ဒီဇင်ဘာ ၁၃ ၊ ၂၀၁၄
M-Media
– ထင်ရှားတောက်ပသော ကစားသမားတစ်ဦးဖြစ်လာရန် တစ်ထောင့်တစ်နေရာမှ ပါဝင်ကူညီခဲ့ကြသော အသင်းဖော်များအား ကျေးဇူးတင်သည့်အနေဖြင့် ပေါင် ၆၅၀၀ တန် နာရီတစ်လုံးစီကို ရီးယဲလ်တိုက်စစ်မှူးရော်နယ်ဒိုက လက်ဆောင် ပေးအပ်ခဲ့သည်ဟု သိရသည်။
ရီးယဲလ်တွင်ရှိနေသည့် ၅ နှစ်တာကာလအတွင်း ရော်နယ်ဒိုမှာ အောင်မြင်သရဖူဆောင်းနိုင်ခဲ့ပြီး တစ်ဦးချင်းဆုများနှင့်အတူ ဆုဖလားများစွာကို ဆွတ်ခူးနိုင်ခဲ့သည်။
ထိုကဲ့သို့ ဆွတ်ခူးနိုင်ရန်အတွက် အသင်းဖော်များ၏ ကူညီပံ့ပိုးပေးမှုက အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့သောကြောင့် ရော်နယ်ဒိုက ယခုကဲ့သို့ အသိတ်အမှတ်ပြု လက်ဆောင်ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါနာရီမှာ နာမည်ကျော် Bulgari အမျိုးအစား နာရီဖြစ်ပြီး နာရီ၏ နောက်ဘက်အဖုံးတွင် ရီးယဲလ်မက်ဒရစ် ၁၀ ကြိမ်မြောက် ချန်ပီယံလိဂ်ဖလားရရှိသည့် အထိမ်းအမှတ်အဖြစ် La Decima ဟူသော စာသားကိုလည်းကောင်း ရော်နယ်ဒို၏ ကိုယ်ပိုင်အမှတ်အသားဖြစ်သည့် CR7 ကိုလည်းကောင်း လက်ဆောင်ရရှိမည့် အသင်းသား၏ အမည်နာမကိုလည်းကောင်း ထည့်သွင်း ရေးသားထားသည်။
အဆိုပါနာရီကို ရရှိပြီးနောက် အသင်း၏နောက်ခံလူ အာဘီလိုအာက ဆိုရှယ်မီဒီယာတွင် ပထမဆုံး ထုတ်ကြွားခဲ့သည်။
Leave a Reply
You must be logged in to post a comment.