပြီး စားသောက်ဖို့အတွက် ပူစရာမလို။ အရှေ့ဘက်အရပ်ဆီမှ ခါးသီးသောလေများ တိုက်ခတ်ပြီးနောက် ယခုအချိန်တွင်တော့ ထိုရွာလေးမှာ အတော်ပင် ပျက်ဆီးနေသည်။ ပျက်ယွင်းနေသော ယူကရိန်းတင့်ကား တစ်စီးက လမ်းကိုခွလျက် ပိတ်ဆို့ထား၏။ လျှပ်စစ်ဓာတ်ကြိုးများက တွဲလောင်းကျလျက်။ပို့ဇ်နီချန်ကို၏ နေအိမ်အပါအ၀င် အိပ်ပေါင် ၂၀ ခန့်မှာလည်း ပျက်ဆီးနေလေသည်။

141005155951-01-ukraine-1005-horizontal-gallery

ပို့ဇ်နီချန်ကိုနှင့် ဇနီးဖြစ်သူ ၂ ဦးသာလျှင် ၎င်းတို့မိသားစုထဲမှ စတီပါနော့ဗ်ကာရွာတွင် ကျန်ခဲ့သူများဖြစ်သည်။ သူတို့တွင် သွားစရာမြေမရှိ။ လျှပ်စစ်မီးမရှိ၊ ရိက္ခာမှာလည်း အနည်းငယ်သာရှိလေ၏။ ၎င်းတို့နေထိုင်ရာ အဆိုပါ ရွာလေးအား ယခုလက်ရှိတွင် အပြည့်အ၀ ထိန်းချုပ်ထားသည့် (ခွဲထွက်ရေးသမားများက ၎င်းတို့ကိုယ်တိုင် ကြေညာထားသော) ဒွန်တက်စ်ပြည်သူ့သမ္မတနိုင်ငံ အာဏာပိုင်များက လျှပ်စစ်ဓာတ်အား ရရှိအောင် ဆောင်ရွက်ပေးမည်ဟု ပြောကြားထားသော်လည်း လိုအပ်သည်များကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခြင်းမရှိဟု ပို့ဇ်နီချန်ကိုက ဆိုလေသည်။ သီတင်းပတ်အနည်ငယ်အတွင်းမှာပင် ထိုဒေသရှိ အပူချိန်မှာ ရေခဲမှတ်သာသာ၌သာ ရှိတော့မည်။

အာဏာတိုက်ပွဲမှ ရလဒ်များ

ယခုနှစ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများမှ အပျက်အဆီးများက စတီပါနောဗ့်ကာရွာအပါအ၀င် ယူကရိန်းအရှေ့ပိုင်းရှိ ရွာများ၌ ပြန့်ကျဲရှုပ်ပွနေသည်။ သုံးပြီးသားကျည်ခွံများက ဆောင်းနေရောင်အောက်တွင် တစ်လက်လက်တောက်နေသည်။ အဆီးအတားများလုပ်ရာတွင် အသုံးပြုသည့် သဲအိတ်များက ဗုံးဒဏ်ကြောင့်ဖြစ်သာ ချိုင့်ခွက်များအတွင်းသို့ ပေါက်ကျနေ၏။ တင့်ကားများပျက်များနှင့် အခြားသော စစ်ဘက်ဆိုင်ရာ ယာဉ်များမှာ တစ်ဖြည်းဖြည်းခြင်း သံချေးတက်နေလေ၏။

141001093136-01-ukraine-1001-horizontal-gallery

မည်သည့်နေရာကိုပင်ကြည့်ကြည့် အိမ်များမှာ မီးလောင်ထားသည့် အုတ်ပုံများဖြစ်နေသည်။ မီးလင်းဖိုများကတော့ အဆီအငေါ်မတည့်စွာပင် လဟာပြင်ထဲ၌ ထီးထီးချည်း ရှိနေလေ၏။ မှန်များကွဲနေသာ ပြတင်းပေါက်များက တကျွီကျွီမြည်လျက် ရှိနေ၏။ ခွေးများက ကိုယ့်အားကိုယ်ကိုးကာ အမှိုက်ပုံသို့ သွားရောက် အစာရှာနေရသည်။

စက်တင်ဘာလအစောပိုင်းတွင် ရရှိခဲ့သည့် အပစ်ရပ်ရေးသဘောတူညီချက်က ယူကရိကန်းအရှေ့ပိုင်း တိုက်ခိုက်မှုအရှိန်ကို လျော့ကျစေခဲ့သည်။ တစ်ခါတစ်ရံတွင် တိုက်ခိုက်မှုများ လုံးဝရပ်သွားသည်။ ခွဲထွက်ရေးသမားများ၏ ပစ်မှတ်ဖြစ်သော ဒွန်တက်စ်လေဆိပ်၏ မတိုးသာမဆုတ်သာ တိုက်ပွဲအတွင်း လက်နက်ခဲယမ်းအမြောက်အမြားကို သုံးခဲ့ကြသည်။ အကြိမ်ပေါင်းများစွာ ပစ်ခတ်ခြင်းခံခဲ့ရသော လေကြောင်းထိန်းသိမ်းရေး မျှော်စင်ကြီးက ရှိပင်မရှိတော့။

141001093238-02-ukraine-1001-horizontal-gallery

လေဆိပ်အရှေ့ကိုမျှော်ကြည့်ပါက ဒီဘဲလ်စီဗီရှိ လမ်းဆုံနှင့် ရထားလမ်းရှိရာနေရာတစ်ဝိုက်တွင် မြို့တော်မှ ယူကရိန်း စေတနာ့ဝန်ထမ်းတပ်သား ၃၀ ခန့်က နှင်းမှုန်များအတွင်းသို့ စူးစိုက်ကြည့်နေလေ၏။ သုံးဘက်သုံးတန်က ၀န်းရံခြင်းခံထားရသည့် ယူကရိန်းပိုင် ကုန်းကြောလေးတစ်ခုကို ၎င်းတို့က သိမ်းပိုက်ထားသည်။

၎င်းတို့ထဲကအချို့မှာ ထိုနေရာကို လွန်ခဲ့သည့် ၂ လခန့်ကတည်းက ရောက်ရှိနေခြင်းဖြစ်သည်။ နေ့စဉ်နေ့တိုင်း တိုက်ခိုက်ခြင်းခံရသည်ဟု ၎င်းတို့ကဆိုသည်။ သို့သော်လည်း ယခုအချိန်အထိ ထိုနေရာကို ၎င်းတို့ ထိန်းထားနိုင်ပြီး သေလုမတတ်အေးခဲမှုကို အန်တုရန်အတွက် မြေအောက်လှိုင်ခေါင်းများပင် တူးထားနိုင်လေပြီ။ သိုသော်လည်း ပြင်းထန်သည့် ထိုးစစ်များကို ကြံ့ကြံ့ခံရန် ၎င်းတို့တွင် လက်နက်များ၊ အထောက်အပံ့များ မရှိတော့။

ငြိမ်းချမ်းရေး မျှော်လင့်ချက်မဲ့

အနီးအနားရှိ မြို့လေးတွင်တော့ `လူငယ်တွေကတော့ အကုန်သွားပြီး။ ကျွန်တော်တို့ချည်းပဲ ရှိတော့တယ်´`နှစ်ဘက်စလုံးက နေတိုင်းလိုလိုဗုံးကြဲနေကြတယ်´ `တစ်ယောက်ရောက်လာတာနဲ့ အိမ်တွေမီးလောင်တော့တာပဲ´ `ဘယ်သူပဲနိုင်နိုင် ဂရုမစိုက်ဘူး။ ငြိမ်းမှုကိုပဲလိုချင်တာ´ စသဖြင့် ငြီးတွားသံများကို ကြားရလေသည်။

အသက် ၇၃ နှစ်အရွယ် အဖွားအို ဂါလီနာမှာ သူမ၏ရွာတွင် တိုက်ပွဲဖြစ်ပွားသောကြောင့် သူမသယ်နိုင်သည့်အရာကိုယူ၍ ဒီဘဲလ်စီဗီသို့ ရောက်ရှိလာသည်။ ပါးလွှာနေပြီဖြစ်သည့်သူမ၏ ဘွတ်ဖိနပ်ကို ငုံကြည့်၍ သူမက အမြှောက်ဖြင့် ပစ်ခတ်မှုများကို အလွန်ကြောက်ရွံမိပြီး နှလုံးသားများပင် အပြင်သို့ထွက်လုမတတ် ခံစားရသည်ဟု ဆိုလေ၏။ သူမမှာ အိပ်ရန်၊ စားရန်တွက်ပင် ကြောက်ရွံ့နေရှာသည်။

140923094937-02-ukraine-0923-horizontal-gallery

အပစ်အခတ်ရပ်စဲရေးမှာ စိတ်ပျက်စရာဖြစ်လာပြီး၊ နှစ်ဖက်ရန်လိုသော စကားများကြောင့် ငြိမ်းချမ်ရေးအလားလားလည်း မမြင်ရ။ ကြောက်စရာကောင်းသော ပြိုကွဲမှုအတွင်း ယူကရိန်းမှာ ဆန့်ငင်ဆန့်ငင် ဖြစ်နေသည်။ ၀န်ကြီးချုပ် အာဆန်ညီ ယတ်ဆန်ယွတ်က ခွဲထွက်ရေးသမားများနှင့် တိုက်ရိုက် ညှိနှိုင်းဆွေးနွေးမှု မပြုလုပ်ဟုဆိုသည်။ သမ္မတ ပိုရိုရှန်ကိုကလည်း ခွဲထွက်ရေးသမားများ သိမ်းပိုက်ထားသည့် ဒေသအားလုံးရှိ အစိုးရ၀န်ဆောင်မှုများကို ရပ်ဆိုင်းရန် အမိန့်ပေးခဲ့သည်။ ထို့သိုရပ်ဆိုင်းရာတွင် လူမှုဖူလုံးရေးအတွက် ထောက်ပံ့ကြေးပေးခြင်းနှင့် ကျောင်းဆရာများနှင့် ဆရာဝန်များအတွက် လခပေးခြင်းတို့လည်း ပါဝင်၏။ ဒွန်တက်စ်ပြည်သူ့သမ္မတနိုင်ငံတော်နှင့် ပေါင်းထားသော လူဟန့်စ်ဒေသ၏ ၀န်ကြီးချုပ်အဖြစ် မိမိကိုယ်ကို ကြေညာထားသူ အီဂေါ ပလော့နစ်စကီကလည်း ပိုရိုရှန်ကိုအစိုးရအား စိန်ခေါ်ခဲ့လေသည်။

ထိုကဲ့သို့ တစ်ဖက်နှင့်တစ်ဖက် ရန်ဆောင်ဟန်ရေးပြနေချိန်တွင် ဒွန်တက်စ်မြို့၏ အချို့တဲ့ဆုံးသူများက စေတနာ့ဝန်ထမ်းအဖွဲ့များ၏ အစေားသောက်ဝေငှမှုအား ရယူရန်အတွက် မြို့တွင်းရှိ ယခင်က လမ်းဆုံဟောင်းများတွင် တန်းစီနေရလေသည်။ သို့ရာတွင် ထိုသို့ဝေငှမှုမှာ နှစ်ပတ်လျှင် တစ်ကြိမ်သာဖြစ်၏။

ထိုဝေငှမှုအား ရယူရန်အတွက် လာရောက်တန်းစီကြသူအများစုမှာ သက်ကြီးရွယ်အိုများဖြစ်ကြပြီး သောကရောက်နေသော မျက်လုံများ၊ ချောင်ကျနေသောမျက်နှာများဖြင့် ခိုကိုးရာမဲ့ မိခင်အချို့လည်း ပါလေသည်။ ဒွန်တက်စ်ပြည်သူ့သမ္မတနိုင်ငံအပြင်ဘက်မှ လာရောက်ပို့ဆောင်သည့် အဆိုပါ ရိက္ခာများမှာ ဒွန်ဘက်စ်မြို့တွင် တစ်ချိန်က သြဇာအာဏာကြီးခဲ့သည့် စတီးလ်နှင့် ပတ်သက်သော စီးပွားရေးလုပ်ငန်းရှင် ရင်နက် အက်ခ်မီတော့ဗ်က ကူညီထောက်ပံ့ခြင်းဖြစ်၏။ ထိုဒေသ ခွဲထွက်ရေးသမားများ လက်ထဲသို့ ကျရောက်သွားပြီးနောက် ကိဗ်မြို့သို့ ရွှေ့ပြောင်းနေထိုင်နေသည့်သူက ယူကရိန်း ညီညွှတ်ရေးကို အားပေးထောက်ခံသူ ဖြစ်၏။

ခိုကိုးရာမဲ့

ဒွန်တက်စ်မြို့မှ ထွက်ခွာရန်အတွက် တန်းစီနေသောလူများက ဘတ်စ်ကားဂိတ်တွင် အပြည့်။ အများစုက အစိုးရက ထိန်းချုပ်ထားသော ဒေသသို့သွားရောက်ကာ စာရင်းပေးနေကြပြီး သို့မှသာ ၎င်းတို့၏ ပင်စင်ငွေများကို ရရှိမည်ဖြစ်သည်။ သို့သော်လည်း သီးတင်းပတ်အနည်းငယ်တိုင်းတွင် အန္တရာယ်ရှိသော ထိုဒေသို့ ပြန်လာရမြဲပင်ဖြစ်၏။ တစ်နယ်တစ်ကျေးသို့ ပြောင်းရွှေ့ နေထိုင်ရန် ၎င်းတို့မှာ မတတ်နိုင်ကြ။

မြို့အတွင်း ဘဏ်များလည်း မဖွင့်တော့သလို ငွေထုတ်စက်များကလည်း အလုပ်မလုပ်တော့။ ကယီဗ်စကီကဲ့သို့ ခရိုင်များမှာ အမြှောက်များဖြင့် ထရစပ်ပစ်ခတ်ခြင်း ခံခဲ့ရပြီး ၁၉၉၀ ပြည့်နှစ်များက တိုက်ပွဲများဖြစ်ပွားခဲ့သည့် ခြေချင်းညာမြို့ ဂရို့ဇ်နီ၏ ပျက်ဆီးပုံမျိုးနှင့် သွားတူနေသည်။ လူအများစု ၀င်ရောက်ခိုလှုံကြသည့် ဗုံးရှောင်နေရာများတွင် အရေပြားရောဂါများ ဖြစ်ပွားနေကြပြီး ကလေးများအကြားတွင် အဖြစ်များနေကြောင်း သိရှိရသည်။

ဒွန်တက်စ်ပြည်သူ့သမ္မတနိုင်ငံ အုပ်ချုပ်ရေးအဖွဲ့က ၎င်းတို့ကိုယ်ပိုင် လခပေးမည့်စနစ်ကို ကျင့်သုံးမည်ဟု ကတိပြုထားသော်လည်း အမေရိကန်ပြည်ထောင်စုမှ ကွန်နက်တီကတ်ပြည်နယ် အရွယ်နီးပါးရှိသည့် အဆိုပါဒေသတွင် ထိုသို့ဆောင်ရွက်ရန် လိုအပ်သော အုပ်ချုပ်ရေး ကျွမ်းကျင်မှုကတော့ ဆိုးရွားစွာ ပြတ်လပ်နေလေ၏။ သို့ရာတွင် အဆိုပါဒေသ၌ ကိုယ်ပိုင် အမှတ်အသားဖြင့် လက်ဆောင်ပစ္စည်းရှိသည်။ ကိဗ်မြို့နှင့် မတူသည့် စံတော်ချိန်လည်း ရှိလေသည်။

ဒွန်ဘက်စ်ဒေသမှ ပြည်သူများအကြားတွင် ကိဗ်အစိုးရအပေါ် မလိုမုန်းထားမှုများ ရှိနေသည်။ အမျိုးသားအစောင့်တပ်ကတော့ မုန်းတီးမှုအခံရဆုံး ဖြစ်သည်။ အဆိုပါတပ်မှာ ရမ်းသမ်း၍ အမြှောက်ဖြင့် ပတ်ခတ်သည်ဟု ပြည်သူများက စွပ်စွဲကြ၏။ လုပ်ခလစာနှင့် လာဘ်လာဘများ ပိတ်ပင်သွားမှုက စစ်သားအများစုကို မျှော်လင့်ချက်မဲ့သွားစေသည်။ တစ်ချိန်တည်းမှာပင် ဒွန်တက်စ် ပြည်သူ့သမ္မတနိုင်ငံမှ ၎င်းတို့အား မကူညီနိုင်ခြင်းကို ပြည်သူများက မကျေနပ်။ ထိုအစိုးရ၏ အခြေခံအဖွဲ့အစည်းများ မရှိခြင်းကိုလည်း ညည်းတွားကြလေသည်။ ဇူလိုင်လက မလေးရှားလေယာဉ် ပစ်ချခံလိုက်ရသည့် နေရာနှင့်နီးသည့် တိုရစ်ဇ်ကဲ့သို့ မြို့များတွင် အသေးစား ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။

ယူကရိန်း၏ နှစ်ခြမ်းကွဲမှုက ပိုအရုပ်ဆိုးလာပြီး ဒွန်ဘက်စ်မှ သာမန်ပြည်သူများကတော့ လက်လှုပ်မှ ပါးစပ်လှုပ်နိုင်မည့် အသက်ရှင်ရပ်တည်ရေးအတွက်သာ အာရုံစိုက်နေကြရသည်။ ပြီးခဲ့သည့် ၉ လအတွင်း ၎င်းတို့၏ဘ၀များကို အစိတ်စိတ်အမွှာမွှာဖြစ်စေခဲ့သာ တိုက်ခိုက်မှုများမှ လွတ်မြောက်သည့် နည်းလမ်းလည်း ၎င်းတို့တွင် မရှိကြ။

၎င်းတို့ထဲမှ ခါးကုန်းနေသည့် အသက် ၈၃ နှစ်အရွယ် အဖွားအိုတစ်ဦးက ဒွန်တက်စ်မြို့ရှိ နောက်ဆုံး ဖွင့်ခဲ့သော ယူကရိန်း ဘဏ်တစ်ခု၏ အရှေ့တွင် ရပ်နေပြီး အခြားသူများက အဆိုပါဘဏ်၏ တံခါးကို ထုရိုက်နေလေ၏။ နေမ၀င်ခင် ထိုဘဏ်မှာ ကွဲကြေပျက်စီးပေတော့မည်။

`အဘွားမှာ ပိုက်ဆံမရှိဘူးလေ။ စားစရာမရှိလို့ သေကောင်းသေသွားနိုင်တာပေါ့´

အဘွားအို၏ မျှော်လင့်ချက်မဲ့သော စကားပင်ဖြစ်လေ၏။

CNN မှ သတင်း ဆောင်ပါးကို လေးမောင်(M-Media) ဆီလျော်အောင်ဘာသာပြန်ဆိုသည်။

Leave a Reply