6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဒီဇင်ဘာ ၁၁ ။ ၂၀၁၄
M-Media

filistinli-bakan-killed
– အနောက်ဖက်ကမ်း ဆန္ဒပြမှုအတွင်း သေဆုံးသွားခဲ့သည့် မိမိတို့၏ ၀န်ကြီး ဇိုင်အဒ် အဘူအင်အား အစ္စရေးစစ်သားက သတ်ပစ်ခဲ့ခြင်းဖြစ်ပြီး ထိုလုပ်ရပ်မှာ ရာဇ၀တ်မှုမြောက်ပြီး ရိုင်းစိုင်းသော လုပ်ရပ်ဖြစ်သည်ဟု ပါလက်စတိုင်း သမ္မတ မဟ်မူးဒ် အဘတ်စ်က ပြောကြားလိုက်သည်။

ပါလက်စတိုင်းပိုင် အနောက်ဘက်ကမ်းခြေတွင် အစ္စရေးက တရားမ၀င်အိမ်ရာများ ဆောက်လုပ်မှုကို ကန့်ကွက်သည့်အနေဖြင့် ဒီဇင်ဘာ ၁၁ ရက်နေ့က ပြုလုပ်ခဲ့သော ဆန္ဒပြမှုအတွင်း အစ္စရေး စစ်တပ်မှ အရာရှိတစ်ဦးက ပါလက်စတိုင်း ကတ်ဘိနတ် အဖွဲ့ဝင်ဖြစ်သော အဘူအင်၏ လည်မြိုကို ညှစ်ခဲ့ပြီးနောက် အဘူအင်မှာ သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။

ထိုကိစ္စအတွက် တုံ့ပြန်မှုပြုလုပ်ရန် အဘတ်စ်မှာ အစိုးရအရာရှိများ၊ ပါလက်စတိုင်း လွတ်မြောက်ရေး အဖွဲ့တို့နှင့် ယမန်နေ့က တွေ့ဆုံဆွေးနွေးခဲ့ပြီး နည်းလမ်းအားလုံးကို ဖွင့်ထားသည်ဟု ပြောကြားခဲ့သည်။

ပါလက်စတိုင်းများနှင့် နိုင်ငံရပ်ခြားမှ တက်ကြွလှုပ်ရှားသူများ ပါဝင်သော အဆိုပါ ဆန့်ကျင်ဆန္ဒပြမှုကို အစ္စရေးရဲတပ်ဖွဲ့ မျက်ရည်ယိုဗုံးများ၊ အသံဗုံးများ အသုံးပြုကာ ဖြိုခွင်းခဲ့သည်။

ထိုအဖြစ်အပျက်ကို ရိုက်ထားသော ဗီဒီယိုတွင် အဘူအင်မှာ ရဲတပ်ဖွဲ့အား မည်သည့် တိုက်ခိုက်မှုမှ မပြုလုပ်ခဲ့ဘဲ ရဲအရာရှိတစ်ဦးက ၎င်း၏ လည်ပင်းကို ညှစ်ခဲ့ပြီးနောက် မူးမေ့လဲကျသွားခဲ့ကာ ဆေးရုံသို့ ပို့ဆောင်နေစဉ်အတွင်း သေဆုံးခဲ့ရသည်။

ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သူ တစ်ဦးကမူ အစ္စရေးရဲများမှာ အဘူအင်ကို ဆိုင်ကယ်ဦးထုပ်ဖြင့် ရိုက်ခဲ့သည်ဟုလည်း ပြောကြားခဲ့သည်။

ထိုအဖြစ်အပျက်တွက် အစ္စရေးကာကွယ်ရေးဝန်ကြီး မိုရှေ ယာလွန်က တောင်းပန် ခဲ့ပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်ဟု ဆိုသည်။

Al Jazeera and agencies

Leave a Reply