6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဒီဇင်ဘာ ၉ ၊ ၂၀၁၄
M-Media
frank-louie-janus-cat
– အမေရိကန်ပြည်ထောင်စု မက်ဆာချူးဆက်မှ  ဂင်းနစ်မှတ်တမ်းဝင် ဦးခေါင်း ၂ လုံးပါဝင်သည့် ကမ္ဘာ့ အသက်အကြီးဆုံး ကြောင်ကြီးမှာ ပြီးခဲ့သည့် တနင်္ဂနွေနေ့က ကင်ဆာရောဂါဖြင့် သေဆုံးသွားခဲ့သည်ဟု သိရသည်။

ဖရန်ကန်လူဝီဟု အမည်ရသည့် အဆိုပါကြောင်ကြီးမှာ သေဆုံးချိန်တွင် အသက် ၁၅ နှစ်ရှိပြီဖြစ်ပြီး ပိုင်ရှင်ဖြစ်သူ ၀ိုရက်စတာကမူ ဖရန်ကန်လူဝီ၏ ကျန်းမာရေး အခြေအနမှာ ပြီးခဲ့သည့် သီတင်းပတ် အတွင်းမှ စတင်၍ ဆိုးရွားလာခဲ့သည်ဟု ပြောကြားခဲ့သည်။ ဖရန်ကန်လူဝီဆိုသည့် အမည်မှာ တစ်ကောင်းချင်းဆီ၏ အမည်ဖြစ်သော ဖရန့်နှင့် လူဝီတို့ကို ပူးတွဲ၍ မှည့်ခေါ်ထားခြင်ဖြစ်သည်။

အဆိုပါ ကြောင်မျိုးကို ဂျာနပ်စ်ကြောင် မျိုးနွယ်ဟု သတ်မှတ်ထားပြီး ဖရန်ကန်လူဝီမှာ အရှည်ကြာဆုံး အသက်ရှင်နေထိုင်နိုင်သော ဦးခေါင်းနှစ်ခုပါ ကြောင်အဖြစ် ၂၀၁၂ ခုနှစ်က ဂင်းနစ် ကမ္ဘာစံချိန်တွင် မှတ်တမ်းဝင်ခဲ့သည်။

ဖရန်ကန်လူဝီတွင် မျက်လုံး သုံးလုံး၊ နှာခေါင်းနှစ်ခုနှင့် ပါးစပ်နှစ်ခု ပါဝင်ပြီး မျက်လုံး ၂ လုံးသာ မြင်နိုင်ကာ ပါးစပ် တစ်ခုမှသာ စားသောက်ခြင်းဖြစ်သည်။ ထို့ပြင် သာမန်ကြောင်များကဲ့သို့ အသက်ရှင်နေထိုင်ခဲ့သည်။ ဦးခေါင်းနှစ်ခု ဖြစ်ခြင်းမှာ သန္ဓေသား ဘ၀တွင် မျက်နှာဖွံဖြိုးမှုကို ဖြစ်စေသော ပရိုတိန်းများ ကမောက်ကမဖြစ်ခြင်းကြောင့်ဟု ဆိုသည်။

ဦးခေါင်း ၂ လုံးပါဝင်သည့် ဂျာနပ်စ် အနွယ်ဝင်ကြောင်များမှာ များသောအားဖြင့် အသက်ရှင်လေ့မရှိကြပဲ အသက်ရှင်လျင်လည်း ဆိုးရွားသော ကျန်းမာရေး ပြဿနာများကို ကြုံတွေ့ရပြီး သေဆုံးလေ့ရှိကြသည်။

independent

Leave a Reply